ရိုးမဘဏ်အကောင့်သုံးစွဲသူများဘဏ် အချင်းချင်း ငွေလွှဲဝန်ဆောင်ခ ကင်းလွတ်ခွင့်ပြု

Corona Virus (Covid-19) ရောဂါ ကူးစက်ပြန့်ပွားမှုများကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့စီးပွားရေးလုပ်ငန်းများကိုအထောက် အကူပြုနိုင်ရေးအတွက်ရည်ရွယ်ပြီး ရိုးမဘဏ်အကောင့်ပိုင်ရှင်များ ရိုးမဘဏ်ငွေလွှဲကောင်တာကနေတစ်ဆင့် ဘဏ်အချင်းချင်းငွေလွှဲရာမှာပေးဆောင်ရတဲ့ ဝန်ဆောင်ခတွေကို၂၀၂၀ပြည့်နှစ်၊မေလ၇ရက်၊ ကြာသပတေးနေ့ကစပြီးကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ ဒီဆောင်ရွက်ချက်ကိုဘဏ်ဝန်ဆောင်မှု အသုံးပြုသူတွေအနေနဲ့ ငွေသားမဲ့ ငွေပေးချေမှုများပိုမိုဆောင်ရွက်လာနိုင်စေဖို့်နဲ့ ဘဏ်အချင်းချင်းငွေလွှဲမှုတွေ ပိုမိုဆောင်ရွက်လာစေဖို့ရည်ရွယ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ထောက်ခံအားပေးမှုတွေနဲ့ အကောင်အထည်ဖော်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ရိုးမဘဏ်အကောင့်ကနေတစ်ဆင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကွန်ရက်အဖွဲ့ဝင် အခြားဘဏ်အကောင့်တစ်ခုထဲကို ရိုးမဘဏ်ငွေလွှဲကောင်တာကနေတစ်ဆင့် ငွေလွှဲပါက ရိုးမဘဏ်အတွက်ဝန်ဆောင်ခနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကွန်ရက်အသုံးပြုကြေး (CBM Net ) များအပါအဝင် ဝန်ဆောင်ခအားလုံးကိုကင်းလွတ်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။ အလားတူအခြားဘဏ်အကောင့် ကနေ ရိုးမဘဏ်အကောင့်ထဲကိုငွေလွှဲလျှင်လည်း ရိုးမဘဏ်အတွက် ဝန်ဆောင်ခကင်းလွတ်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ အခြားဘဏ်တွေကကောက်ခံထားတဲ့ ဝန်ဆောင်မှုတွေကိုတော့ အဆိုပါဘဏ်တွေရဲ့ CBM Net အသုံးပြုကြေးနဲ့ ဘဏ်ဝန်ဆောင်ခအပါအဝင် ငွေလွှဲဝန်ဆောင်ခ နှုန်းထားတွေအတိုင်းဆက်လက်ပေးဆောင်ရမှာဖြစ်တယ်လို့သိရပါတယ်။