မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ၂၈ ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး

မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းရဲ့ ၂၈ ကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက်က Virtual Meeting အနေဖြင့် ပြုလုပ်ခဲ့ပါတယ်။

အဆိုပါအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က အမှာစကားများ အသီးသီးပြောကြားပေးခဲ့ပါတယ်။ ဆက်လက်ပြီး ၂၀၁၉ ခုနှစ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစီရင်ခံစာနဲ့ နှစ်ချုပ်စာရင်းစစ်ချက်အစီရင်ခံစာအား ဖတ်ကြားအတည်ပြုခဲ့ပြီး ၂၀၁၇-၂၀၂၀ အလုပ်အမှုဆောင်များ နုတ်ထွက်ခြင်းနဲ့ ၂၀၂၀-၂၃ ခုနှစ် အမှုဆောင်သက်တမ်းအတွက် ဗဟိုအလုပ်အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ကြေညာပေးခဲ့ပါတယ်။

၂၀၂၀-၂၃ ခုနှစ် အမှုဆောင်သက်တမ်းသစ်ရဲ့ ဥက္ကဋ္ဌအသစ်ဖြစ်သူဦးဆန်းလင်းက လက်ရှိပြည်တွင်းစားသုံးဆီလိုအပ်ချက်မှာ မလောက်ငသဖြင့် ပြည်ပမှ နှစ်စဉ်တန်ချိန် ခုနစ်သိန်းခန့် တင်သွင်းပေးနေရပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသုံးဆီများ ပြည်သူတွေရရှိဖို့ အလေးထား လုပ်ဆောင်ပေးနေကြာင်း၊ အသင်းချုပ်အနေနဲ့ နိုင်ငံတော်ရဲ့ ကူညီပံ့ပိုးမှုဖြင့် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှုအဆင့်ဆင့်ကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ပေးမှာဖြစ်ပြီး ပြည်တွင်းဘဏ္ဍာအသုံးပြုမှု လျော့ချဖို့ အလေးထားဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။