လေယာဉ်စီးနင်းမယ့် ခရီးသည်တွေ မှားတတ်ကြတဲ့ အမှား ၁၆ မျိုး

၁။ လေကြောင်းခရီးစဉ်ဖျက်သိမ်းလို ဂိတ်ပေါက်မှာပဲ ဆက်ထိုင်စောင့်နေတာ။

လေကြောင်းခရီးစဉ်ဖျက်သိမ်းလိုက်လို့ စိတ်ပျက်နေမယ့်အစား လေကြောင်းလိုင်းကုမ္ပဏီကို တိုက်ရိုက်ဖုန်းဆက်ပြီး စုံစမ်းမေးမြန်းတာက လက်မှတ်ကောင်တာက အရောင်းဝန်ထမ်းကို မေးတာထက်ပိုမြန်ပါတယ်။

၂။ ခရီးသည်အရမ်းများလို့ စိတ်မရှည်တာ။

ပုံမှန်အားဖြင့် တနင်္လာမနက်ပိုင်းနဲ့ သောကြာညနေပိုင်းတွေဟာ လေဆိပ်မှာ ခရီးသည်များပြားတဲ့အချိန်ဖြစ်ပါတယ်။ ခရစ္စမတ်နဲ့နှစ်သစ်ကူးကာလရုံးပိတ်ရက်တွေဆိုရင် လူပိုများတတ်တဲ့အတွက် လေဆိပ်လုံခြုံရေးဂိတ်မှာ အကြာကြီးစောင့်ရပါတယ်။

၃။ ရှိသမျှလေယာဉ်လက်မှတ်တွေရောင်းထားပြီး ခရီးသည်တွေမတင်နိုင်တဲ့အခါ။

ဒီလိုအခြေအနေမျိုးမှာ သင့်ကို လေကြောင်းလိုင်းတွေက လေယာဉ်လက်မှတ်တစ်စောင်ပြန်ပေးပါလိမ့်မယ်။ သင်က ခရီးခဏခဏမထွက်ဖြစ်ရင် လေယာဉ်လက်မှတ်အစား ငွေသားပဲပြန်တောင်းပါ။ ခရီးသည်တစ်ဦးရဲ့ အခွင့်အရေးကို အပြည့်အဝအသုံးချပါ။

၄။ လေယာဉ်နောက်တစ်စီးပြောင်းမစီးခင်မှာအပြည့်အဝအနားမယူတာ။

ခရီးသွားနေကျမဟုတ်တဲ့ ခရီးသည်တွေဆိုရင်တောင်မှ လေယာဉ်နောက်တစ်စီးမစီးခင်မှာအမေရိကန်ဒေါ်လာ ၆၀ ဝန်းကျင်ကျသင့်မယ့် Admirals Club ၊ Sky Club ၊ United Club စတဲ့ Lounge တွေမှာ ကိုယ်လက်သန့်စင်၊ အစာစား၊ Wifi သုံးရင်း စိတ်အေးလက်အေးအနားယူသင့်ပါတယ်။

၅။ လေယာဉ်ထွက်ချိန်မတိုင်ခင် Check-in မလုပ်တာ။

လေဆိပ်မှာ အချိန်ကုန်သက်သာအောင် Check-in ကြိုလုပ်တာက ထိုင်ခုံကောင်းကောင်းရနိုင်သလို တခြားခရီးစဉ်တွေပါ သွားခွင့်ရမှာဖြစ်ပါတယ်။ အစီအစဉ်တွေကတော့ သင့်ရဲ့ Credit Card အမျိုးအစားပေါ်မှာ မူတည်ပါတယ်။

၆။ လေယာဉ်မူးမှာစိုးပြီး အဆင့်မြင့်ခုံတွဲမှာထိုင်တာ။

လေယာဉ်ပေါ်မှာ နေထိုင်မကောင်းဖြစ်တတ်ရင်တော့ လေယာဉ်ကိုယ်ထည်အလယ်ပိုင်းမှာထိုင်တာ အကောင်းဆုံးပါပဲ။

၇။ ခရီးဆောင်အိတ်တွေရဲ့ အလေးချိန်ကိုမတိုင်းထားတာ။

လေကြောင်းလိုင်းတစ်ခုနဲ့ တစ်ခုရဲ့ခရီးဆောင်အိတ်အလေးချိန်အကန့်အသတ်က မတူညီတဲ့အတွက်ပစ္စည်းတွေကို လိုသလောက်ပဲသယ်တာကောင်းပါတယ်။ ပစ္စည်းတွေအများကြီးထည့်မိရင်တော့ လေဆိပ်မသွားခင် အိတ်ရဲ့အလေးချိန်ကို ပြန်တိုင်းကြည့်ပါ။

၈။ Airport Monitor တွေနဲ့ လေယာဉ်ခရီးစဉ်တွေမစစ်ကြည့်တာ။

သင့်လက်ကိုင်ဖုန်းထဲကနေ Subscribe လုပ်ပြီး လေယာဉ်အချိန်တွေကြည့်တာ လွယ်ကူမြန်ဆန်ပေမယ့် လေဆိပ်မှာရှိတဲ့ Airport Monitor တွေက ပိုပြီးစိတ်ချရပါတယ်။

၉။ သင့်လက်ကိုင်အိတ်ထဲမှာ ရေဘူးတွေသယ်လာတာ။

၃.၄ အောင်စလောက်ပဲရှိတဲ့ ရေဘူးအသေးလေးကို လက်ကိုင်အိတ်ရဲ့အပြင်အိတ်မှာထည့်တာ ပိုအဆင်ပြေပါတယ်။ Laptop နဲ့ Tablet တွေလည်း ထိုနည်းလည်း ကောင်းပါပဲ။

၁၀။ နိုင်ငံရပ်ခြားလေယာဉ်ပေါ်မှာဘောပင်လ်မေ့ကျန်ခဲ့တာ။

နိုင်ငံရပ်ခြားခရီးသွားတယ်ဆိုရင် လေယာဉ်ပေါ်မှာ လိုအပ်တဲ့ အချက်အလက်တွေဖြည့်ဖို့ ဘောပင်လ်တစ်ချောင်း မဖြစ်မနေဆောင်ထားပါ။

၁၁။ သင့်ကလေးကို ပေါင်ပေါ်တင်ပြီးလေယာဉ်စီးတာ။

လေကြောင်းလိုင်းတော်တော်များများက သင့်ကလေးကို ပေါင်ပေါ်တင်ပြီး လေယာဉ်အခမဲ့စီးခွင့်ပေးပေမယ့် အန္တ ရာယ်အရမ်းများပါတယ်။ ကလေးတွေအနေနဲ့ FAA အသိအမှတ်ပြုထိုင်ခုံနဲ့ထိုင်တာ ဘေးအကင်းဆုံးပါပဲ။

၁၂။ တကယ်လိုအပ်တဲ့ပစ္စည်းတွေကို လက်ကိုင်အိတ်ထဲထည့်မထားတာ။

ဆေးဝါး၊ ဖုန်းအားသွင်းကြိုး၊ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ၊ လဲလှယ်ဖို့အဝတ်အစားတွေကို လက်ကိုင်အိတ်ထဲမှာ အသင့်ထည့်ထားသင့်ပါတယ်။

၁၃။ နေရောင်ကာ ခရင်မ်မလိမ်းတာ။

ပေသုံးသောင်းအမြင့်ပေမှာ တစ်နာရီကြာ ပျံသန်းမောင်းနှင်တဲ့ လေယာဉ်မှူးတွေတောင်မှ မိနစ် ၂၀ ကြာ နေပူစာလှုံထားသလိုမျိုး ခရမ်းလွန်ရောင်ခြည်ဒဏ်ခံရပါတယ်။ ဒီတော့ နေရောင်ကာခရင်မ်လိမ်းထားတာအကောင်းဆုံးပါပဲ။

၁၄။ ရေအိမ်ကို လေဆိပ်မှာအသုံးပြုတာအကောင်းဆုံးပါ။

လေယာဉ်ပေါ်မတက်ခင်ကတည်းက လေဆိပ်မှာ ကိစ္စကို ရှင်းခဲ့တာအကောင်းဆုံးပါ။
လေယာဉ်ထွက်ဖို့အားလုံးက အဆင်သင့်ဖြစ်နေချိန် pre-takeoff အခြေအနေမှာ လေယာဉ်ရဲ့ရေအိမ်ကို ခရီးသည်တစ်ယောက်ယောက်က သုံးနေတဲ့အခါ စောင့်နေရတတ်ပါတယ်။ ဘာကြောင့်စောင့်ရတာလဲဆိုတော့ လေယာဉ်စတင် မပျံသန်းခင်မှာ အစီအစဉ်အလိုက်လုပ်ရတဲ့ လုပ်ငန်းဆောင်တာတွေရှိပါတယ်။ အဲဒီလိုအချိန်မှာ ခရီးသည်အားလုံးက ခါးပတ်ပတ်ပြီးထိုင်ခုံတွေမှာ နေရာအသီးသီးယူပြီးမှ တစ်ယောက်ယောက်က ရေအိမ်ထသွား၊ ထသုံးနေခဲ့ရင် လေယာဉ်မောင်/မယ်တွေက လေယာဉ်မှူးအခန်းကို အရင်သတင်းပို့ကာ၊ လေယာဉ်မပျံသန်းဘဲ အဲဒီရေအိမ်သုံးသူပြီးအောင် စောင့်ရပါတယ်။ ပြီးတော့မှ လေယာဉ်စတင်ပျံသန်းနိုင်ပါတယ်။ လေယာဉ်ခရီးစဉ်တစ်ခုလုံးက အချိန်နဲ့အစဉ်လိုက် Timing ကိုက်လုပ်ဆောင်ရတာဖြစ်လို့ တစ်ယောက်ယောက်ကို စောင့်ရပြီဆိုရင် တစ်စီးလုံးအချိန်ဖင့်နှေးပါတယ်။ ဒါကိုဆိုလိုချင်တာပါ။

ဒါကြောင့် လေယာဉ်ပေါ်ကရေအိမ်က အရေးပေါ်အခြေအနေနဲ့ အချိန်ကြာမြင့်စွာစီးရတဲ့ ခရီးစဉ်တွေအတွက်သာ သုံးတာကောင်းပါတယ်။ အဓိကအကြောင်းရင်းကလည်း နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ သန့်ရှင်းရေးနဲ့ ဒုတိယတစ်ချက်ကတော့ safety ဖြစ်ပါတယ်။ သန့်ရှင်းရေးကတော့ လေယာဉ်ခရီးစဉ်တချိန်လုံးမှာ တစ်ယောက်ရေအိမ်သုံးပြီးတိုင်း တစ်ခါသန့်ရှင်းရေးလုပ်တာမျိုးမရှိပါဘူး။ ပြီးတော့ ရေအိမ်တစ်ခုတည်းကို ခရီးသည်အများကြီးက ဝိုင်းသုံးကြတာပါ။ Safety မှာတော့ လေယာဉ်ပေါ်မှာ ခါးပတ်ပတ်ထားရမယ့်အချိန်နဲ့ ဖြုတ်ထားလို့ရတဲ့အချိန်တွေရှိပါတယ်။ ခါးပတ် ပတ်ထားရမယ့်အချိန်မှာ ထသွားရင် ကိုယ့်မှာပဲ လဲကျတာလို၊ တိုက်မိထိခိုက်မိတာလို အခြေအနေတွေ ကြုံလာရနိုင်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ လေယာဉ်မှူးနဲ့ လေယာဉ်မောင်/မယ်တွေ အကြံပေးတာက လေယာဉ်ပေါ်ရောက်တဲ့အခါ ရေအိမ်ကို လေယာဉ်စမထွက်ခင် (စက်မနှှိုး ဘီးမလှိမ့်ခင်) ၊ လေယာဉ်ထွက်ပြီး seat-belt sign ပိတ်သွားတဲ့အချိန်၊ လေယဉ်ဆင်းသက်မှုလုပ်မယ်လို့ မကြေညာခင် စတဲ့အချိန်တွေအတွင်းမှာပဲ အသုံးပြုဖို့ပါပဲ။

၁၅။ လေဆိပ် Terminal က ကော်ဖီမယူခဲ့မိတာ။

လေယာဉ်ပေါ်က ရေသန့်တွေမှာ ဘက်တီးရီးယားပိုးမွှားပါဝင်မှုနှုန်းများတဲ့အတွက် လေဆိပ် Terminal က ကော်ဖီ၊ ရေဘူးတွေကို သယ်သွားတာ အကောင်းဆုံးပါပဲ။

၁၆။ ခရီးဆောင်အိတ်ပျောက်လို့ စိတ်ဆင်းရဲတာ။

ပျောက်သွားတဲ့ ခရီးဆောင်အိတ်၊ အသုံးအဆောင်ပစ္စည်းတွေအတွက် လေကြောင်းလိုင်းတွေက အမေရိကန်ဒေါ်လာ ၃၄၀၀ ကျော်အထိ ပေးချေနိုင်ကြပါတယ်။ ခရီးဆောင်အိတ်၊ အသုံးအဆောင်ပစ္စည်းတွေပျောက်ခဲ့ရင် သက်ဆိုင်ရာကိုချက်ချင်းအကြောင်းကြားပါ။