လတ်တလော နယ်စပ်ကုန်စည်စီးဆင်းမှုများ

ဝူဟန်ကြောင့် မြန်မာနိုင်ငံရဲ့ကုန်စည်စီးဆင်းမှု၊ ထိခိုက်မှုအခြေအနေတွေအပြင် အခြားအာဆီယံနိုင်ငံများနဲ့ ကုန်သွယ်မှုအခြေအနေ၊ ဌာနအနေနဲ့ ဆောင်ရွက်ပေးနေမှုများအကြောင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၂ ရက်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဝူဟန်ကြောင့် နယ်စပ်နှင့်အခြားသော ကုန်စည်စီးဆင်းမှုအခြေအနေ…
ဝူဟန်ကြောင့် တရုတ်နယ်စပ်ဘက်မှာတော့ ထိခိုက်မှုတွေ ရှိပါတယ်။ သူတို့ရဲ့ နှစ်သစ်ကူးရုံးပိတ်ရက်နဲ့ တစ်ဆက်တည်း ဝူဟန်ဗိုင်းရပ်စ်ရယ် တစ်ဆက်တည်း ဆက်စပ်သလိုဖြစ်သွားတယ်။ နောက်ပိုင်းကျမှသာ သူတို့ဘက်ကနေ ပြန်ဖွင့်တယ်။ အသွားအလာတွေကန့်သတ်တာဆိုတော့ ကုန်စည်စီးဆင်းမှုကတော့ ရပ်တန့်လုနီးပါး ဖြစ်တယ်။ မူဆယ်ဆိုလို့ရှိရင် သူတို့ရဲ့ တစ်နေ့ကုန်သွယ်မှုက ဒေါ်လာဆယ်သန်းကနေ ၁၅ သန်းလောက်ထိရှိတယ်။ အခုထိ ပုံမှန်အတိုင်းတော့ဖြစ်မလာသေးဘူး။ ကုန်သွယ်မှု လုပ်နိုင်တဲ့အနေအထားတော့ တွေ့ရပါတယ်။

လက်ရှိကုန်သွယ်မှု ပမာဏ…
လက်ရှိအနေအထားက ပျမ်းမျဆိုရင် ကုန်သွယ်မှုမှာ ပြီးခဲ့တဲ့ကာလတူနဲ့ နှိုင်းယှဉ်လို့ရှိရင် ဖေဖော်ဝါရီလ ၁၄ နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပို့ကုန်တန်ဖိုးက တစ်ဘီလီယံလောက် တိုးတက်တာ တွေ့ရတယ်။ သွင်းကုန်မှာလည်း တစ်ဘီလီယံလောက်ပဲ။ ကုန်သွယ်မှု ပမာဏအနေနဲ့ နှစ်ဘီလီယံ လောက်ပဲ။ ၂၀၁၉ အောက်တိုဘာလကနေ ဖေဖော်ဝါရီလ ၁၄ အထိ ပင်လယ်ရေကြောင်းရော၊ နယ်စပ်ရော အားလုံးခြုံပြီး သုံးသပ်တာပါ။

အိန္ဒိယနယ်စပ်ဂိတ် ပိတ်ထားတဲ့အပေါ်…
အိန္ဒိယနယ်စပ်ကတော့ မတ်လ ၁၀ ရက်နေ့ကစပြီး ပိတ် တာပါ။ တမူးဘက်ပဲ ပိတ်တာပါ။ အိန္ဒိယနယ်စပ်နဲ့ ဆက်စပ်နေတာကျတော့ တမူး၊ ရိဒ်ရယ် နှစ်ခုရှိတယ်။ တမူးစခန်းကတော့ ၁၀ ရက်နေ့ ၆ နာရီတည်းက ပိတ်ထားတယ်လို့သိရှိရပါတယ်။ စပိတ်ချင်းနေ့တွေမှာတော့ ကုန်သည်ငယ်တွေကတော့ လက်ရှိမှာအခက်အခဲဖြစ်သွားတယ်။ ဒါပေမဲ့ ပိတ်တယ်ဆိုတဲ့သတင်းကြောင့် ကလေးတို့ မုံရွာတို့ဘက်က ကုန်သည်တွေက တက်မလာတော့ဘူး။ မတက်လာတဲ့အတွက် စခန်းပို့ကုန်သွင်းကုန်တွေ ဘက်ကတော့ မော်တော်ယာဉ်တွေ မတွေ့ရတော့ဘူး။ ပိတ်ထားတယ်ဆိုတာကို သိတဲ့အနေအထားဖြစ်သွားတယ်။ နောက်တစ်ခုက ရိဒ်ကတော့ ၁၀ ရက်နေ့ ညနေ လေးနာရီလောက်မှာ ပိတ်တယ်။ ပိတ်လိုက်ပေမယ့် ၁၁ ရက်နေ့ ည ၇ နာရီမှာ ပြန်ဖွင့်တယ်။ လက်ရှိမှာလည်း သွားလာနေတယ်။ ဒါပေမဲ့ တရားဝင်သွားတဲ့ဟာပဲ ဖြစ်ရမယ်။ ဟိုဘက်ကိုတော့ ထပ်သွားလို့ မရဘူးဆိုတဲ့ဟာတွေလည်းရှိတယ်။

အခြားရေထွက်ပစ္စည်း၊ သားငါး ၊ သစ်သီးဝလံ၊ သီးနှံ၊ ပဲနှမ်း၊ ဆန် တွေနဲ့ပတ်သက်ပြီး သွင်းကုန်၊ ထုတ်ကုန်အနေနဲ့ ဘယ်လိုဆောင် ရွက်မှုရှိလဲ…
လက်ရှိမှာလည်း ဆန်ကပို့နေတယ်။ နိုင်ငံပေါင်း ၆၀ လောက်ထိ ပို့နေတဲ့အနေအထားထိရှိတယ်။ သစ်သီး၀ လံအနေနဲ့ ဖရဲ၊ သခွားကလည်း မူဆယ်ဘက်မှာ သွားနေတယ်။ အစောပိုင်းမှာလည်း ဝူဟန်ဗိုင်းရပ်စ်ကြောင့်တော့ ရပ်တန့်နေခဲ့တာပါ။ ဒါကြောင့်မို့လို့ ဖရဲ၊ သခွားနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတွေ ပြပွဲတွေဆိုတာလည်း ရန်ကုန်မှာလည်းလုပ်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ နောက်တစ်ခုက ဖရဲ၊ သခွားက နယ်စပ်ကပို့ဖို့ ခဲယဉ်းတယ်။ ကွန်တိန်နာနဲ့ ပို့ရမယ်၊ အအေးခန်းနဲ့ပို့ရမယ်စတဲ့ Case တွေပါတယ်။ တန်ဖိုးတွေလည်း အများကြီးဖြစ်သွားမယ်။ပဲတွေအနေနဲ့ နှစ်စဉ်သန်းနီးပါလောက် ပုံမှန်ပို့နေရတဲ့ အနေအထားရှိတယ်။ များသောအားဖြင့် တရုတ်နယ်စပ်ကနေပို့ရတာများတာကြောင့် တရုတ်ဈေးကွက်ကို အဓိက ထားပြီးတော့ စိုက်ပျိုးပြီးတင်ပို့ပါတယ်။ စောစောပိုင်းမှာ ရပ်သွားတဲ့ အနေအထားရှိပေမယ့် ခုလက်ရှိမှာ ပြန်တင် ပို့နိုင်တဲ့ အနေအထားဖြစ်လာပြီ။ ဖရဲ၊ သခွားဆိုလည်း ပြန်တင်ပို့နိုင်တဲ့အနေအထားရောက်လာတယ်။ ရေထွက် ပစ္စည်းကတော့ လက်ရှိမှာ ၂၅ စီးဝန်းကျင်ကတော့ သွားနေပြီ။ ဘာကြောင့် ၂၅ စီးပဲသွားနိုင်လည်းဆိုရင် အဓိက ကတော့ သူ့ဒေသတွင်းစားဖို့လောက်ပဲ ရေထွက်ပစ္စည်းတွေကို ဝယ်ယူတဲ့အနေအထား တွေ့ရတယ်။ အဓိကက ဘာလဲဆိုရင် ရေထွက်ပစ္စည်းတွေကို သူတို့က မန်ချီလေ ဆိပ်ကနေတစ်ဆင့် ပြည်တွင်းကို ပြန်ဖြန့်တယ်။ လက်ရှိမှာ လေယာဉ်ကွင်းတွေ လေကြောင်းလိုင်းတွေ ပိတ်ထားတဲ့အတွက် အလုံးအရင်းနဲ့တော့ ရေ ထွက်ပစ္စည်း က မပို့နိုင်သေးဘူး။ ဒါပေမဲ့ ပြည်တွင်းဒေသတွင်းမှာ စားသုံးတဲ့အတွက် ၂၅ စီးသွားနေတဲ့ အနေအထားရှိတယ်။ ပြောင်းဆိုလို့ရှိရင် အရင်တုန်းက တရုတ်ကို အဓိကထားပို့ပေးတာမနှစ်ကမှစပြီးတော့ ထိုင်းတို့ မြဝတီနယ်စပ်ဘက်တွေကို ပို့တယ်။ ခုလက်ရှိမှာ အောက်တိုဘာကနေ မတ်လ ၈ ရက်နေ့လောက်ထိ ပြောင်းကို ထိုင်းဘက်ကို တန်ချိန် ၃၆ç၀၀၀ လောက်ထိ ပို့ထားနိုင်တဲ့ အနေအထားတွေ့ရပါတယ်။ ခုလက်ရှိကတော့ တရုတ်ဘက်ကို ရပ်လိုက်တဲ့အချိန်မှာလည်း မြဝတီဘက်ကနေပို့နိုင်တဲ့ အနေအထား တွေ့ရပါတယ်။ ပြောင်းကိစ္စကလည်း သိပ်ပြဿ နာမရှိဘူး။ အဓိက ပြဿနာကတော့ သီးနှံပဲ။ သီးနှံကတော့ တရုတ်ကို နယ်စပ်ကနေတစ်ဆင့် တစ်ခါပို့ပေးရတယ်။ ဝူဟန်ကြောင့် ပိတ်သွားတဲ့အခါမှာ ထိခိုက်မှုတော့ရှိ တယ်။ ဒါပေမဲ့ ခုပြန်ဖွင့်ပြီဆိုတော့ ပုံမှန်ပြန်သွားနေတဲ့ အခြေအနေရှိတယ်။

ဆန်ကို တောင်သူတွေဆီမှာ မစိုက်တော့ဘူးဆိုတဲ့ ကောလာဟလတွေ အပေါ်…
ဆန်ကတော့ ကိုယ့်နိုင်ငံရဲ့ စားနပ်ရိပ်က္ခာလေ။ အဓိက စားနပ်ရိပ်က္ခာဖြစ်တဲ့အတွက် စပါးစိုက်တာက လုပ်ကို လုပ်ရမယ်။ ဒါပေမဲ့ စပါးတွေအများကြီးစိုက်လို့ ပိုတဲ့ အခါဆိုရင်တော့ Market ကျတာတော့ ဖြစ်တယ်။ ဆန် Market က နိုင်ငံပေါင်း ၆၀ ဝယ်ရတယ်ဆိုရင် ဒီနှစ်သွား နိုင်တဲ့ Market က သိပ်မများဘူး။ ဒါကြောင့် လက်ရှိမှာ တရုတ်နိုင်ငံဘက် တရုတ်နယ်စပ်ဘက်ကဆိုရင် တန်ချိန် တစ်သန်းခွဲလောက်ထိ ပို့နိုင်တဲ့အနေအထား ဖြစ်လာ တယ်။ နောက်ပိုင်းမှသာ သူတို့ဘက်က မူဝါဒပြောင်းလဲမှု တွေကြောင့် နယ်စပ်ကတင်သွင်းမှုက လျော့သွားတဲ့ အနေအထားတွေ့ရတယ်။ ဒါကြောင့် ခုနကပြောတဲ့ စိုက် လို့ပိုသွားရင်လည်း Market က ကျသွားတာပဲ။ မစိုက်ဘဲနေပြန်ရင်လည်း ပြည်တွင်းစားနပ်ရိက္ခာထိခိုက် မယ်ပေါ့။ ဒါကတော့ ကြည့်စီစဉ်ပြီး ဆောင်ရွက်ရမယ့် အနေအထားရှိတယ်။ လက်ရှိမှာဆိုရင်တော့ ရေစပါးစိုက် ဧကတွေ လျော့နည်းလာတယ်။ လယ်ရေတွေမျတဲ့ အတွက်ကြောင့် ရေစပါးစိုက်တာတွေလျော့နည်းလာ တယ်။ ဒါကိုလည်း ပြန်ပြီးတော့ သက်ဆိုင်ရာတွေနဲ့ သုံး သပ်ရမှာပါ။

ခုလက်ရှိမှာ အာဆီယံနဲ့ အခြားနိုင်ငံတွေရဲ့ ကုန်သွယ်မှု အခြေအနေခု…
လက်ရှိမှာတော့ ကား၊ ပင်လယ်ရေကြောင်းတို့ပဲ ရှိပါ တယ်။ သွားနေတာကတော့ ဖရဲ၊ သခွားလိုဟာတွေက အအေးခန်း၊ ကွန်တိန်နာနဲ့ ပို့ရမယ်။ ကုန်ကျစရိတ် တွေများတဲ့ဟာမျိုးတွေဆို မဆောင်ရွက်နိုင်တဲ့ အနေအ ထားတွေရှိပါတယ်။ ဒါမျိုးတွေကလည်း ကန့်သတ်ချက် တွေများမယ်။ စိန်ခေါ်မှုတွေများမယ်။ လက်ရှိမှာ မြဝတီ ဘက်တွေကို ပြောင်းတွေကို တန်ချိန် သုံးသိန်းကျော် လေးသိန်းနီးပါးလောက် တင်ပို့နိုင်ပါတယ်။

နယ်စပ်ကုန်သွယ်မှုနဲ့ပတ်သက်ပြီး ဌာနအနေနဲ့ ဆောင်ရွက်မှု…
လက်ရှိကတော့ ဌာနအနေနဲ့ နှစ်နိုင်ငံညှိနှိုင်းမှုတွေ အများကြီး လုပ်နေပါတယ်။ မူဆယ်ကားပိတ် တဲ့ကိစ္စမျိုး တွေဆို ချက်ချင်း တစ်ဖက်နိုင်ငံနဲ့ လူချင်းတွေ့ဆုံပြီး ဆောင်ရွက်ပေးနေပါတယ်။ ကားတွေပိတ်တယ်၊ ကားတွေကျပ်တယ်ဆိုတဲ့ ကိစ္စတွေချက်ချင်း ဆောင်ရွက် ပေးနေပါတယ်။ မတ်လဆန်းလောက်မှာမူ ဆယ်ကနေ ဟိုဘက်ကိုပို့တဲ့ ဖရဲ၊ သခွားကားတွေ ပိတ်မိနေတဲ့အချိန် မှာ တစ်ဖက်နိုင်ငံနဲ့ ချက်ချင်းညှိနှိုင်းပြီး ဖြေရှင်းပေး နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပုံမှန်တိုင်း ပြန်ပြီး သွားလာ နိုင်တဲ့ အနေအထားတွေတွေ့ရတယ်။ နယ်စပ်မှာတော့ နှစ်နိင်ငံ နယ်စပ်ကော်မတီတွေဖွဲ့ထားတယ်။ တရုတ်နဲ့ လည်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ကော်မတီ တွေဖွဲ့ထား တယ်။ ထိုင်းနဲ့လည်း ဆောင်ရွက်ထားတယ်။ ဒါကတော့ နှစ်နိုင်ငံကုန်သွယ်မှုကို ဌာနအနေနဲ့ တစ်ဖက်နိုင်ငံနဲ့ ကိုယ့်နိုင်ငံရဲ့အခက်အခဲတွေကို ဖြေရှင်းပြီးတော့မှ ဆောင် ရွက်နေတယ်။ ဒါကြောင့် ပြောင်းကို ထိုင်းနိုင်ငံကို သိန်း နဲ့ချီပြီး ပို့နိုင်တဲ့အနေအထား ဖြစ်လာတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အနေနဲ့ဆို ခြောက်သိန်းနီးပါးလောက်ထိ ပို့နိုင်တဲ့အနေအထားပါ။ ခုလက်ရှိကာလတောင်မှ တန်ချိန် ၃၆၀,၀၀၀ လောက်ထိ တစ်လကျော်အတွင်းမှာ ပို့နိုင်တဲ့အနေအထားဖြစ်လာတယ်။