လုပ်ငန်းခွင်ထဲကို စပြီးရောက်လာတဲ့သူတစ်ယောက်အနေနဲ့ ဆောင်ရန်၊ ရှောင်ရန်နဲ့ အမှားအနည်းဆုံး ဖြစ်အောင်

(၁)လုပ်ငန်းခွင်ထဲစပြီး ဝင်ရောက်တာနဲ့ လူကြီးလူငယ် လူလတ်၊ အနုအရင့် မှန်သမျကို စိတ်သဘောထား (Attitude) အမှန်၊ အဖြောင့်နဲ့ ကြည့်နိုင်၊ မြင်နိုင် ဆက်ဆံနိုင်ရမယ်။ (ဒါက ‘ဆောင်’ ဖို့)

(၂) ကိုယ့်အလုပ်ပေါ် ကိုယ့်Professional Skill ကို အစွမ်းကုန်အသုံးချရမယ်။ (ဒါက ‘ဆောင်’ ဖို့)

(၃) အများနဲ့ လက်တွဲဆောင်ရွက်ရတဲ့အတွက် သဘောထားမတူညီမှုတွေရှိလာရင်လည်း အတတ်နိုင်ဆုံး သည်းခံခွင့်လွှတ်နားလည်ပေးတတ်ရပါမယ်။(ဒါက ‘ဆောင်’ ဖို့) (‘အတတ်နိုင်ဆုံး’ လို့ သုံးထားတာကိုသတိပြုပါ)

(၄) လုပ်ငန်းခွင်အတွင်း/အပြင်မှာ Ethics ကို အစွမ်း ကုန်စောင့်ထိန်းရပါမယ်။ (ဒါက ‘ဆောင်’ ဖို့)

(၅) မိမိအလုပ်ရှင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် ဘယ်လို နည်းနဲ့မှ သစ္စာမဖောက်ရပါ။ (ဒါက ‘ရှောင်’ ဖို့)

(၆) အထူးသဖြင့် လူမှုရေးကိစ္စနဲ့ ငွေရေးကြေးရေးကိစ္စတွေ မှာ အကျင့်သိက္ခာ မပျက်စေရပါ။(ဒါက ‘ရှောင်’ ဖို့)

‘အမှား’ကတော့ အလုပ်လုပ်ရင်း မေးခွန်းရှင်အနေနဲ့ သေချာပေါက် တွေ့ရမှာပဲ။ အရေးကြီးတာက ‘မှား’ သွားရင် ချက်ချင်းဝန်ခံလိုက်ပြီးမီရာက ချက်ချင်းအမှန်ကို မြင်တတ်ဖို့ပဲ။ ဒါဆို ‘အမှား နည်းသွားပါလိမ့်မယ်။

CEO စီပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်းကို အိမ်အရောက်ပို့ဖြင့် ၆ လစာ၊ ၁ နှစ်စာမှာယူ၍ ဖတ်ရှု့နိုင်ပါသည်။