လုပ်ငန်းတစ်ခုယှဉ်ပြိုင်ရပ်တည်နိုင်စွမ်းရှိစေမယ့် နည်းလမ်း ၇ ခု

ပြိုင်ဆိုင်မှုတွေအမြဲရှိနေတဲ့ကမ္ဘာကြီးမှာ ကိုယ့်ရဲ့လုပ်ငန်းကအများနဲ့မတူဘဲ ရပ်တည်နိုင်ဖို့ကခက်ခဲပါတယ်၊ ဒါပေမဲ့ မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ Pepsi နဲ့ KFC တို့လို နာမည်ကြီးအမှတ်တံဆိပ်တွေကို လေ့လာကြည့်လိုက်ပါ။ သူတို့ကကိုယ်ပိုင်ရပ်တည်ချက်ကို တည်ဆောက်ထားနိုင်ပြီး ဈေးကွက်ရဲ့ဝေစုကိုဆုပ်ကိုင်ထားနိုင်ပါပြီ။ အကျိုးရှိရှိနဲ့ အများနဲ့မတူအောင် ရပ်တည်နိုင်ဖို့က လုပ်ငန်းငယ်လေးတွေရင်ဆိုင်ရတဲ့ ပြဿနာကြီးတွေထဲကတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကလုပ်ငန်းကြီးတွေနဲ့ ယှဉ်ပြိုင်ရတဲ့အတွက်ဖြစ်ပါတယ်။ အောက်ဖော်ပြပါနည်းလမ်းခုနစ်ခုက လုပ်ငန်းတွေအများကြီးထဲမှာ လုပ်ငန်းတစ်ခုကိုရပ်တည်နိုင်ဖို့ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

၁။ ဖောက်သည်တွေကို ထူးခြားကောင်းမွန်တဲ့ ဝန်ဆောင်မှုကိုပေးပါ။

လုပ်ငန်းတစ်ခုက ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းအမျိုးအစား မဟုတ်ရင်တောင် ကိုယ့်ရဲ့ဖောက်သည်တွေကို ကောင်းမွန်စွာဆက်ဆံပေးပါ။ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေမှာပဲ ဖောက်သည်တွေကို ဝန်ဆောင်မှုပေးတာက အရေးကြီးတယ်ဆိုတဲ့ခံယူချက်က မမှန်ကန်ပါဘူး။ ဖောက်သည်တွေ အားလုံးကဝန်ဆောင်မှုကောင်းကောင်းကိုပဲ မျော်လင့်ကြပါတယ်။ အချိန်အကြာကြီး တန်းစီစောင့်ဆိုင်းရတာမျိုး၊ ကိုယ်စားလှယ်တွေဆီကနေ မချေမငံဆက်ဆံခံရတာမျိုးတွေကို မကြိုက်ပါဘူး။ ဖောက်သည်တွေအပေါ်ပေးတဲ့ ဝန်ဆောင်မှုကို ကုမ္ပဏီတစ်ခုရဲ့အရည်အသွေးကို စမ်းသပ်လို့ရတဲ့ မှတ်ကျောက်အစစ်တစ်ခုအဖြစ် သဘောထားတယ်လို့ တော်တော်များများက ပြောကြပါတယ်။

၂။ အမှားတွေဝန်ခံပြီး ပြဿနာတွေကို ဖြေရှင်းပါ။

ဖောက်သည်တွေက သူတို့ရဲ့အတွေ့အကြုံနဲ့ အမှတ်တံဆိပ်နဲ့တန်းတူသဘောထားပါတယ်။ သူတို့ကို မဖြေရှင်းပေးသေးတဲ့ မကောင်းတဲ့အတွေ့အကြုံတစ်ခုခုရှိထားတယ်ဆိုရင် အဲဒီအမှတ်တံဆိပ်ကို နာမည်ပျက်အောင် လုပ်ပါလိမ့်မယ်။ မကောင်းသတင်းက လူမှုကွန်ရက်နဲ့ တစ်ဆင့်ပြောစကားတွေကတစ်ဆင့် တောမီးလိုပျံ့နှံ့လွယ်ပါတယ်။ ဒါကြောင့် ဖောက်သည်တွေရဲ့ အတွေ့အကြုံတွေကို တိုးတက်အောင်လုပ်ပါ။ အဓိကအချက်က ကိုယ့်ရဲ့အမှား ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အမှားတွေကိုလက်ခံပါ။ ဖောက်သည်တွေက အမှားတွေကိုတာဝန်ယူပြီး အမှန်ပြင်ပေးတဲ့ လုပ်ငန်းတွေကို ပိုကြိုက်ကြပါတယ်။ အမှန်တကယ်တော့ ကောင်းကောင်းဖြေရှင်းနိုင်မယ်ဆိုရင် ပြဿနာမဖြစ်ခင်ကထက် ပြဿနာဖြစ်ပြီးမှ ဖောက်သည်နဲ့ဆက်ဆံရေးက ပိုပြီးခိုင်မာသွားနိုင်ပါတယ်။

၃။ ကိုယ့်ရဲ့ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေအပေါ်မှာ ရိုးသားပါ။

ရိုးသားမှုက အကောင်းဆုံးမူဝါဒတင်မဟုတ်ပါဘူး၊ ကိုယ့်ရဲ့အဓိကမူဝါဒလည်း ဖြစ်သင့်ပါတယ်။ သတ်မှတ်ထားတဲ့ရက်မှာ မပို့နိုင်ဘူးလား။ ဒါဆို ဖုန်းဆက်ပြီး ဖောက်သည်ကို အသိပေးလိုက်ပါ။ ဖောက်သည်ကိုလိမ်ညာတာက ကိုယ့်ကိုယ်ကိုယ် ပြဿနာထဲရောက်အောင်လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ ကိုယ့်ဖောက်သည်က ကိုယ်လိမ်ညာတာကို မိသွားရင် ကိုယ့်အပေါ်သူတို့ရဲ့ယုံကြည်မှုကို ဆုံးရှုံးမယ်၊ကိုယ့်လုပ်ငန်းနဲ့ပတ်သက်ပြီး မကောင်းသတင်းလည်း ထွက်မယ်။ လုပ်ငန်းတွေမှာရိုးသားမှုမရှိတဲ့ အချက်တစ်ချက်က သတင်းဆိုးတွေကို မကြေညာတာပဲဖြစ်ပါတယ်။

၄။ အသစ်တွေကို ဖန်တီးပါ။

ပေါ်ထွက်လာတဲ့ နည်းပညာတွေကို မှီငြမ်းပြီး အသစ်သစ်သော လုပ်ငန်းစဉ်တွေ၊ ထုတ်ကုန်တွေနဲ့ နည်းလမ်းတွေကို မိတ်ဆက်ရင်းနဲ့ ကိုယ့်ကုမ္ပဏီကို ဆက်လက်ပြန်ဆန်းသစ် ပါ။ ဥပမာဆိုရင် လူမှုကွန်ရက်နဲ့ မိုဘိုင်းဖုန်းအက်ပလီ ကေးရှင်းတွေကို အသုံးချပါ။ ဘာလို့လဲဆိုတော့ ဖောက်သည်တော်တော်များများက မိုဘိုင်းဖုန်းကတစ်ဆင့်ကိုယ့်ကုမ္ပဏီ ကိုရှာရတာကို သဘောကျလို့ပါ။ တစ်မူထူးခြားတဲ့အတွေး လေးတွေက သင့်လုပ်ငန်းကို ပိုမိုလူသိများစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ ပိုပြီးအကျိုးရှိဖို့က သင့်ရဲ့ထုတ်ကုန်နဲ့ ဝန် ဆောင်မှုကို သာမန်ထက်ပိုကောင်းနေဖို့လိုပါတယ်။

၅။ လူမှုအကျိုးပြုလုပ်ငန်းတွေကိုလုပ်ဆောင်ပါ။

ကုမ္ပဏီတစ်ခုအနေနဲ့ အဓိကတာဝန်ရှိတာက ဖောက်သည် တွေ၊ ဝန်ထမ်းတွေနဲ့ အလုပ်ရှင်တွေအပါအဝင် ယင်းရဲ့ အဓိကရှယ်ရာရှင်တွေကို ဂရုစိုက်ဖို့ပါလို့ တချို့ကပြောကြ သလို ပညာရှင်တွေကလည်း လုပ်ငန်းတွေအနေနဲ့ လူ့ အဖွဲ့အစည်းကိုလည်း ပြန်ပြီးအကျိုးပြုသင့်တယ်လို့ ယုံ ကြည်ကြပါတယ်။ ငြခမသျသ်အ ကုမ္ပဏီကို လေ့လာကြည့် မယ်ဆိုရင် သူ့မှာကောင်းမွန်တဲ့ လူမှုအကျိုးပြုလုပ်ငန်း အစီအစဉ်တွေရှိတယ်။ ဒါက လူ့အဖွဲ့အစည်းကို အထောက်အကူဖြစ်သလို သူတို့ရဲ့ ကုမ္ပဏီကိုလည်း လူသိ များစေပါတယ်။ လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်တွေက လုပ်ငန်းတွေကို ဖောက်သည်တွေရဲ့ စိတ်အာရုံထဲမှာ ကျန် ရှိနေစေပြီး စိတ်ကောင်း၊ စေတနာကောင်းကိုလည်း တိုးတက်စေတယ်၊ ဝင်ငွေအနေနဲ့လည်း ပိုဝင်လာနိုင်ပါတယ်။

၆။ ကိုယ်ပိုင် Blog စရေးပါ။

အနာဂတ်ကို ကြိုပြီးစဉ်းစားတတ်တဲ့ ကုမ္ပဏီအများစုက Blog ရေးတာကနေရတဲ့ အကျိုးကျေးဇူးတွေနဲ့ မစိမ်းကြပါ ဘူး။ ကိုယ့်ရဲ့အတွေးအခေါ်၊ အယူအဆလေးတွေကို မျေ၀ ပေးချင်တဲ့ စိတ်ကူးရှိရင် Blog ရေးကြည့်ပါ။ အကြောင်းအ ရာတစ်ခုကို ကိုယ်ကိုယ်တိုင်ရွေးချယ်ရေးပြီးတော့ ကိုယ့်ဝန်ထမ်းတွေကိုလည်း သူတို့ရဲ့အတွေးကို ပုံမှန်ထည့်ဝင်ရေးခိုင်းလို့ရပါတယ်။ သတိထားရမှာက ကိုယ့် Blog ထဲမှာ အကျိုးရှိတဲ့ အကြောင်းအရာတွေကိုပဲ ရေးဖို့လိုပါတယ်။ တွေးစရာ၊ ရယ်စရာနဲ့ ပညာပေးအကြောင်းအရာတွေက စာဖတ်ပရိသတ်ကို ဆွဲဆောင်နိုင်မှာဖြစ်ပြီး ထုတ်ကုန် Promotion လုပ်တဲ့ အကြောင်းအရာတွေပဲဖြစ်နေမယ်ဆိုရင်တော့ စာဖတ်ပရိသတ်ရှိမှာမဟုတ်ပါဘူး။

၇။ အာမခံပေးပါ။

ပစ္စည်းတစ်ခုကို နောက်နေ့မှာ ပို့ပေးနိုင်မယ်လို့ အာမခံနိုင်လား။ ကိုယ်ရောင်းတဲ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုမှာ ၁၀၀ ရာခိုင်နှုန်းယုံကြည်ချက်ရှိလား။ ရှိတယ်ဆိုရင် အာမခံ လိုက်ပါ။ ကိုယ့်ရဲ့ထုတ်ကုန်ရောင်းချချိန်မှာ ဒီလိုမျိုးအာမခံထပ်ထည့်ပေးတာက ဖောက်သည်တွေနဲ့ ရှေ့အလားအလာပေါ်မှာ သူတို့ရဲ့စိတ်ကျေနပ်မှုကို ဂရုစိုက်တယ်ဆိုတာကို ပြသပါတယ်။ ကိုယ်သတိထားရမယ့် အချက်တစ်ခုက အာမခံပေးထားပြီးရင်တော့ အချိန်ကျရောက်လာတဲ့အခါ အမှန်တကယ်လုပ်ဆောင်ပေးရပါမယ်။