လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုတွေအတွက် သိရှိရမယ့် ကျင့်ဝတ်စည်းမျဉ်းတချို့

အပြုသဘောဆောင်တဲ့ ထင်မြင်ချက်တွေဖြစ်အောင်ပြုလုပ်ပါ။ သင်ဟာ ဘယ်လိုလူမျိုးလဲဆိုတဲ့အပေါ် တခြားလူတွေရဲ့ထင်မြင်ချက်က လုပ်ငန်းလောကမှာ အရေးပါပါတယ်။ တခြားလူတွေနဲ့ ပထမဆုံးတွေ့ဆုံချိန် ခဏလေးကနေ ပထမဆုံး ထင်မြင်ချက် (First Impressions)ဆိုတာ ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် သင်ဟာ အရည်အချင်းပြည့်ဝတဲ့သူတစ်ယောက်အဖြစ် First Impressions ကောင်းအောင်ပြုလုပ်နိုင်မယ့် အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တစ်ဖက်လူနဲ့စကားပြောတဲ့အခါမှာ ခန္ဓာကိုယ်ကိုမတ်မတ်ရပ်၊ မျက်လုံးချင်းဆုံပြီးပြောဆိုပါ။ နောက်ပြီး အရိုး သားဆုံး ပြုံးပြဖို့လည်းမမေ့ပါနဲ့။

၂။ ရုံးကို စောစောရောက်အောင်သွားပါ။ ရုံးကသတ်မှတ်ထားတဲ့ အဝတ်အစားပုံစံအတိုင်းဝတ်ဆင်ပါ။

၃။ သင့်ရဲ့ပုံရိပ်ကိုကိုယ်စားပြုမယ့် နောက်ထပ်အရာတစ်ခုက သင့်ရဲ့လက်ဆွဲအိတ်ပါ။ သင်ရုံးတက်ရင် ယူဆောင်လာမယ့် သင့်ရဲ့အိတ်ကမျက်စိရှုပ်စရာ ဖြစ်နေရင်လည်း သင့်ရဲ့ပုံရိပ်ကို မှေးမှိန်စေမှာပါ။

၄။ တစ်စုံတစ်ယောက်နဲ့ ပထမဆုံးတွေ့ဆုံတဲ့အခါမှာ မြဲမြံတဲ့လက်တစ်စုံနဲ့ ညင်ညင်သာသာ လက်ဆွဲနှုတ်ဆက်ဖို့ မမေ့ပါနဲ့။

၅။လုပ်ငန်းခွင်ထဲမှာအိပ်ချင်တဲ့ပုံစံက ကိုယ့်ရဲ့သွင်ပြင်ကိုဆိုးရွားစေတာကြောင့် သတိရှိသင့်ပါတယ်။

၆။ ယဉ်ကျေးတဲ့စကားအသုံးအနှုန်းနဲ့ လောကွတ်စကားတွေဆိုပါ။

၇။ လူအများနဲ့ ဆက်ဆံရေးကောင်းအောင်တည်ဆောက်ပါ။

၈။ လုပ်ငန်းခွင်ထဲမှာ တခြားလူတွေနဲ့ ပြောဆိုရတဲ့အခါ ဆက်ဆံရေးကောင်းတယ်လို့ နာမည်ရစေမယ့် ကောင်းကွက်လေးတွေကတော့ နာမည်တွေကို မှတ်မိထားသင့်ပါတယ်။ နာမည်တွေကို မှတ်မိနေစေမယ့် နည်လမ်းကောင်းတစ်ခုက သူတိုနဲ့ စကားအပြန် အလှန်ပြောဆိုနေချိန်မှာ သူတို့ရဲ့နာမည် အတိုကောက်ကိုပဲဖြစ်ဖြစ် သုံးခါလောက်သုံးပြီး စကားပြောပေးပါ။ နာမည်ကိုချရေးတာဖြစ်ဖြစ်၊ Name Card တောင်းတာဖြစ်ဖြစ် လုပ်နိုင်ပါတယ်။

၉။ လုပ်ငန်းခွင်ထဲမှာ တခြားလူတွေရဲ့အရေးပါမှုကို တန်ဖိုးမဖြတ်ပါနဲ့။ အားလုံးက လေးစားသင့်တဲ့သူတွေပါပဲ။သင်ဟာလုပ်ငန်းခွင်ထဲမှာ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေကို တခြားလူကိုပြောလို့ရပေမဲ့ သတိထားသင့်ပါတယ်။ တခြားလူတွေရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုလည်း မမေးမြန်းသင့်ပါဘူး။ တခြားလူတွေရဲ့ကိုယ်ရေးကိုယ်တာ လွတ်လပ်ပိုင်ခွင့်ကို လေးစားပါ။