ဗျူဟာကျကျစဉ်းစားရန် နည်း ၆ နည်း

အမှန်လမ်းကို လိုက်ခြင်း

‘ ဗျူဟာ’ ဆိုသောဝေါဟာရကို အသုံးထပ်အောင် သုံးနေ ကြသည်။ အဓိပ္ပာယ်မှာ မိမိရောက်ရှိနေသောနေရာမှ မိမိရောက်လိုသောနေရာကို သွားလိုခြင်းပင် ဖြစ်သည်။ တင်ပြမည့် နည်းခြောက်နည်းအရ တွေးခေါ်ခြင်းဖြင့် တိုး တက်ခြင်း၊ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းတို့ ပြည့်စုံစွာရရှိမည်။

ခြုံငုံကြည့်ခြင်း..

စီးပွားရေးမဟာဗျူဟာမှာ အပြည့်အစုံလိုအပ်မှုအတိုင်း လုပ်ရမည်ဖြစ်သည်။ အဖွဲ့အစည်းအတွင်းမှ အစိတ်အပိုင်းများအားလုံး ချိတ်ဆက်၍ အောင်မြင်ညီညွတ်စွာ လုပ်ကြ ရမည်။ ထိုအကြောင်းကြောင့်ပင် စေ့စပ်စွာ ချမှတ်ထားသော်လည်း အစီအစဉ်တချို့ကို ပယ်ဖျက်ရန် လိုအပ်နိုင်သည်။ ဟာကွက်များအချို့ကြောင့်ထင်သည့်အတိုင်း မဖြစ်ခြင်းလည်း ရှိနိုင်သည်။ ‘ P’ ခြောက်လုံးစဉ်းစားနည်းမှာ အဖွဲ့အစည်း၏ အစိတ်အပိုင်းများအားလုံး ညီညွတ်စွာလုပ်ကြရန်ဖြစ်ပြီး တစ်နေရာကလိုအပ်မှုသည် ဗျူဟာ၏ အခြားသောနေရာများကိုပါ ထိရောက်သည်။

‘P’ ခြောက်လုံးနည်းကို သုံးသည့်ဘောင်ရှိနေ ခြင်းဖြင့် ဗျူဟာအရ ပါဝင်နေသောအပိုင်းများအားလုံး၏ အရေးပါမှုကိုအဓိကထားပြီး အားလုံးညီညွတ်စွာ လုပ်ကိုင်ကြမှသာ အောင်မြင်မည်။

ဗျူဟာအရ ‘P’ ခြောက်လုံးတွင် ပါဝင်ရမည် တို့မှာ Plan Ploy Pattern Position Perspective နှင့် Process တို့ဖြစ်သည်။ အဓိပ္ပာယ်များမှာ …

Plan – မိမိဦးတည်ချက်ကိုသိရှိပြီး မိမိစီမံမှု အစီ အစဉ်သည် ယင်းနေရာသို့ရောက်ရမည်။

Ploy – မိမိ၏ ပြိုင်ဘက်များနှင့်ပတ်သက်၍ ပိုင်နိုင်သော နည်းဗျူဟာများ ရှိရမည်။

Pattern – မိမိလုပ်ကိုင်ပုံ၊ အပြုအမူတို့သည် ဝယ် သူများနှင့် ဈေးကွက်ကိုအသာရနိုင်မည့် အခြေအနေဖြစ်ရမည်။

Position – မိမိကုမ္ပဏီသည် အခြားသောဈေးကွက် ကုမ္ပဏီများနှင့် နှိုင်းယှဉ်လျင် မည် သည့် နေရာတွင် ရှိကြောင်းသိရမည်။

Perspective – မိမိကုမ္ပဏီ လက်ရှိလုပ်ဆောင်နေပုံကို သုံးသပ်၍ မည်သို့ပြုပြင်ခြင်းဖြင့် ယှဉ် ပြိုင်နိုင်မည့် နည်းဗျူဟာရှာရမည်။

Process – လုပ်ငန်းအစီအစဉ်များကို ဝေဖန်သုံးသပ် ၍ မိမိ၏ဗျူဟာ တိုးတက်အောင်မြင်မှု အတွက် လုပ်ငန်းစဉ်များချမှတ်ရမည်။

ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ – ငြိမ်း – ရန်ကုန်စီးပွားရေးတက္ကသိုလ်)