မျက်လုံးကျန်းမာရေး ဂရုစိုက်ပေး

တစ်နေကုန်ကွန်ပျူတာကြည့်၊ စာတွေဖတ်ရတဲ့အခါ သင့်ရဲ့မျက်လုံးတွေနာကျင်ပြီး မျက်ကျောတင်းတာတွေ ဖြစ်လာတတ်ပါတယ်။ ဒီအတွက် ဂရုစိုက်ရမယ့်နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ မျက်လုံးကို ခေတ္တအနားပေးပါ။

သင်လုပ်နေရတဲ့အလုပ်က အာရုံစူးစိုက်မှုများများ လို အပ်တယ်ဆိုရင်တော့ မိနစ် ၂၀ ကို တစ်ကြိမ်ခန့် အနား ယူပြီး အဝေးတစ်နေရာကို လှမ်းကြည့်တာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ ဥပမာ – နံရံပေါ်က ရုပ်ပုံပန်းချီကားချပ်ကိုကြည့်တာမျိုး၊ ဒါမှမဟုတ် ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်တာမျိုးကို အနည်းဆုံး စက္ကန့်၃၀ ခန့် ပြုလုပ်သင့်ပါတယ်။ သင့်မျက်လုံးတွေကို အမြင်အာရုံလွှဲပေးလိုက်တာက မျက်လုံးတွေကို အနားပေး လိုက်တာပဲဖြစ်ပါတယ်။

၂။ မျက်လုံးကို ဂရုစိုက်ပါ။

သင့်လက်တွေကို အသုံးပြုပြီး မျက်လုံးကို ခပ်ဖွဖွလေး ပွတ်ပေးပါ။ နောက် သင့်လက်ဖမိုးကို ပိတ်ထားတဲ့ သင့်မျက်လုံးပေါ်ကို စက္ကန့်အနည်းငယ်မျ ဖိထားပေးပါ။

လက်သုတ်ပဝါရှိမယ်ဆိုရင်လည်း ရေအေးထဲကိုစိမ်ပြီး ရေကို ညှစ်ပါ။ ပြီးရင် အဲဒီအစိုခံထားတဲ့ အဝတ်ကို မျက်လုံးပေါ်မှာ ငါးမိနစ်ခန့် တင်ထားပေးတာကလည်း မျက်လုံးတင်းနေတာတွေကို ပြေလျော့စေနိုင်ပါတယ်။
ကွန်ပျူတာအသုံးပြုတဲ့အခါမှာလည်း သင့် ထိုင်ခုံကို မြှင့်ထားပါ။ ဒါဆိုရင် ကွန်ပျူတာကို အနေ တော်လေး ကြည့်နေသလို ဖြစ်နေပါမယ်။ မျက်နှာ ပြင်နဲ့လည်း လက်မ ၂၀ ခန့် ခွာထားပါ။

တကယ်လို့ သင်ဟာ အဝေးမှုန်တစ်ယောက်ဆို ရင်တော့ မျက်မှန်ချွတ်ပြီး ကွန်ပျူတာမျက်နှာပြင်ကို ကြည့်တာမျိုးတွေ လုပ်နိုင်ပါတယ်။

၃။ နေကာမျက်မှန်သုံးပါ။

ဘယ်လိုနေရောင်အောက်မှာပဲဖြစ်ဖြစ်၊ ဆောင်းဦးဝင်ခါစပဲဖြစ်ဖြစ် နေကာမျက်မှန်တပ်ပါ။ နေရောင်ကြောင့် မြင်ရအောင် ကြိုးစားကြည့်ရတာတွေကို လျော့ချပေး နိုင်ပါတယ်။ နေကာမျက်မှန်ရွေးတဲ့အခါမှာ အဝါရောင်၊ ပယင်းရောင်၊ လိမ္မော်ရောင် ဒါမှမဟုတ် အညိုရောင်မှန် တွေကို သုံးသင့်ပါတယ်။ အလင်းရောင်ထဲက အပြာ ရောင်လှိုင်းတွေက သင့်ရဲ့မျက်လုံးကို တင်းနေစေပြီး နေကာမျက်မှန်တပ်တာက ဒါကို ကာကွယ်ပေးပါတယ်။

မျက်လုံးတွေခြောက်ပြီး ရဲနေတယ်ဆိုရင်တော့ အောက်ပါအချက် တွေကို လိုက်နာပါ။

၁။ ငါးများများစားပါ။

လေ့လာမှုတစ်ခုအရ တူနာငါးတစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ်လောက်စားတဲ့သူတွေဟာ ဒီလိုလက္ခဏာမျိုးတွေ လျော့နည်းပါတယ်။ ငါးကြီးဆီစားတာကလည်းများ စွာအထောက်အကူဖြစ်ပါတယ်။

၂။ တီဗီ၊ ဖုန်းတို့ရဲ့ မျက်နှာပြင်ကို အချိန်ကြာကြာကြည့်တဲ့အခါ မျက်တောင်ခတ်ဖို့ မမေ့ပါနဲ့။

တစ်ချိန်လုံးပဲ တီဗီတို့၊ ဖုန်းတို့ရဲ့ မျက်နှာပြင်ကိုကြည့် နေမယ်ဆိုရင်တော့ သင်မျက်တောင်ခတ်ဖို့ မေ့နေ တတ်ပါတယ်။ မျက်တောင်ခတ်တာက မျက်လုံးကို အရည်ရွှမ်းစေတာကြောင့် မျက်လုံးခြောက်ပြီး ရဲတာကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ လုံလောက်စွာ အိပ်စက်အနားယူပါ။

အိပ်စက်ခြင်းက သင့်မျက်ကြည်လွှာအတွက် လိုအပ်တဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးပါလိမ့်မယ်။

အဒိုနီရမ်