မြန်မာနိုင်ငံ စာရင်းအင်းပညာအသင်းကဦးစီးကျင်းပတဲ့ ပညာရပ်ဆိုင်ရာဟောပြောပွဲ

မြန်မာနိုင်ငံ စာရင်းအင်းပညာအသင်း (Myanmar Statistical Association) နှင့် မြန်မာနိုင်ငံ ကုန်သည် စက်မှုအသင်းချုပ် (UMFCCI) တို့ ပူပေါင်းပြီး ကျင်းပတဲ့ ပညာရပ်ဆိုင်ရာ ဟောပြောပွဲတစ်ခုကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၆ ရက်က ရန်ကုန်မြို့၊ UMFCCI မှာ ပြုလုပ်ခဲ့ပါတယ်။

ပွဲမှာ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က အမှာစကား ပြောကြားပေးခဲ့ပြီး မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ခေါင်းစဉ်ဖြင့် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်ကလည်းကောင်း၊ The Role of Statistics Research ခေါင်းစဉ်ဖြင့် ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ စာရင်းအင်းပညာဌာန ပါမောက္ခ၊ဌာနမှူး ဒေါက်တာဒေါ်မော်မော်ခင်က လည်းကောင်း ဟောပြော ဆွေးနွေးပေးခဲ့ကြပါတယ်။