မြန်မာ့ပထမဆုံးလက်လီရောင်းချခြင်းဆိုင်ရာ ကုန်စည်ပြပွဲ Myanmar Retail Summit & Expo 2020 အကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (MMRA) မှ ကြီးမှူးကျင်းပမယ့် မြန်မာ့ပထမဆုံး လက်လီရောင်းချခြင်းဆိုင်ရာကုန်စည်ပြပွဲ Myanmar Retail Summit & Expo 2020 အတွက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့က ကုန်သည်စက်မှုချုပ်အသင်း (UMFCCI) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါသတင်းစာရှင်းလင်းပွဲမှာ MMRA မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားတဲ့ သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြပါတယ်။ Myanmar Retailers Association ရဲ့ ဥက္ကဌဖြစ်သူ ဦးသူရိန်ငြိမ်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက်မှာတော့ ဦးနိုင်လင်း (MMRA’s Vice President) နှင့် ဒေါ်တင်စုလှိုင် (MMRA’s General Secretary) တို့က Myanmar Retail Summit & Expo 2020 အတွက် ရှင်းလင်းဖြေကြားပေးခဲ့တာဖြစ်ပါတယ်။

Myanmar Retailers Association က ကျင်းပမယ့် Expo ကို ဝင်ကြေးအခမဲ့ဖြစ်လာရောက်နိုင်ပြီး လက်လီရောင်းချသူများအတွက် ကုန်ပစ္စည်းဖြန့်ချီပေးနေတဲ့ နာမည်ကျော် Supplier အသီးသီးမှ လူသုံးကုန်၊ စားသောက်ကုန်၊ ကလေးပစ္စည်းများ၊ ဖက်ရှင်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ အလှအပရေးရာပစ္စည်းများ၊ အိုင်တီနည်းပညာပစ္စည်းများနှင့် ဆေးဝါး စတဲ့ ကုန်ပစ္စည်းများကိုလာရောက် ရောင်းချပေးသွားမှာဖြစ်ပါတယ်။

အဆိုပါပွဲမှာ “Unleashing the Retail Potential ” ခေါင်းစဉ်နဲ့ Conference ပွဲကြီးရှိမှာဖြစ်ပြီး လက်လီလုပ်ငန်းများရဲ့အနာဂတ်အလားအလာများ၊ စိန်ေခေါ်မှုများ၊ တိုးတက်ပြောင်းလဲလာသော နည်းပညာများရဲ့ လက်လီလုပ်ငန်းများအပေါ် သက်ရောက်နေမှုများ၊ အာရှလက်လီဈေးကွက်၊ ကမ္ဘာ့လက်လီဈေးကွက်အခြေအနေများကို မြန်မာစီးပွါးရေးအကြံပေး ဓေါက်တာအောင်ထွန်းသက် အပါအဝင် အာရှနိုင်ငံများမှ ထိပ်သီးပညာရှင်များက မျဝေဆွေးနွေးသွားမယ်လို့သိရပါတယ်။

Retail Summit လက်မှတ်များကို Early Birds ဈေးနှုန်း ၃၀၀၀၀ ကျပ်ဖြင့် ဖေဖော်ဝ်ရီလ ၃ ရက်နေ့အထိ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး Myanmar Retail Summit & Expo 2020 ကိုတော့ ၂၀၂၀ ခုနှစ်၊ ဖေဖော်ရီလ ၇ – ၈ ရက်တို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။