ဖုန်းအဟောင်းတစ်လုံးကို ဒီအချက် ၆ ချက် မလုပ်ပြီးမချင်း မပစ်ထုတ်လုပ်ပါနဲ့ဦး

သင့်အနေနဲ့ ဖုန်းအသစ်တစ်လုံးဝယ်ဖို့လိုနေပြီ၊ ဒါမှမဟုတ် ဝယ်ပြီးသွားပြီဆိုတဲ့အခါ ဖုန်းအဟောင်းက  အနေအထားကလည်း ကောင်းနေသေးတဲ့ ဖုန်းဆိုရင် သင်က ပြန်ရောင်းလို့ရရင် ရောင်းတာ၊ မဟုတ်လည်း ညီ၊ ညီမ၊ တူ၊ တူမတွေကိုပေးလိုက်တာမျိူး၊ လှူလို့ရတဲ့နေရာမှာ ပြန်လှူလိုက်တာမျိုးလုပ်ချင်မှာပါ။ ဘယ်လိုပဲလုပ်လုပ်ပါ သင့်ဖုန်းဟောင်းကို တစ်ခြားသူတွေလက်ထဲမထည့်ခင်မှာ သင့်ကိုယ်ရေးကိုယ်တာလုံခြုံရေးအတွက် လုပ်ကိုလုပ်သင့်တဲ့ အချက် ၆ ချက်ရှိပါတယ်။

၁။ ဖုန်းအဟောင်းကို back up လုပ်ပါ

ဖုန်းထဲက Data Back Up ကတော့ ဖုန်းဟောင်းသွားမှမဟုတ်ဘဲ အမြဲလုပ်သင့်တဲ့အရာပါ။ ဖုန်းမတော်တဆပျောက်တာပဲဖြစ်ဖြစ်၊ ပျက်စီးရေစိုသွားတာပဲဖြစ်ဖြစ် မတော်တဆတစ်ခုခုမဖြစ်သွားခင် / မမျှော်လင့်တဲ့အခြေအနေတစ်ခုမရောက်သွားခင် သင့်ဖုန်းထဲက Contact တွေ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ၊ Document တွေနဲ့ သီချင်း၊ မှတ်စု စတာတွေကို ပုံမှန် တစ်လတစ်ခါ၊ ၁၅ ရက်တစ်ခါလောက် အမြဲ Back Up လုပ်ထားသင့်တာြဖစ်ပါတယ်။

ဒီနေရာမှာ ဖုန်းထဲက Data တွေကို Memory Card/HardDrive စတာတွေနဲ့ Back Up လုပ်လို့ရသလို Online မှာလည်း Cloud Storage ဝန်ဆောင်မှုတွေဝယ်ပြီး Back Up လုပ်ထားလို့ရပါတယ်။ Android User တွေက Google Cloud Storage တွေကို ဝယ်လို့ရသလို Apple User တွေကလည်း iCloud ကိုဝယ်လို့ရပါတယ်။ ဒါက လူသိအလွယ်ဆုံးကိုပြောတာြဖစ်ပြီး အခြားသော Cloud Storage ဝန်ဆောင်မှုအမျိုးမျိုးလည်း ရှာဖွေသုံးဆွဲနိုင်ပါတယ်။

ဒီနေရာမှာ သင့် အချက်အလက်တွေက သိမ်းဆည်းစရာသိပ်မရှိနည်းတယ်ဆိုရင် Google က Gmail ဖွင့်ရင် Free ရတဲ့ 15 GB စာ Space ကိုလည်း အသုံးချသိမ်းဆည်းထားနိုင်ပါတယ်။ Google Drive ထဲ ထည့်သိမ်းထားတာမျိုးလည်းရပါတယ်။

၂။ ရှိထားသမျှ Account တွေအားလုံးထဲက Sing Out လုပ်ထွက်ပါ

ခုနောက်ပိုင်း နည်းပညာတွေက ပိုလွယ်ကူမှုရှိအောင် ဦးစားပေးလာကြတော့ Account တွေအားလုံးကို ဝင်နေထွက်နေစရာမလိုအောင် တစ်ခါတည်း Credential တွေ သိမ်းပေးထားတတ်ကြပါတယ်။ ပြီးတော့ တော်တော်များများက ဖုန်းထဲ Mobile Wallet တွေထည့်သုံးလာကြပြီ၊ Card နဲ့ချိတ်ဆက်ထားတဲ့ Application တွေလည်း သုံးလာနေကြပြီဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းထဲရှိသမျှ သင်သုံးသမျှ Application တွေထဲကနေ Manually လိုက်ပြီး Sign Out လုပ်ပါ။

၃။ Password တွေအကုန်လိုက် ပြောင်းပါ

Account တွေကို App တွေအားလုံးထဲကနေ ထွက်လိုက်ရုံနဲ့ စိတ်ချရပြီလားဆိုတော့ မချရသေးပါဘူး။ အကောင်းဆုံးကတော့ သုံးသမျှ App တိုင်းအတွက် Password အသစ်တွေ အကုန်လိုက်ပြောင်းတာပါပဲ။ အထူးသဖြင့် ဖုန်းမှာ Gmail ကို default ချိတ်သုံးထားတာမျိုးလည်း ဖြစ်တတ်လို့ Gmail Account ကို လည်း Setting ထဲ သွားပြီး Remove လုပ်ပါ။ ပြီးရင် Password ပြောင်းပါ။ iCloud.com ကတစ်ဆင့် Find My iPhone ဝန်ဆောင်မှုကိုဖွင့်ထားတာရှိရင်လည်း ဖြုတ်ပါ။ Google Account ကို Two-factor Authorization လုပ်ထားရင်လည်း ဖြုတ်ပါ။

၄။ Wirelessly ချိတ်ဆက်ထားသမျှ Devices တွေကိုလည်း ဖြုတ်ပါ

ဖုန်းနဲ့ ချိတ်ထားတဲ့ Devices တွေအမျိုးမျိုးကိုလည်း Unpair လုပ်ပါ။ Smart TV တွေ၊ Speaker တွေ၊ Heardphone တွေ၊ Printer တွေနဲ့ ရေခဲသေတ္တာတွေအဆုံး ချိတ်ဆက်ထားသမျှ Device တွေအကုန်နဲ့ Unpair လုပ်ပါ။

၅။ SIM card တွေ၊ Memory card တွေဖြုတ်ပါ

Data တွေအကုန် Back Up လုပ်ပြီးပြီ၊ Device တွေအကုန်လုံးနဲ့ Unpair လုပ်ပြီးပြီ၊ ရှိသမျှ Account တွေအကုန်လည်းကလည်း Sign Out လုပ်ပြီးပြီဆိုရင်တော့ သင့်ရဲ့ ဖုန်းထဲက SIM Card နဲ့ Memory Card တွေအကုန်ကို ဖြုတ်လို့ရပါပြီ။ ဒါတွေကို မှတ်မှတ်ရရ မဖြုတ်မိဘူးဆိုရင် အဲဒါတွေထဲ သိမ်းထားတဲ့ Contact နဲ့ Info တွေအကုန်ပါ ပါသွားမှာပါ။ ဒါကြောင့် သင်ဝယ်တဲ့ဖုန်းအသစ်မှာ ပြန်သုံးလို့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဖြုတ်ထားလိုက်တာအကောင်းဆုံးပါပဲ။ တကယ်လို့ SIM Card ကို ပြန်မသုံးချင်တော့ဘူးဆိုရင်တောင် မပစ်ခင် ညှပ်ပစ်ပြီးမှ ပစ်ပါ။

၆။ Factory Reset ချပါ

အပေါ်က အချက်တွေအကုန်လုပ်ပြီးပြီဆိုရင်တောင်မှ ဖုန်းအဟောင်းကို Factory Reset ချသင့်ပါတယ်။ သင်မမြင်မိတဲ့ထောင့်တွေမှာ သိမ်းထားတဲ့ Personal Data တွေ၊ သင် Down သုံးထားသမျှ App တွေနဲ့ အချက်အလက်အကုန်လုံးကို Factory Reset ချလိုက်တာနဲ့ ရှင်းလင်းပြီးသားဖြစ်သွားမှာပါ။

iPhone တွေနဲ့ Windows Phone တွေမှာ‌တော့ Factory Reset က Setting ထဲ လွယ်လွယ်ကူကူဝင်တစ်ချက်လုပ်လိုက်ရုံနဲ့ အကုန်ပျက်ပါတယ်။  Android တွေမှာတော့ Full Factory Reset ချလိုက်ရုံနဲ့ Text တွေ၊ Mail Address တွေနဲ့ တခြား အရေးကြီး Data အစိတ်အပိုင်းတစ်ချို့ ပျက်မသွားတတ်ပါဘူး။ ဒါကြောင့် ဒီ Data တွေကို Encrypt လုပ်ဖို့လိုပါတယ်။ ပြီးမှ Factory Reset ချပါ။

Apple Phone တွေကတော့ Auto Encrypt လုပ်ပြီးသားပါ။ Android မှာ Encrypt လုပ်ဖို့ဆိုရင် Setting ထဲက Security ထဲက Encrypt Phone ဆိုတာကို နှိပ်ပါ။ Process ပြီးသွားပြီဆိုတဲ့ Noti တက်လာပြီးမှသာ Reset Your Android Phone ဆိုတာကို ပြန်ရွေးပြီး Factory Reset ချပါမယ်။

အပေါ်မှာ ဖော်ြပထားတဲ့ အချက် ၆ ချက်စလုံးကို လုပ်ပြီးသွားပြီဆိုမှသာ သင့်ဖုန်းကို ရောင်းပြန်ရောင်း၊ လှူချင်ပြန်လှူ၊ ပေးချင် ပေးလုပ်သင့်ပါတယ်။ သတိထားရမယ့်အချက်တစ်ခုက နံပါတ် ၂ အချက်ကို မလုပ်ခင်မှာ သင့်ဖုန်းထဲမှာ သင်သုံးထားသမျှ App/ Account တွေရဲ့ အချက်အလက်တွေကို တစ်နေရာမှာ အရင်မှတ်ဖို့ပါပဲ။ ဒီလိုမှတ်တဲ့နေရာမှာ Password တွေပဲမမှတ်ဘဲ User Name (mail/phone) နဲ့ Password တွေကို တွဲမှတ်ဖို့လိုပါတယ်။ သင်က Mail address များများသုံးတတ်တဲ့၊ ဖုန်းနံပါတ် တစ်ခုထက်ပိုပြီးရှိတဲ့သူဆိုရင် ဒီလိုတွဲမှတ်တဲ့အချက်က ဖုန်းအသစ်ကို Set Up လုပ်တဲ့အခါကျ သင့်အတွက် အတော်လေး အထောက်အကူဖြစ်စေမှာပါ။

Ref : Reader’s Digest , Internet