မြန်မာနိုင်ငံတွင် Under Armour ရဲ့ ပထမဆုံးဆိုင်ခွဲကို ဖွင့်လှစ်

Under Armour ရဲ့ ပထမဦးဆုံးသော ဆိုင်ခွဲဖွင့်ပွဲ အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့က Myanmar Plaza Promotion Area မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုဖွင့်ပွဲကို ဖိတ်ကြားထားတဲ့ အထူးဧည့်သည့်တော်တွေနဲ့ အနုပညာရှင်များ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားအစီအစဉ်မှာ Triple Pte Ltd ရဲ့ CEO, Michael Binger နှင့် Ml Group ရဲ့ Group CEO ဖြစ်သူ Kun Paradorn တို့က အမှာစကားအသီးသီး ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တက်ရောက်လာကြတဲ့ အထူးဧည့်သည်တော်များနဲ့ သရုပ်ဆောင်များက ဖဲကြိုးဖြတ်ဆိုင်သစ်ဖွင့်လှစ်ပေးပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါတယ်။

နိုင်ငံတကာ အားကစားအဝတ်အစား၊ ဖိနပ်နှင့် အသုံးအဆောင်ပစ္စည်း ဈေးကွက်မှာ တီထွင်ဆန်းသစ်မှုနဲ့ ရောင်းအားပိုင်းမှာ ဦးဆောင်နေတဲ့ Under Armour ဟာ အရှေ့တောင်အာရှဈေးကွက်ကို အခိုင်အမာ နေရာယူထားတဲ့ ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ Under Armour ဟာ သူ့ရဲ့အရှေ့တောင် အာရှဈေးကွက်ကို ထပ်ပြီး ချဲ့ထွင်လိုတဲ့ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံမှာပထမဆုံးဆိုင်ခွဲကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါတယ်။