ဘယ်လိုအချိန်မှာ ကိုယ့် Management မှားနေပြီဖြစ်ကြောင်း သိနိုင်ပါမလဲ…

Management အမှားအမှန်ကို အလွယ်ဆုံးပြောရမယ်ဆိုရင် ကိုယ်လုပ်တဲ့လုပ်ငန်းမအောင်မြင်ဘဲ ဆုံးရှုံးသွားတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ တိတိကျကျပြောရမယ်ဆိုရင်တော့ ကုမ္ပဏီအဖြစ်ဖွဲ့စည်းပြီး စီးပွားရေးလုပ်တဲ့အခါ ထိပ်ဆုံးက Executive Officer က အဖွဲ့အစည်းတစ်ခုလုံး အောင်မြင်မှုအတွက် ဖွဲ့စည်းမှုပုံစံ၊ တာဝန်ခွဲဝေမှု၊ အဆင့်ဆင့်လုပ်ပိုင်ခွင့်တွေ သတ်မှတ်ပေးရမှာဖြစ်ပါတယ်။

အဲဒီအဖွဲ့အစည်းကြီးရဲ့အောင်မြင်မှုအတွက်ပါဝင်ရမယ့် ဝန်ထမ်းကျွမ်းကျင်မှုအဆင့်ဆင့်၊ လိုအပ်တဲ့ပစ္စည်းကိရိ ယာ၊ ထုတ်လုပ်မှုနဲ့ ဝယ်ယူရောင်းချမှု၊ လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုအတွက် ငွေအင်အားတွေထည့်ပြီး စီးပွားရေးလုပ် ငန်းကြီး လှုပ်ရှားထိန်းသိမ်းအောင်မြင်နိုင်တယ်ဆိုမှ လုပ် ငန်းစီမံနိုင်တဲ့ Management ဖြစ်မှာပါ။

စီးပွားရေးရည်ရွယ်ချက်က အရင်းအနှီးပေါ်မှာ အကျိုးအမြတ်မှန်မှန်တိုးတက်ပြီး လုပ်ငန်းကြီးပွားဖို့ဖြစ်ပါတယ်။ ဒီလိုဖြစ်မလာဘဲ မကျွမ်းကျင်လို့ အလုပ်သမားတွေထုတ်ရတယ်၊ ငွေရေး ကြေးရေးမထိန်းနိုင်ဘူး၊ ခေါင်းဆောင်မှုမပေးနိုင်ဘဲ ဆုံး ရှုံးမှုနဲ့ ရင်ဆိုင်ရရင်တော့ Management မှားခဲ့လို့ဖြစ်ပါတယ်။ အကုန်မဆုံးခင် စ,ရှုံးလာလို့ မထိန်းနိုင်ရင် ရပ်သင့်ပါတယ်။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)