ရုရှားသြဇာလွှမ်းမိုးသည့် အလယ်ပိုင်းအာရှတွင် တရုတ်၏ သွေးတိုးစမ်းလှုပ်ရှားမှုများ

ယခင် တာဂျစ်ကစ္စတန်ဆိုဗီယက်သမ္မတနိုင်ငံ(Tajikistan) ၏ မြို့တော်ဒူရှန်ဘဲ (Dushanbe) တွင်ရှိသော Palace of Officers သည် ယင်း၏ဝန်ဆောင်မှုများထဲတွင် ဂုဏ်သရေရှိ လူကြီးလူကောင်းများအား တည်းခိုစရာနေရာများ ပေးခြင်းပါဝင်သည်။ ထိုအဆောက်အအုံတွင် အရောင်အနည်းငယ်သွင်းထားသည့် ပြတင်းပေါက်များ၊ ခရမ်းရောင်နီယွန်နှင့် အကောင်းဆုံးတရုတ်စားသောက်ဆိုင်တစ်ဆိုင်တို့ကို တွေ့ရမည်။ တရုတ်စားသောက်ဆိုင်ရှိနေခြင်းက အံ့အားသင့်စရာမဟုတ်။ ဤအဆင့်အတန်းမြင့်မြင့် အဆောက်အအုံအား တရုတ်ပြည်သူ့သမ္မတနိုင်ငံက တာဂျစ်ကစ္စတန်ကာကွယ်ရေးဝန်ကြီးဌာနအတွက် ဆောက်လုပ်၊ လက်ဆောင်ပေးထားခြင်းဖြစ်သည်။

ဤလက်ဆောင်တစ်ခုတည်းသာ မဟုတ်။ ကြီးကျယ်ခမ်းနားသည့် အစိုးရနန်းတော်အသစ်၊ ယင်းနှင့်တွဲလျက်လက်ရှိဆောက်လုပ်နေဆဲ ပါလီမန်အဆောက်အအုံတို့သည်လည်း တရုတ်ကွန်မြူနစ်ပါတီ၏လက်ဆောင်များ ဖြစ်ကြသည်။ နောက်ထပ်လက်ဆောင်တစ်ခုဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာနတွင်ရှိသော Voicemail စနစ်သည် ယခင်ကဖုန်းခေါ်သူများအား တရုတ်ဘာသာစကား (မန်ဒရင်း) ဖြင့် ပြန်ပြောခဲ့သည်ကို အနောက်တိုင်းသံတမန်တစ်ဦးက ပြန်ပြောပြခဲ့သည်။ တရုတ်နိုင်ငံသည် တာဂျီကစ္စတန်နိုင်ငံအတွက် စာသင်ကျောင်းများဆောက်၊ လမ်းများခင်း၊ လိုဏ်ခေါင်းများဖောက်ပေးခဲ့သည့်အပြင် ယင်းနိုင်ငံ၏ နိုင်ငံခြားကြွေးငွေစုစုပေါင်း၏တစ်ဝက်ခန့်ရှိ သည့် ဒေါ်လာ ၁.၃ ဘီလီယံကိုလည်း ထုတ်ချေးခဲ့သည်။တရုတ်နိုင်ငံသည် ယင်းနိုင်ငံ၏ ရွှေနှင့်ငွေတွင်းများအားတူးဖော်သည်။ ကျောက်မီးသွေးဖြင့် လည်ပတ်သည့် ကြီးမားသောအပူနှင့် လျပ်စစ်စက်ရုံစုတစ်စုဖြင့် ယင်းနိုင်ငံ၏အိမ်များအား အပူဓာတ်ပေးသည်။ စီစီတီဗီများ၊ ကားလမ်းများပေါ်တွင် ကင်မရာများတပ်ဆင်ပေးသည်။ ဒူရှန်ဘဲ၏ ရဲကားများပေါ်ရှိလိုဂိုတွင် “China Aid” ဟုရေးထားသည်။ကာဇက်စတန် (Kazakhstan) ၊ ဥဇဘက်ကစ္စတန် (Uzbekistan) နှင့် တာ့ခ်မေနစ္စတန် (Turkmenistan) နိုင်ငံတို့ လောက် သယံဇာတများမရှိဘဲ၊ အလယ်ပိုင်းအာရှတွင် အဆင်းရဲဆုံးသောနိုင်ငံဖြစ်သည်။ ထို့အပြင် ပြည်တွင်းစစ်ကြောင့် အင်အားချည့်နဲ့ခဲ့ရသည်။ ထို့အတွက် တရုတ်နိုင်ငံ၏ရက်ရောသောပေးကမ်းလှူဒါန်းမှုများဖြစ်လာသည်။တာဂျီကစ္စတန်ထက် ပိုမိုပြေလည်သောနိုင်ငံများတွင်လည်း အလားတူအခြေအနေမျိုးများကိုတွေ့ရလိမ့်မည်။ထိုသို့ ရက်ရက်ရောရော ပေးကမ်းခြင်း၏ နောက်ကွယ်တွင်အကြောင်းများရှိနေသည်။ တာဂျီကစ္စတန်နှင့် ကာဇက်စတန်နိုင်ငံတို့နှင့် နယ်နိမိတ်ခြင်းထိစပ်လျက်ရှိသည့် စင်ကျန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Xinjiang Autonomous Region) တွင် တရုတ်အစိုးရက မူဆလင်မျိုးနွယ် စုများ၊ အထူးသဖြင့် အူဝီဂါ (Uighurs) များကို ဖိနှိပ်ခြင်း၊ အကျဉ်းချထားခြင်းများပြုလုပ်နေသည်။ အိမ်နီးချင်းမူဆလင်နိုင်ငံများအပေါ် အာဏာလွှမ်းမိုးရန် ကြိုးပမ်းနေသည်မှာ အဓိပ္ပာယ်ရှိသည်။ ထို့အပြင် မူလပိုးလမ်းမကြီးသည် တရုတ်အတွက် အရေးကြီးသကဲ့သို့ အလယ်ပိုင်းအာရှသည် တရုတ်နိုင်ငံ၏ ပိုးလမ်းမသစ် Belt and Road Initiative (BRI) အတွက်အရေးပါသည်။ ”တရုတ်နိုင်ငံကတော့ အရင်တုန်းကဆိုဗီယက်ပြည်ထောင်စုလုပ်တဲ့အတိုင်းလုပ်နေပြီ” ဟူ၍ တာဂျစ်အရာရှိဟောင်းတစ်ဦးက ဖွင့်ဆိုလေသည်။

ထိုအချက်သည် ဆိုဗီယက်ပြည်ထောင်စုကို ဆက်ခံသောနိုင်ငံများအတွက် မည်သည့်အဓိပ္ပာယ်ထွက်သနည်း။ ၁၉ ရာစုတွင် ဇာဘုရင်များကကိုလိုနီအဖြစ်သိမ်းပိုက်လိုက်သည့် အလယ်ပိုင်းအာရှကို ရုရှားကယင်း၏ အိမ်နောက်ဖေးကွက်လပ်အဖြစ် မှတ်ယူနေဆဲဖြစ်သည်။ထို့အတွက် တာဂျီကစ္စတန်သည် ရုရှားကဦးဆောင်သည့် မဟာမိတ်အဖွဲ့တစ်ခုဖြစ်သည့် စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (Collective Security Treaty Organization) ၏ အဖွဲ့ဝင်ဖြစ်လာခြင်းဖြစ်သည်။ ဤနယ်မြေတွင် တရုတ်နိုင်ငံ၏ စိတ်ဝင်စားမှုသည် ရင်းနှီးမြှုပ်နှံမှုသာဖြစ်နေသမျကာလပတ်လုံး ရုရှာကသည်းခံမည်၊ ကြိုဆိုမည်ဖြစ်သည်။ အစောပိုင်းမဟုတ်လျင်တောင်မှ ၂၀၁၆ ခုနှစ်လောက်တွင် တရုတ်စစ်တပ်အဖွဲ့များသည် Wakhan Corridor ကို စောင့်ကြည့်ရန် တာဂျီကစ္စတန်တွင်ပေါ်လာသည်။ Wakhan Corridor သည် တာဂျီကစ္စတန်နှင့် ပါကစ္စတန်တို့ကိုခြားထားသည့် အာဖဂန်နစ္စတန်၏ ရှည်လျား၊ ကျဉ်းမြောင်းသောမြေနေရာဖြစ်သည်။ ထိုနှစ်အနှောင်းပိုင်းတွင် တရုတ်သည် တာဂျစ်စစ်တပ်နှင့် စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်။ တာဂျစ်စစ်တပ်၏ ငယ်ရွယ်သောအရာရှိအချို့အား ရှန်ဟိုင်း (Shanghai) တွင် သင်တန်းပေးခဲ့သည်။ တရုတ်နှင့်တာဂျီကစ္စတန်နှစ်နိုင်ငံစလုံးက တရုတ်စစ်တပ်များ တာဂျီကစ္စတန်တွင်ရှိနေသည်ဆိုသည့်အချက်ကို ငြင်းဆိုကြသည်။ Murghab မြို့အနီး တရုတ်စခန်းချသည့်နေရာတစ်ခုတွင် ယူနီဖောင်းဝတ် တရုတ်စစ်သားတစ်ဦးက Washington Post သတင်းထောက်တစ်ဦးအား ”ကျွန်တော်တို့ကို ဒီနေရာမှာ တွေ့ဖူးခဲ့လို့လား” ဟု မေးလိုက်သည်။ သို့သော်လည်း စစ်သံအရာရှိများက တရုတ်စစ်သားများ၊ လေ့ကျင့်ရေးစခန်းများနှင့်အစောင့်စခန်းများကို ပါမီယာ (Pamir) တောင်များတွင်တွေ့ခဲ့ကြသည်။ ပါမီယာတောင်များသည် Alexander the Great ၏ ခေတ်ကတည်းက အကောင်းဆုံးမဟာဗျူဟာကျသည့်နေရာဖြစ်ခဲ့သည်။

Carnegie Moscow Centre မှ တရုတ်အရေးကျွမ်းကျင်သူ Alexander Gabuev ၏အဆိုအရ ဤကဲ့သို့ တရုတ်၏စစ်ရေးလှုပ်ရှားမှုများမြင့်တက်လာခြင်းက ရုရှားကိုခလောက်ဆန်စေသည်။ သို့သော်လည်း ရုရှားသည် ကန့်ကွက်မှုမပြုနိုင်။ ရုရှားသည် တရုတ်ကိုမှီခိုနေရသဖြင့် တရုတ်ကို ထိတ်တိုက်ရင်ဆိုင်ခြင်းမပြုနိုင်ဟု အိန္ဒိယသံတမန်တစ်ဦးက ထောက်ပြသည်။ ထင်သည့်အတိုင်းမဟုတ်၊ ရုရှားက ရှေ့သို့တိုးလာသည်။ တရုတ်စစ်သားများရှိသည့်နေရာနှင့် နီးနီးကပ်ကပ်တွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် ယင်း၏ခေတ်မီစစ်လက်နက်များအားယူ ဆောင်လာခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu သည် မကြာသေးမီက ဒူရှန်ဘဲတွင်ရှိသည့် Palace of Officers သို့ အလည်ရောက်လာခဲ့သည်။ သူကရုရှား၏အကြီးမားဆုံးသော နိုင်ငံခြားရောက်တပ်ဖွဲ့စစ်သားဦးရေ ခုနစ်ထောင်ရှိသည့် ၂၀၁ မော်တာရိုင်ဖယ်တပ်မ (201st Motor Rifle Division) ကို စစ်ဆေးရန် တာဂျီကစ္စတန်သို့ရောက်ရှိနေခြင်းဖြစ်သည်။ Palace of Officers တွင် သမ္မတရှီကျင်ပင်း၏ပုံကိုနံရံတွင် ချိတ်ဆွဲထားသည့် တရုတ်စားသောက်ဆိုင်၌ ဘဲသားခေါက်ဆွဲစားရန် ဝင်လာခြင်းလည်းဖြစ်နိုင်သည်။

CEO Business and Management Magazine, www.ceo-myanmar.com, စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ၊ သတင်းဆောင်းပါးကောင်းများ, Leader Myanmar, Business and Management, Effective Leader Yangon ၊ Business Magazine in Myanmar, Business Magazine Yangon, Management Book in Myanmar, Management Book in Yangon၊ စီမံခန့်ခွဲမှု, Russia and China,

ဤဝေးကွာသောဒေသတွင် စစ်ရေးလှုပ်ရှားမှုများ ပြနေခြင်းမှာ ရုရှားနှင့် တရုတ်တရားဝင်ရင်နှီးချစ်ကြည်မှု၏ နောက်ကွယ်တွင်တင်းမာမှုကို ပြနေသည်။ ဤချစ်ကြည်ရေးကို ၂၀၀၀ ပြည့်နှစ်လွန် ဆယ်နှစ်၏အလယ်ပိုင်း လောက်က သမ္မတဗလာဒီမီယာပူတင် (Vladimir Putin)က ကြိုးစားတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မစ္စတာပူတင်က နှစ်စဉ်ကျင်းပမြဲဖြစ်သည့် St Petersburg Economic Forum သို့ ဇွန်လ ၅ ရက်နေ့တွင် ထောင်နှင့်ချီသောအဖွဲ့ဝင်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ရောက်ရှိလာသည့် သမ္မတရှီကျင်ပင်းအား ”မကြာသေးမီနှစ်များအတွင်းက အဆွေတော်တိုက်ရိုက်ပါဝင်ခဲ့တဲ့အတွက် ရုရှား-တရုတ်ဆက်ဆံရေးဟာ မကြုံဘူးတဲ့ အဆင့်အထိမြင့်မားလာခဲ့ပါတယ်” ဟု သမ္မတပူတင်က ဆိုခဲ့သည်။

”ရုရှားနိုင်ငံဟာ ကျွန်တော်အများဆုံးလည်ပတ်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ သမ္မတပူတင်ဟာ ကျွန်တော့်ရဲ့အကောင်းဆုံးမိတ်ဆွေ၊ အပေါင်းအသင်းဖြစ်ပါတယ်”ဟု သမ္မတရှီကျင်ပင်းကတုံ့ပြန်ပြောလိုက်သည်။ သူတို့နှစ်ဦးသည် မော်စကိုတိရစ္ဆာန်ရုံသို့ လှည့်ပတ်လမ်းလျောက်ပြီး တရုတ်နိုင်ငံကယုံကြည်မှုအထိမ်းအမှတ်ဖြင့် လက်ဆောင်ပေးထားသည့် ပန်ဒါနှစ်ကောင်ကို ကြည့်ရှုခဲ့ကြသည်။ ရုရှားကလေးငယ်များက မန်ဒရင်းတရုတ်စကားဖြင့် နှုတ်ဆက်ခဲ့ကြသည်။ ဂျိုးဇက်စတာလင် (Joseph Stalin) နှင့် မော်စီတုန်း (Mao Zedong) တို့အကြား ဆုံးခန်းမတိုင်သည့် ရင်းနှီးခင်မင်မှုအထိမ်းအမှတ်ပွဲကို လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ က ကျင်းပခဲ့ရာတွင် ရေးသားခဲ့သည့် ”ရုရှားလူမျိုးနှင့် တရုတ်လူမျိုး-ထာဝရညီအစ်ကိုများ” ဟူသော သီချင်းကိုမည်သူမျမဆိုခဲ့ကြ။

ယန်စီမြစ် (Yangtze) ၏ စကားသံကို ဗော်လဂါမြစ် (Volga) မှ ကြားရသည်။ တရုတ်လူမျိုးများကက ရင်မ်လင်နန်းတော် (Kremlin) ၏တောက်ပြောင်မှုကို မြင်ကြရသည်။

ကျွန်ုပ်တို့သည် စစ်မုန်တိုင်းကိုမကြောက်ကြပါ။ ဤသီချင်းက အမှန်တကယ်ဖြစ်သကဲ့သို့ ခံစားရစေသည်။ အတိတ်တွင် ကွဲပြဲခဲ့ကြသော်လည်း နှစ်နိုင်ငံစလုံး၏ ရန်သူ ”အမေရိကန်” ကြောင့် မစ္စတာပူတင်နှင့်မစ္စတာရှီတို့ စုစည်းကြသည်။ အတိတ်တွင် စစ်အေးဖြစ်ခဲ့ခြင်းမှာ”မည်သည့်ဘက်မှ ပုံစံ” သည် ကမ္ဘာ့အနာဂတ်အတွက် ဖြစ်မည်နည်းဟူသောအကြောင်းကြောင့်ဖြစ်သည်။ ယနေ့ ထိပ်တိုက်တွေ့ခြင်းမှာ တစ်ဦးတစ်ယောက်တည်းအတွက် အနာဂတ်မဟုတ်။ တရုတ်နှင့် ရုရှားနှစ်နိုင်ငံစလုံးက ယင်းတို့၏ အာဏာရှင်စနစ်များမှာ လူသားများ၏ လူမှုရေး ဖွံ့ဖြိုးမှုဆိုင်ရာ ကွဲပြားခြားနားမှုကြောင့်ဖြစ်သည်ဟု ဆိုကြသည်။ သူတို့၏ တန်ဖိုးများသည်သာ အရေးကြီးသည်ဟုမပြောကြ။ ထို့အတွက် အနောက်တိုင်းတန်ဖိုးများကိုလည်း ငြင်းပယ်ကြသည်။

၁၉၄၉ ခုနှစ်က တရုတ်သည် အငယ်တန်းလက်တွဲဖော်သာဖြစ်သည်၊ သူကထိန်းချုပ်နိုင်လိမ့်မည်ဟု စတာလင်က ခံယူသည်။ ယနေ့အချိန်တွင် တရုတ်က အသာစီးအခြေအနေတွင်ရှိနေသည်။ ၁၉၈၉ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု၏ GDP (Gross Domestic Product)သည် တရုတ်နိုင်ငံထက်နှစ်ဆကျော်ရှိခဲ့သည်။ ယနေ့အချိန်တွင် တရုတ်၏ GDP သည် Purchasing Power Parity ဖြင့်ဆိုလျင် ရုရှားထက်ခြောက်ဆပိုများသည်။ ရုရှားသည် တရုတ်၏ ပို့ကုန်ဈေးကွက်တွင် အဆင့်ဆယ်နေရာတွင်ရှိသည်။ ဖိလစ်ပိုင်၏ အထက်အနည်းငယ်သာပြီး အိန္ဒိယထက်များစွာနိမ့်သည်။ တရုတ်သည် ဥရောပသမဂ္ဂ (EU) ပြီးနောက် ရုရှားအတွက် ဒုတိယအကြီးမားဆုံးပို့ကုန်ဈေးကွက်ဖြစ်သကဲ့သို့ တခြားနိုင်ငံများထက် ရုရှားမှ ရေနံကို ပို၍ဝယ်သည်။

ဤကဲ့သို့ စီးပွားရေးအချိုးအစားမမျတမှုသည် နိုင်ငံခြားရေးမူဝါဒအထိသက်ရောက်မှုဖြစ်သည်။ တာဂျီကစ္စတန်တွင် တရုတ်တပ်များရှိနေခြင်းကိစ္စကို ရုရှားနှင့် ဖြေရှင်းပြီး ရှိ-မရှိအနောက်တိုင်းသံတမန်တစ်ဦးက တရုတ်အရာရှိတစ်ဦးကိုမေးသည့်အခါ ”ကျွန်တော်တို့ ရုရှားနဲ့ကုန်သွယ်မှုလည်းလုပ်ပါတယ်” ဟုဖြေသည်။ သို့သော်လည်း ပြောင်းလဲလာသော လျင်မြန်မှုမှာ ဤအတိုင်းအတာ ထက်ကျော်လွန်သည်။ မစ္စတာပူတင်က တရုတ်ကို ချဉ်းကပ်လိုက်ခြင်းသည် ရုရှားအဖို့ တရုတ်ကို နည်းပညာအရလည်းကောင်း၊ နိုင်ငံရေးအရလည်းကောင်း မှီခိုမှုဖြစ်လာသည်။ ”အခုမစ္စတာပူတင်လုပ်နေတာတွေက နောင်တက်မယ့် ရုရှားသမ္မတက တရုတ်မူဝါဒရဲ့ ဓားစာခံဖြစ်လာလိမ့်မယ်။ နောင်တက်မယ့် ခေါင်းဆောင်က ရုရှား-တရုတ်ပူးပေါင်းမှုမှာ လူဦးရေကအထောက်အပံ့ပေးပြီး ရုရှားအတွက် အကျိုးရှိမယ့်ပုံစံ‌ဖော်ဖို့ အလွန်ခက်လိမ့်မယ်” ဟု အတိုက်အခံ ခေါင်းဆောင်တစ်ဦးဖြစ်သူ Alexei Navalny က ဝေဖန်သည်။

လူဦးရေက အထောက်အပံ့ပေးခြင်းဆိုသည်မှာ နှစ်နိုင်ငံဆက်ဆံရေးအတွက် နောက်ထပ်အချိုးအစား မပြေပြစ်မှုတစ်ခုပင်ဖြစ်သည်။ တရုတ်နိုင်ငံအဖို့ ရုရှားနှင့်ဆက်ဆံရေးမှာ တခြားနိုင်ငံများကဲ့သို့ နိုင်ငံခြားဆက်ဆံရေးပင်ဖြစ်သည်။ အရေးကြီးသည်၊ ရှုပ်ထွေးသည်၊ နိုင်ငံရေးပါသည်။ ရုရှားအတွက် ဤကဲ့သို့ဆက်ဆံရေးနီးကပ်လာခြင်းတွင် အမျိုးသားရေးအမှတ်လက္ခဏာ (National Identity) နှင့် ပတ်သက်သည်။ ရုရှားခေါင်းဆောင်များသည် ရာစုနှစ်ပေါင်းများစွာ အနောက်သို့ကြည့်သော ပုံစံ ဖြင့်နေလာခဲ့ကြသည်။ ဥရောပထိပ်သီးနိုင်ငံတစ်နိုင်ငံ အနေဖြင့် တရုတ်၏ပတ်လမ်းကြောင်းအတွင်းသို့ ကျ ရောက်လာခြင်းမှာ အတိတ်အခြေအနေကို ပြောင်းပြန်လှန်လိုက်ခြင်းဖြစ်ပြီး သမိုင်းကိုပယ်ချလိုက်ခြင်းဖြစ်သည်။ရက်စ်ကောလ်နီကော့၏အိပ်မက် ၁၇ ရာစုနောက်ပိုင်းမှစ၍ ရုရှားနိုင်ငံသည် ဥရောပအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ရမည်ဟု ခေါင်းဆောင်များက သန္နိဋ္ဌာန်ချလာခဲ့ကြသည်။ St Petersburg သည် ရုပ်ဝတ္ထုသာဓကတစ်ခုပင်ဖြစ်ပြီး ယင်း၏ အာရှဓလေ့များကို ပယ်ချခဲ့သည်။ ဂျာမန်မျိုးရိုးမှ ဆင်းသက်လာသူ Catherine the Great သည် တူရကီများ ကို ဥရောပမှမောင်းထုတ်၊ တရုတ်ကို ယဉ်ပါးအောင်လုပ်ပြီး အိန္ဒိယနှင့်ကုန်သွယ်မှုဖွင့်လှစ်ရန်သစ္စာဆိုခဲ့သည်။ ၁၉ ရာစုတွင် အနောက်တိုင်းပုံစံပြောင်းလဲရေးသမားများသည် တရုတ်နိုင်ငံအား ဖွံ့ဖြိုးမှုတန့်ခြင်း၊ ဗျူရိုကရေစီ၊ အကျင့်ပျက်မှုနှင့် အာဏာရှင်စနစ်များရှိသည့် သာဓကနိုင်ငံတစ်ခုဟု သိမြင်ကြသည်။ ရုရှားက အလယ်ပိုင်းအာရှ နိုင်ငံများအားဖိနှိပ်လျက် အရှေ့ဘက်သို့ တိုးချဲ့လာသည့်အခါ မိမိကိုယ်ကို ခေတ်မီအောင်လုပ်နေသည့် ဥရောပ အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် ရှုမြင်သည်။

ကွန်မြူနစ်ဝါဒက အခြေအနေများကို ရှုပ်ထွေးစေသည်။ ကားလ်မာ့က်ခ် (Karl Marx) က အာရှထုတ်လုပ်မှုပုံစံဟု သတ်မှတ်သည်။ ယင်းပုံစံတွင် ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်မှုအခွင့်အရေးများကင်းမဲ့မှုနှင့် ဗဟိုထိန်း ချုပ်သော အာဏာရှင်စနစ်တို့သာကွာဟသည်။ အမှန်တကယ်ယုံကြည်သူများက တော်လှန်ရေး (ပြုပြင်ပြောင်းလဲရေး) ရုရှားသည် ထိုစနစ်နှင့်အတူ အရင်းရှင်စနစ်ကိုလည်း ပယ်ရှားဖို့အခွင့်အရေးရှိသည်ဟု ခံစားမိကြသည်။ စတာလင်က ဗဟိုထိန်းချုပ်သော အာဏာရှင်နိုင်ငံများနှင့် ပတ်သက်၍ ပြဿနာမရှိ။ သို့သော်အာရှကွန်မြူနစ်ဝါဒသည် အထောက်အပံ့ပေးသည်ဟုမြင်သည်။ မော်စီတုန်းက တိဘက်နှင့်စင်ကျန် (Xinjiang) နယ်များကို သိမ်းယူရာတွင် စတာလင်ကအကူအညီပေးခဲ့ပြီး မဟာမိတ်များဖြစ်လာကြသည်။ စတာလင်သေဆုံးပြီးနောက် ဆက်ဆံရေးများပျက်ပြားလာသည်။ ခရူးရှက် (Khrushchev) လက်ထက် တင်းမာမှုလျော့ပါးသွားချိန်တွင် ပြန်လည်မတည်ဆောက်နိုင်သေးသောနိုင်ငံဖြစ်ခဲ့သည်။ မော်စီတုန်း က ရုရှားကို ပြန်လည်သုံးသပ်ရေးဝါဒီဟု ကြွေးကြော်ခဲ့သည်။ ၁၉၆၀ ပြည့်လွန်ဆယ်နှစ်တာကာလ၏ အနှောင်း ပိုင်းတွင်နယ်စပ်တစ်လျောက် ရုရှားနှင့် တရုတ်တပ်များ ထိပ်တိုက်တွေ့ခဲ့သည်။

ဆိုဗီယက်ပြည်ထောင်စုကျဆုံးသွားပြီးသည့် နောက်တွင် ရုရှားအားဥရောပအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာစေရန် ကြိုးပမ်းချက်ကို အင်ပြည့်အားပြည့် ပြန်လည်ဆောင်ရွက်ခဲ့သည်။ ”ကျွန်တော်တို့ အခြေခံမူတွေက ရိုးစင်း၊ ရှင်းလင်းပါတယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးများနှင့် လွတ်လပ်မှု၊ တရားရေးနဲ့ ကျင့်ဝတ်ဆိုင်ရာ စံအချက်တွေ လွှမ်းမိုးရေးဖြစ်ပါတယ်” ဟု သမ္မတဘိုးရစ် ယယ်လဆင် (Boris Yeltsin) က အမေရိကန်နှင့် ဥရောပသို့ ယိမ်းလျက် ၁၉၉၂ ခုနှစ်တွင် ကုလသမဂ္ဂသို့ ပြောကြားခဲ့သည်။ ”တရုတ်နဲ့ကဝါဒရေးရာကွဲလွဲမှုရှိတယ်။ ဒါပေမဲ့ အိမ်နီးနားချင်းတွေဖြစ်တဲ့အတွက် ပူးပေါင်းဆောင်ရွက်ရမယ်” ဟု ဆက်လက်ပြောဆိုခဲ့သည်။

၁၉၉၀ ပြည့်လွန် ဆယ်နှစ်တာကာလအတွင်း အခြေအနေများဆိုးရွားလာသည်။ ရုရှားက အရင်းရှင်စနစ် စတင်ကျင့်သုံးပြီးနောက် စီးပွားရေးကျဆင်းလာပြီး လူနည်းစုအုပ်ချုပ်မှုသမားများပေါ်လာသည်။ ရုရှားက ကန့်ကွက်နေသည့်ကြားမှ NATO က ဆားဗီးယား (Serbia)ကိုဗုံးချခဲ့ခြင်းမှာ ရုရှား၏လူမျိုးကြီးဝါဒကို ထိုးနှက်လိုက်ခြင်းဖြစ်သည်။ ကွန်မြူနစ်ဝါဒကို ယုံကြည်သူ မစ္စတာပူတင်အာဏာရလာသောအခါ အနောက်တိုင်းကို ရုရှား၏ ပြုပြင်ပြောင်းလဲရေးအတွက် စံပြပုံစံဟုမြင်ပြီး ပြေ လည်ရေးအတွက် ကြိုးပမ်းခဲ့သည်။ ဘောလတစ်နိုင်ငံများ NATO ထဲသို့ဝင်ခြင်းကို မကန့်ကွက်ဘဲ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုနောက်ပိုင်းတွင် မှန်ကန်သောစကားများကိုသာ ပြောခဲ့သည်။

တုံပြန်မှုအနေဖြင့် ဘာမှမရ၊ ယူကရိန်း (Ukraine) တွင် “Colour Revolution” နှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများဆိုင်ရာ ကြံစည်ခြင်းများ၊ ဝေဖန်ခြင်းများကဲ့သိုသော ရုရှား၏ သြဇာအာဏာနယ်ပယ်ကို ကျူးကျော်လာခြင်းကဲ့သို့သော ပိုမိုဆိုးရွားမှုသာရလာကြောင်း High School of Economics in Moscow မှ Alexander Lukin ကဲ့သို့သော အနောက်တိုင်းဝေဖန်သည့် ရုရှားလူမျိုးများက ဆိုကြသည်။ ”နိုင်ငံတကာဥပဒေကို အခြေခံသည့် ကမ္ဘာ့နိုင်ငံရေးစနစ်သစ်တစ်ခုဖန်တီးခြင်း ကို ဖျက်ဆီးသည်မှာ အနောက်တိုင်းဖြစ်သည်။ ယင်း၏ ယာယီကာလတွင် အရာရာကိုသိရှိနေခြင်းကို အသုံးပြု လျက် အင်အားကြီးနိုင်ငံများက အရာရာကိုဆုပ်ယူနိုင်ခြင်း၊ နယ်နိမိတ်များကိုဖျက်ဆီး၍ ကောင်းသောဖြစ်စဉ်ကို ဖြစ်စေမည့် စာချုပ်များကို ဖျက်ဆီးပစ်မည့် ကမ္ဘာတစ်ခုကို ဖန်တီးနေသည်မှာလည်း အနောက်တိုင်းဖြစ် သည်” ဟု စာအုပ်တစ်အုပ်တွင် MrLukin က ရေးသားခဲ့သည်။ ဤကျိုးကြောင်းဆင်ခြင်မှုဖြင့် ရုရှားသည် တရုတ်ဘက်သို့ လည်သွားခြင်းမှာ အနောက်တိုင်းက ရုရှားကိုလက်မခံဘဲ လူနေမှုစနစ်မြင့်သောကမ္ဘာထဲသို့ ဆွဲသွင်းရန် ပျက်ကွက်ခဲ့သောကြောင့် ဖြစ်သည်။

သို့သော်လည်း ထိုအကြောင်းတရားမှာ ပြည့်စုံမှုမရှိသေး။ ၁၉၉၄ ခုနှစ်တွင် ရုရှား၏ ဈေးကွက်ပြုပြင်ပြောင်းလဲရေးဗိသုကာ Yegor Gaidar က အနောက်တိုင်းသို့လှည့်ရန် နည်းလမ်းနှစ်ခုရှိသည်။ ၁၉၃၀ ပြည့်နှစ်လွန် ကာလများတွင် Peter the Great ကျင့်သုံးခဲ့သော ပုံစံအတိုင်း လူသားရင်းနှီးမှုအများအပြားပါဝင်သည့် နိုင်ငံတော် ပိုင်သယံဇာတများကို စုစည်းခြင်းဖြင့်လည်းကောင်း၊ နိုင်ငံတော်ကို ယဉ်ပါးစေခြင်း၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် ရေရှည်ဖွံ့ဖြိုးမှုကို ဖြစ်စေမည့်အဖွဲ့အစည်းများ ထူထောင်ခြင်းဖြင့်လည်းကောင်း ဖြစ်နိုင်သည်။

ရုရှားက အထက်ပါနည်းလမ်းနှစ်ခုအနက် မည့်သည့်နည်းလမ်းကိုမျ မလိုက်ပါက အရှေ့တိုင်းဘက်ကိုသာ လှည့်ရမည်ဟု Mr Gaydar က ဆိုသည်။ ”လူများက အားနည်းသည့်အခါ နိုင်ငံတော်ကသန်မာသည်” ဟူသော ရှေးတရုတ်နိုင်ငံရေးသမား Shang Yang ၏အဆိုအတိုင်းတင်ပြထားသည့် အစားထိုးရွေးစရာဖြစ်သည်။ မစ္စတာပူတင်အတွက် ဆောင်ပုဒ်လည်း ဖြစ်နိုင်သည်။

CEO Business and Management Magazine, www.ceo-myanmar.com, စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ၊ သတင်းဆောင်းပါးကောင်းများ, Leader Myanmar, Business and Management, Effective Leader Yangon ၊ Business Magazine in Myanmar, Business Magazine Yangon, Management Book in Myanmar, Management Book in Yangon၊ စီမံခန့်ခွဲမှု, Russia and China,

အာရှပုံစံနိုင်ငံရေး

မစ္စတာပူတင်၏ လုံခြုံရေးအဖွဲ့များ (Siloviki) တွင် ‌ဒေသအုပ်ချုပ်ရေးမှူးများက ပုဂ္ဂလိကကုမ္ပဏီများအား ကိုယ် ပိုင်အကျိုးအတွက် အသုံးပြုခဲ့ကြသည်။ ထိုပိုင်ဆိုင်မှုများကို မစ္စတာပူတင်နှင့် တွဲဖက်သူများသို့ ခွဲဝေခဲ့သည်။ ထိုသူများသည် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို လက်ခံသူများ ဖြစ်လာကြမည်။ ”တရုတ်နိုင်ငံက ပိုက်ဆံအများစုက ပူတင်ရဲ့ သူငယ်ချင်းတွေဆီ ရောက်ကုန်တယ်” ဟု Carnegie Centre မှ Mr Gabuev ကဆိုသည်။ တစ်ချိန်က ရုရှားရေနံကို အနောက်တိုင်းသို့ ရောင်းချခြင်းဖြင့် ဒေါ် လာ ၁၃.၄ ဘီလီယံစုဆောင်းမိလာသည့် Gennady Timchenko သည် အမေရိကန်၏ စီးပွားရေးအရေးယူမှုဖြင့် ဥရောပမှကန်ထုတ်ခံရပြီးနောက် ယခုအခါ မစ္စတာပူတင်၏ ရုရှား-တရုတ်လုပ်ငန်းကောင်စီ၏ ဥက္ကဋ္ဌဖြစ်နေသည်။

တစ်ခါတစ်ရံတွင် ရုရှား၏တရုတ်အပေါ်မူဝါဒမှာ ကရင်မ်လင်မှ အကောင်ကြီးကြီးများ၏ အကျိုးစီးပွားနှင့် ဆက်စပ်နေသည်။ သို့သော်လည်း ပုဂ္ဂလိကတရုတ်ကုမ္ပဏီများသည် ရုရှားတွင်ရင်းနှီးမြှုပ်နှံခြင်း မပြုလိုကြ။ တချို့က အမေရိကန်၏စီးပွားရေးအရေးယူမှုကို ကြောက်ကြသည်။ တချို့က ပစ္စည်းပိုင်ဆိုင်မှုအခွင့်အရေးနှင့် ရှင်းလင်းသော စည်းမျဉ်းများကင်းမဲ့ခြင်းကို ကြောက်ကြသည်။ ရုရှားတွင်လုပ်ငန်းလုပ်ကိုင်ပါက တရုတ်လုပ်ငန်းရှင်များ၏အခေါ်အရ ပေါင်ဟုစန် (Bao Hu San) လိုအပ်သည်။ လုံခြုံရေးအဖွဲ့များ (Siloviki) က ပေးထားသည့် အကာအကွယ်ထီးကိုရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများက ဥပဒေစိုးမိုးမှုကိုလိုလားကြသည်။ အပေါင်းအသင်းဝါဒ (Cronyism) ကို မလိုလား။ အနောက်တိုင်းပုံစံကို သဘောကျသည်။

ကွန်မြူနစ်အင်အားကြီးများကျဆုံးခြင်းမှာ ပြင်ပအင်အားစုများ၊ သို့မဟုတ် ပြည်တွင်းမကျေနပ်မှုများသို့သာဖြစ်သည်။ ၁၉၈၉ ခုနှစ် Tiananmen Square တွင် ဆန္ဒပြသူများသည် မစ်ခေးဂိုဘာချက် (Mikhail Gorbachev) ကို သဘောကျကြသည်။ တရုတ်သည် ယင်း၏နယ်နိမိတ်နားတွင် မူဆလင်ပြည်နယ်များနှင့်ပတ်သက်၍ ဖြေရှင်းပြီး Vancouver မှ Vladivostok အထိ အနောက်တိုင်း လွှမ်းမိုးသောအုပ်စုအနေအထားဖြစ်ဖွယ်ရာရှိမှုကို ဖော်ဆောင်ရမည်ဟုလည်း သဘောဆောင်သည်။

တရုတ်၏အဓိကအလုပ်မှာ အာမခံချက်ရှိသော ရုရှားသည် ရင်းနှီးခင်မင်သော နိုင်ငံအနေဖြင့်လည်းကောင်း၊ ဘက်မလိုက်သော နိုင်ငံအနေဖြင့်လည်းကောင်း ယင်းနှင့်အမေရိကန်အကြား ကြားခံဖြစ်အောင်လုပ်ရန်ဖြစ် သည်။ တရုတ်သည် ယင်း၏အိမ်နားနီးချင်းမှာ အားနည်း သည်ကိုလည်းကောင်း၊ အလွန်အင်အားကြီးမားသည်ကို လည်းကောင်း မလိုလား။ အမေရိကန်နှင့် နောက်ထပ် ပြဿနာများမဖြစ်ပါက ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီတွင် ရုရှားနှင့်အတူ မဲထည့်လာမည်။ သာဓကအားဖြင့် ရုရှားကခရိုင်မီးယား‌ဒေသ (Crimea) ကို သိမ်းပိုက်ခြင်းအား တရုတ်ကဝေဖန်မည်မဟုတ်။ တစ်ချိန်တည်းမှာပင် အသိအမှတ်ပြုမည်လည်းမဟုတ်။

ထိုသို့ပြုလုပ်ခြင်းဖြင့် တရုတ်အတွက် အကျိုးအမြတ်ရမည်။ Crimea ကို သိမ်းပိုက်ခြင်းနှင့် ယူကရိန်း (Ukraine) ကို ကျူးကျော်ခြင်းများကြောင့် အနာဂတ် ရုရှား-အမေရိကန်မဟာမိတ်ဖွဲ့ခြင်းအလားအလာကို ပယ်ဖျက်လိုက်သည်။ မစ္စတာပူတင်၏ လုပ်ဆောင်မှုသည် အနောက်တိုင်း၏ တရုတ်အပေါ်ထားနေသော အာရုံကိုလွှဲစေသည်။ ထို့အပြင် ရုရှားက တရုတ်ကို ပိုမိုမှီခိုလာစေသည်။ ထိုကျူးကျော်မှုပြီးနောက် လပေါင်းများစွာအကြာ၊ ၂၀၁၄ ခုနှစ်၊ မေလတွင် လုပ်ငန်းရှင်များ၊ အစိုးရအရာရှိများလိုက်ပါလျက် မစ္စတာပူတင်သည် ပါတနာအသစ်ဖန်တီးရန် ရှန်ဟိုင်းသို့ လည်ပတ်ခဲ့သည်။ ထိုခရီးစဉ်တွင် ချုပ်ဆိုခဲ့သောစာချုပ်မှာ ဒေါ်လာလေးရာဘီလီယံတန်ဖိုးရှိ နှစ် ၃၀ ဓာတ်ငွေ့စာချုပ်တစ်ခုဖြစ်သည်။ ထိုစာ ချုပ်ကို The Power of Siberia ဟုခေါ်သော အရှေ့ဖျား ပိုက်လိုင်းတစ်ခုဖြင့် အကောင်အထည်ဖော်မည်ဖြစ်သည်။ လည်ပတ်မှုကို ယခုနှစ်အကုန်တွင် စတင်မည်ဖြစ်သည်။ ထို့အပြင် ဓာတ်ငွေ့ရည် (LNG) ကို သင်္ဘောဖြင့် တင်ပို့ရာတွင် အနောက်မြောက်လမ်းဖွင့်ရန် နည်းလမ်းရှာဖွေ ရန်အတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဖြစ်သည်။ ရေနံကုမ္ပဏီများတွင် တရုတ်က ရင်းနှီးမြှုပ်နှံနိုင်သည်များအပေါ် တရားမဝင်ကန့်သတ်ချက်များကို ပယ်ရှားပစ်လိုက်သည်။ S-400 လေယာဉ်ပစ်စနစ်အပါအဝင် ရုရှား၏နျူးကလီးယားမဟုတ်သောလက်နက်များကို ပေကျင်းကတစ်တွဲလုံးအပြည့်အဝရရှိနိုင်သည်။

မှီခိုလာရခြင်းနှင့် မဟာမိတ်ဖြစ်ခြင်းတို့ကို လွဲမှားမမှတ်ယူသင့်။ ရုရှားနိုင်ငံတွင်းနှင့် တရုတ်နိုင်ငံတွင် ရုရှားဝါဒဖြန့်သမားက လက်ရှိကုန်သွယ်ရေးစစ်ကို အခွင့်ကောင်းယူ၍ ရှုပ်ထွေးမှုများကို ယပ်ခတ်ပေးပြီး ရုရှားနိုင်ငံကိုလည်း အမေရိကန်၏ ရန်လိုခြင်းခံရသည့် နိုင်ငံများထဲတွင် ဆွဲထည့်လိုက်သည်။ တရုတ်နိုင်ငံကတော့ ယင်းကြွေးကြော်ထားသည့်အတိုင်း မဟာမိတ်များနှင့် ရန်ဘက်များနှစ်ဖက်စလုံးကို ရှောင်ရှားပြီး ရပ်တည်နေသည်။ ”ကျွန်တော်တို့အတွက် အရေးအကြီးဆုံးဆက်ဆံရေးကတော့ အမေရိကန်နဲ့ပါပဲ။ စတာလင်နဲ့မော်စီတုန်းတို့ရဲ့ အမှာမျိုးကိုထပ်မလုပ်ချင်ဘူး”ဟု Fudan University & Sd Centre for Russian and Central Asian Studies မှ Feng YuMun က ပြောပြသည်။ ”တရုတ်က ရုရှားကိုမှီခိုရတာထက် ရုရှားက တရုတ်အပေါ်မှီခိုရမှုက ပို၍ ကြီးမားသည်။

”အပေါင်းအဖော်လုပ်ဖို့ ၁ ယွမ်

တရုတ်ကမဟာမိတ်ဖွဲ့ခြင်းကို မလိုလား။ မှီခိုလာမှုကို ဖန်တီးသည်။ ကရင်မ်လင်တွင် အာဏာအပြောင်းအလဲ ဖြစ်ပါက အနောက်ဘက်သို့ ပြန်လှည့်နိုင်သည်။ Stalin ကို Khrushchev က ဆက်ခံသောအခါက ဖြစ်ခဲ့ဖူးသည်။ Siberia မှလူများ တရုတ်ကို မကြိုက်သကဲ့သို့ တရုတ်ကို ရုရှားလူမျိုးများ မနှစ်မြို့လာသည့်အခါတွင်လည်း အနောက်တိုင်းသို့ လှည့်သွားနိုင်သည်။ ထို့အတွက် တရုတ်သည် ရုရှားနိုင်ငံရေးလောကအတွင်း တရုတ်အား ထောက်ခံသူများကို ဖန်တီးနေသည်။

စွမ်းအင်ကဏ္ဍတွင် တရုတ်ကရုရှား၏ ပိုင်ဆိုင်မှုများကို ချဉ်းကပ်ရယူခွင့်ရှိနေသည်။ Mr Ti nchenko တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်သည့် စွမ်းအင်ကုမ္ပဏီ Novatek က လုပ်ကိုင်သည့် Arctic LNG Project အား တရုတ်အစိုးရ ၏ စွမ်းအင်ကုမ္ပဏီများက ငါးပုံတစ်ပုံပိုင်ဆိုင်သည်။ ရု ရှား ရေနံကုမ္ပဏီများ အသုံးပြုနေသော တွင်းတူးကိရိယာ များ၏ တစ်ဝက်နီးပါးခန့်သည် တရုတ်နိုင်ငံမှလာသည်။တရုတ်က ရုရှားနိုင်ငံပိုင်ကုမ္ပဏီ Rosneft အား ပိုင်ဆိုင်မှု များရရှိရန် အကူအညီပေးခဲ့ပြီး ယင်းထံမှ ရေနံများ ဝယ် ယူခဲ့သည်။ မစ္စတာပူတင်နှင့် မစ္စတာရှီတို့သည် ကုန်သွယ် မှုတန်ဖိုးအား ယွမ်နှင့် ရူဘယ်တန်ဖိုးများဖြင့်ထားရန် သဘောတူထားခဲ့ကြသည်။ အမေရိကန်၏စီးပွားရေးအရ အရေးယူမှုကို ရှောင်ရန်ဖြစ်သည်။ ရုရှားဗဟိုဘဏ်တွင်စုစုပေါင်းအရန်ထားရှိမှုများတွင် တရုတ်ယွမ်ငွေမှာ ၁၄ ရာခိုင်နှုန်းပါဝင်သည်။ ယင်းပမာဏသည် တခြားသော ဗဟိုဘဏ်များထက် ဆယ်ဆပိုများသည်ဟု MrGabuev က ပြောလိုက်သည်။

ရုရှားသည် နည်းပညာပိုင်းတွင်လည်း တရုတ် ကို မှီခိုလာရသည်။ ဟွာဝေးသည် ယင်း၏၅ွ ဆက်သွယ် ရေးကိရိယာများကို ရုရှားတွင် ထုတ်လုပ်လျက်ရှိသည်။တရုတ်နိုင်ငံ e-commerce ကုမ္ပဏီကြီး Alibaba သည် ရုရှား၏အကြီးမားဆုံးသော Social Media ကွန်ရက်များကို ပိုင်ဆိုင်သည့် Mail.ru နှင့်ဖက်စပ်လုပ်ငန်းလုပ်တော့မည် ဖြစ်သည်။ ရှရှားတွင် ယင်း၏အင်တာနက်အချုပ်အခြာပိုင် ဆိုင်မှုနှင့်ပတ်သက်ပြီး ရှိနေသည့် တင်းကျပ်၊ ပြင်းထန် သည့် ဥပဒေ (Draconian Law) မှာ တရုတ်နိုင်ငံမှ ကူး ယူထားခြင်းဖြစ်သည်။ Dahua Technology သည် မျက်နှာ ကို မှတ်မိခြင်းနည်းပညာ (Facial Recognition) နှင့်ပတ် သက်ပြီး အကူအညီပေးနေသည်။ တရုတ်သည် ရုရှားအား ယင်း၏ဂြိုဟ်တုပတ်လမ်းထဲသို့ ဆွဲသွင်းနေသည်။

ရုရှားအရာရှိများသည် တရုတ်၏ ထိုးဖောက်ဝင် ရောက်လာမှုနှင့်အတူ ဆက်နွှယ်နေသည့် လုံခြုံရေးအန္တ ရာယ်များကို သိထားပြီး ရုရှားတွင် ပြုလုပ်သော ဆော့ဖ်ဝဲ နှင့် အယ်လ်ဂိုရစ်သမ်တို့အား အသုံးပြုရန်ကြိုးစားနေကြ သည်။ သို့သော်လည်း တရုတ်၏ဟာ့ဒ်ဝဲမှကင်းပြီး နေ၍ မရ။ Artificial intelligence – AI (အသိဉာဏ်အတု) ကို ပိုင်နိုင်သည့် နိုင်ငံများနှင့် ကုမ္ပဏီများသည် တစ်နေ့တွင် ကမ္ဘာကိုအုပ်စိုးမည်ဟု မစ္စတာပူတင်က ပြောခဲ့ဖူးသည်။ ရုရှား၏လက်ရှိ ဗှု မှာ တရုတ်နိုင်ငံမှဖြစ်ဖို့ အခြေအနေ မြင့်မားသည်။

နှစ်နိုင်ငံဆက်ဆံရေးတွင် အချိုးအစားမပြေပြစ်မှု၊ ပဋိပက္ခဖြစ်မှုများသည် အလယ်ပိုင်းအာရှတွင် ဖြစ်ပျက်နေသည်မှာ သိသာသည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် ထူထောင်ခဲ့သည့် Shanghai Cooperation Organization (SCO) ကို ကြည့်ပါ။ ယင်းအဖွဲ့အစည်းသည် တရုတ်၏ စီးပွားရေးနှင့် နိုင်ငံရေးသြဇာလွှမ်းမိုးမှုအတွက် နည်းလမ်းတစ်ခုဖြစ်သည်ဟု တရုတ်ကမြင်သည်။ ရှန် ဟိုင်းရှိ CO Institute တစ်ခုတွင် တာဂျစ်နှင့် တခြားသော အလယ်ပိုင်းအာရှမှအရာရှိများအား လေ့ကျင့်သင်တန်းပေး ခဲ့သည်။ ရုရှားက ယင်းသည်တရုတ်၏ ချဲ့ထွင်မှုကို တားဆီးမှုတစ်ခုဟုမြင်သည်။ ထို့အတွက် လွန်ခဲ့သည့်နှစ်နှစ်ခန့်က ထိုသင်တန်းမျိုးကို အိန္ဒိယနှင့်ပါကစ္စတန်တို့ကိုပါ ပေးဖို့ ရုရှားကတောင်းဆိုခဲ့ဖူးသည်။ တရုတ်က SCO အတွင်း Free Trade Zone ဖန်တီးနေသည်ကို ရုရှားကတား ဆီးရန် ကြိုးစားခဲ့သည်။ ရုရှားက Collective Security Treaty Organization နှင့် ယှဉ်၍ Eurasian Union ကို ထူ ထောင်ခြင်းဖြင့် တားဆီးရန်ဖြစ်သည်။ ရည်ရွယ်ချက်မှာ ရုရှား၏ ဈေးကွက်အတွင်းသို့ တရုတ်ပစ္စည်းများအလျံပယ် ဝင်လာခြင်းကို ပိတ်ဆို့ရန် ဖြစ်သည်။

အလယ်ပိုင်းအာရှနိုင်ငံများကတော့ SCO အား တရုတ်၏ ရန်ကိုကာကွယ်ဖို့ထက် ရုရှားရန်ကို ကာကွယ် ရန်ဖြစ်သည်ဟုမြင်ကြသည်။ အထူးသဖြင့် Crimea ကို ကျူးကျော်ခြင်းနှင့် Ukraine စစ်ပြီးသည့်နောက်ပိုင်းတွင် ဖြစ်သည်။ စိုးရိမ်ကြောက်ရွံ့မှုများရှိနေသည်ကို အလယ် ပိုင်းအာရှနိုင်ငံများအနက် အချမ်းသာဆုံးနှင့် ရုရှားနှင့်အရှည်ဆုံးနယ်နိမိတ်ရှိသည့် ကာဇက်စတန်တွင် သိ သာနိုင်သည်။ အမေရိကန်၊ ဗြိတိန်နှင့် ရုရှားတို့က ယင်း ၏အချုပ်အခြာပိုင်ဆိုင်မှုကို ကာကွယ်ပေးမည်ဟူသော ကတိကဝတ်ကြောင့် ကာဇက်စတန်သည် ၁၉၉၄ ခုနှစ် တွင် ဆိုဗီယက်နျူကလီးယားလက်နက်များကို စွန့်လွှတ် ခဲ့ရသည်။

နောင်နှစ် ၂၀ ကြာသည့်အခါ ရုရှားက Crimea ကို သိမ်းပိုက်လိုက်ခြင်းက Budapest Memorandum ၏တန်ဖိုးအမှန်ကို ဖွင့်ပြခဲ့သည်။ ရက်သတ္တပတ်အနည်းငယ် အတွင်း ကာဇက်စတန်၏ပထမဆုံးသော သမ္မတ Nursultan Nazarbayev က မစ္စတာရှီကျင်ပင်းအား သူ့နိုင်ငံလုံ ခြုံရေးအတွက် အာမခံချက်ပေးရန်တောင်းဆိုခဲ့သည်။ ရုရှားကျေနပ်အောင်လည်း ကာဇက်စတန်သည် ရုရှား၏ Eurasian Union ကို ဝင်ခဲ့သည်။ ”ရုရှားက Eurasian Union ကို ငွေကြေးတစ်ခုတည်း၊ ပါလီမန်တစ် ခုတည်းနဲ့ နိုင်ငံရေးနဲ့ စီးပွားရေးသမဂ္ဂတစ်ခုဖြစ်စေချင်တယ်။ ကျွန် တော်တို့ကလည်း အဲဒီအင်အားကို အားပျော့အောင်လုပ် နိုင်ခဲ့တယ်” ဟု ကာဇက်စတန်ညှိနှိုင်းသူများထဲမှ တစ်ဦးကဆိုသည်။

CEO Business and Management Magazine, www.ceo-myanmar.com, စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ၊ သတင်းဆောင်းပါးကောင်းများ, Leader Myanmar, Business and Management, Effective Leader Yangon ၊ Business Magazine in Myanmar, Business Magazine Yangon, Management Book in Myanmar, Management Book in Yangon၊ စီမံခန့်ခွဲမှု, Russia and China,

နဂါးလေးများ

ရုရှားနှင့် တရုတ်တို့၏ အလယ်ပိုင်းအာရှကို ချဉ်းကပ်မှု များသည် ထူးခြားသည်။ ရုရှားက တုတ်ကို ရမ်းပြသည့် အချိန်တွင် တရုတ်က မုန်လာဥနီကို ပေးသည်။ ယင်းက အလယ်ပိုင်းအာရှခေါင်းဆောင်မှုအပိုင်းများက တိမ်းညွှတ် လာစေရန်နှင့် ထိုနိုင်ငံများ၏ နိုင်ငံသားများ၏ တရုတ်အ ပေါ်မကျေနပ်မှုများအား ချေဖျက်ပစ်ရန် ယင်း၏ Soft Power Toolbox အတွင်းမှ ကိရိယာတိုင်းကို အသုံးချနေ သည်။ တရုတ်က ကာဇက်နှင့် အူဝီဂါ (Uighurs) မူဆလင်များကို ပြည်တွင်းလုံခြုံရေးအကြောင်းပြချက်ဖြင့် စင်ကျန် (Xinjiang) တွင် နှိပ်ကွပ်မှုများကြောင့် မကျေနပ် မှုများဖြစ်လာသည်။ တရုတ်က ရက်ရောသော အိမ်နားနီး ချင်းနိုင်ငံတစ်နိုင်ငံအဖြစ် ပြုမူနေခြင်းသည် အလုပ်ဖြစ် နေသည်။ ထိုလုပ်ဆောင်မှုအား ကုလသမဂ္ဂတွင်၊ သို့မ ဟုတ် အစ္စလာမ်နိုင်ငံများအဖွဲ့ (Organization of Islamic States) သို့ ဝေဖန်ရန် တိုက်တွန်းသည့်အခါ တုံ့ပြန်မည့်သူ မရှိ။ စင်ကျန်၏ Re-education Camps များတွင် ကြုံတွေ့ ခဲ့ရသည့် အတွေ့အကြုံများကို ဖွင့်ပြောမည့် တက်ကြွသူ များအား ကာဇက်စတန်က သော့ခတ်ပိတ်ထားခဲ့သည်။

”ရုရှားက ကျွန်တော်တို့ကို သူတို့အင်ပါယာရဲ့အစိတ်အပိုင်းတစ်ခုလို့ မြင်နေသေးတယ်။ ကျွန်တော်တို့ ရဲ့ ယုံကြည်မှုကို ရစရာမလိုဘူးလို့ ထင်တယ်” ဟု ကာ ဇက်စတန်မှ အဆင့်မြင့်အရာရှိတစ်ဦးက မှတ်ချက်ချ သည်။ ”ရုရှားက မဟာမိတ်တွေဆိုပြီး ပြောလေ့ရှိသလို၊ တရုတ်က မိတ်ဆွေတွေဆိုပြီး သုံးနှုန်းတယ်။” မိတ်ဆွေ ဖြစ်ခြင်းဆိုသည်မှာ အလယ်ပိုင်းအာရှခေါင်းဆောင်များအတွက် ကိစ္စရှိလာသည်။ သမိုင်းတွင် ဆန့်ကျင်ဘက်များ ဖြစ်လာတတ်သည့် အ‌ကြောင်းများရှိခဲ့သည်။ ၁၉ ရာစုနှစ် တွင် အလယ်ပိုင်းအာရှနိုင်ငံများက အရှိအတိုင်းနေလို ကြသည်။ သို့သော် ရုရှားက အတင်းအကျပ်အနောက်တိုင်း ဆန်စေချင်ခဲ့သည်။ ယခုအချိန်တွင် ရုရှားက အရှိအတိုင်း ပဲဖြစ်စေလိုသည်။ သို့သော်လည်း အလယ်ပိုင်းအာရှနိုင်ငံ များ အနောက်တိုင်းဆန်ချင်လာသည်။ ကွန်ပတ်စ်သုံး၍ အနောက်တိုင်းကို သွားစရာမလို။ တရုတ်နှင့် ရင်းနှီးခင် မင်မှုသည် ထိုရည်မှန်းချက်ကို ပြည့်မီရန် ဖြစ်သည်။

အလယ်ပိုင်းအာရှနိုင်ငံအများစု၏အစိုးရများက ရုရှား၏ Eurasian Union နှင့် ယင်း၏ Collective Security Treaty Organization တို့ကို မနှစ်မြို့ကြသော်လည်း ၂၀၁၃ ခုနှစ်တွင် ကာဇက်စတန်၌ ကြေညာသောတရုတ်၏ Belt and Road Initiative – BRI ကိုတော့ စီးပွားရေးအခွင့် အလမ်းအရလည်းကောင်း၊ လုံခြုံရေးအာမခံချက်အရ လည်းကောင်း သဘောကျကြသည်။ မြေပတ်လည်ဝန်းရံ လျက်ရှိသော ကာဇက်စတန်ကိုဖြတ်၍ ယခင်ပိုးလမ်းမကြီး ကို ပြန်လည်ဖော်ဆောင်ရန် ပထမဆုံးအဆိုပြုသူမှာ Mr Nazarbayev ဖြစ်သည်။ ”ကျွန်တော်တို့က တိုက်ကျွန်းရဲ့အ လယ်မှာ ရောက်နေတယ်။ ပင်လယ်ပြင်နဲ့ မထိစပ်ဘူး။ ဒါပေမဲ့ လုပ်ငန်းရှင်တစ်ဦးရဲ့ အဆိုအရ တရုတ်နိုင်ငံဟာ ကျွန်တော်တို့ရဲ့ ပင်လယ်ကြီးပါပဲ” ဟု သူကပြောသည်။လွန်ခဲ့သည့်နှစ်နှစ်က China Ocean Shipping Co သည် ကာဇက်-တရုတ်နယ်စပ်တွင်ရှိသော အလွန်ကျယ်သည့် လမ်းနှင့် ရထားလမ်းဆုံးဂိတ် Road-and-Rail terminal) Khorgos Dry Port တွင် ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့သည်။ယင်းဆိပ်ကမ်းနှင့် ဂိတ်သည် တရုတ်၏ BRI အတွက် အဓိကျသည်ဟုမြင်ကြသည်။ လအနည်းငယ်အတွင်း ဈေးဝယ်စင်တာများ၊ မတ်ရပ်ချားရဟတ် (Ferris wheel)တစ်ခု၊ အထပ်မြင့်အိမ်ရာနှင့် (Uighur မူဆလင်များဖွင့် သည့်) အူဝီဂါစားသောက်ဆိုင်များပါရှိသော မြို့တစ်မြို့ သည် နှစ်နိုင်ငံနယ်နိမိတ်၊ တရုတ်ဘက်အခြမ်းတွင် ပေါ် လာလေသည်။

”တရုတ်က စင်ကျန်နယ် (Xinjiang) တည်ငြိမ် မှုရဖို့အတွက် အလယ်ပိုင်းအာရှကို နည်းလမ်းတစ်ခုအနေ နဲ့ ပထမဦးဆုံးမြင်တဲ့သူဖြစ်တယ်။ ဒါပေမဲ့ တစ်ချိန်တည်း မှာပဲ အလယ်ပိုင်းအာရှဟာ တရုတ်နိုင်ငံခြားရေးမူဝါဒနဲ့ ရုရှားစံအပြုအမူလွှမ်းမိုးတဲ့ နယ်မြေအဖြစ် တိုးဝင်နိုင်မှုတို့ အတွက် အစမ်းသပ်ခံလည်းဖြစ်နေပါတယ်” ဟု လန်ဒန် မှ ပညာရှင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Royal United Services Institute မှ RaffaelloPantucci က ထောက်ပြ သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်နှစ်အတွင်းတွင် ရုရှား ၏ အလယ်ပိုင်းအာရှအတွင်း စွမ်းအင်ပိုက်လိုင်းများအား လက်ဝါးကြီးအုပ်နေမှုကို တရုတ်က ဖြိုခွင်းခဲ့သည်။ ရုရှား ပိုက်လိုင်းလုပ်ကိုင်သည့်ကုမ္ပဏီ Transneft သည် ကာ ဇက်ရေနံစီးဆင်းမှုကို ထိန်းချုပ်ခဲ့သည်။ ယခုအခါ ကာ ဇက်စတန်သည် ယင်း၏ ရေနံကို ၂၀၀၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော ပိုက်လိုင်းအသစ်တစ်ခုဖြင့် တရုတ် နိုင်ငံသို့တင်ပို့သည်။ ယခင်က လမ်းအားလုံးသည် မော်စ ကိုသို့ ဦးတည်သည်။ ယခုအခါ ပေကျင်းသို့ ဦးတည်နေ ပြီဟု MrPantucci က ဆိုသည်။

ရုရှားသည် အလယ်ပိုင်းအာရှအပေါ် ယဉ်ကျေး မှုအရ၊ ဘာသာစကားအရ၊ နိုင်ငံရေးအရ လွှမ်းမိုးမှုရှိနေ သေးသည်။ ရုရှား၏ ရွှေ့ပြောင်းအလုပ်သမားများကို သန်းနှင့်ချီ၍ ခန့်ထားသည်။ မီဒီယာနှင့် သတင်းပြန်ကြား ရေးနယ်မြေကို ထိန်းချုပ်ထားသည်။ အလယ်ပိုင်းအာရှအစိုးရများအားပြုချင်သလိုပြု၍ရသည်ဟု ယုံကြည်ထား သည်။ သို့သော် ထိုအခြေအနေက တရုတ်ကိုတော့ ပူပန် မှုမဖြစ်စေ။ ”အိမ်ကို ကိုယ်ကပိုင်တယ်ဆိုရင် အိမ်ငှားက ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး”ဟု အနောက်တိုင်း သံတမန်တစ်ဦးက ဆိုသည်။

ကာဂျစ်ဇ်စတန် (Kyrgyzstan)၊ Osh မြို့ရှိ ဗဟို လမ်းမကြီးတွင် ဟန်ချက်ပြောင်းသွားသည်မှာ သိသာ သည်။ အဓိကရင်ပြင်(Main Square) ရှိ လက်မောင်းကို ဆန့်တန်းထားသည့် လီနင်ရုပ်တုအနီးတွင်ရှိသည့် မြို့အ တွင်း အကြီးမားဆုံးဟိုတယ် Shanghai City သည် မြေစိုက်အမှတ်အသားသစ်တစ်ခုဖြစ်သည်။ ယင်းဟိုတယ်၏အသက် ၃၁ နှစ်အရွယ် မန်နေဂျာ AzizbekKarabaev သည် ၂၀၀၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းနှစ်များတွင် ရုရှားတွင် အလုပ်လုပ်ခဲ့သည်။

သို့သော်လည်း ၂၀၁၂ ခုနှစ်တွင် တရုတ်ဘာသာ စကားကိုသင်ယူ၍ ဟိုတယ်လုပ်ငန်းကို လေ့လာရန်အ တွက် တရုတ်နိုင်ငံသို့ သွားခဲ့သည်။ ”တရုတ်စကားပြန်တွေအများကြီးလိုနေတယ်” ဟု သူက ပြောသည်။ သူ၏ ခြောက်နှစ်အရွယ်သားငယ်မှာ ရုရှားစကား မပြောတတ်၊ မန်ဒရင်းကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်သည်။ သူ့ တွင် ဝမ်ရှောင်လုံ (Wang Xiao Long) ဟူသော တရုတ်အမည်ရှိသည်။ အဓိပ္ပာယ်မှာ”နဂါးလေး” ဟူ၍ ဖြစ်လေသတည်း…

ရဲညွန့် (မဟာဝိဇ္ဇာ၊ နိုင်-ဆက်)

ရည်ညွှန်း – The Economist, July 27,2019 မှ The Junior Partner ဆောင်းပါးကိုဆီလျော်အောင် ဘာသာပြန်ဆိုသည်။