ပိုမိုကျန်းမာတဲ့ နေ့စဉ်ဘဝရအောင် လုပ်ပေးမယ့် အလေ့အကျင့် ၅ မျိုး

၁။ အိပ်ရေးဝအောင်အိပ်ခြင်း
ကိုယ်ခန္ဓာအတွက် အနားယူကုစားပေးနိုင်တဲ့ အိပ်စက် အနားယူချိန်ကို အမြဲလိုဂရုစိုက်ပေးဖို့လိုပါတယ်။ အလုပ် များလို့ဖြစ်စေ၊ စိတ်ဖိစီးမှုကြောင့်ဖြစ်စေ အိပ်စက်အနားယူဖို့အနှောင့်အယှက်အမြဲလိုလို ဖြစ်နေတယ်ဆိုရင် ဆရာ ဝန်နဲ့ပြသတိုင်ပင်ပြီး ကုသမှုခံယူပါ။ အိပ်စက်အနားမယူ ခင် Gadget အမျိုးမျိုးရဲ့ ဖန်သားပြင်တွေကို မကြည့်၊ မသုံးပါနဲ့။

၂။ ရေများများသောက်ခြင်း
အများစုက ခန္ဓာကိုယ်ရဲ့ရေဓာတ်လိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်လောက်တဲ့ရေပမာဏကို သောက်ဖို့ သတိ မထားမိတတ်ကြပါဘူး။ သတိထားပြီးရေသောက်ဖို့လိုပါ တယ်။ ဓာတ်မှမဟုတ်လည်း ရေဓာတ်များတဲ့အသီးအနှံ တွေကို အလွယ်တကူစားသောက်နိုင်ဖို့ စီစဉ်ထားပါ။

၃။ အပြင်စာသိပ်မစားခြင်း
ကျန်းမာရေးရှု့ထောင့်ကကြည့်ရင် မသင့်တော်နိုင် မယ့်၊ သန့်ရှင်းမှုအားနည်းတဲ့ အစားအသောက် တွေအပြင်၊ အကြော်အမျိုးမျိုးနဲ့ အသင့်စား အစားအသောက်တွေကို တတ်နိုင်သမျ ရှောင်ပါ။

၄။ ခန္ဓာကိုယ်အလေးချိန်ကိုထိန်းခြင်း
ကိုယ့်အသက်အရွယ်နဲ့ အရပ်အမောင်းနဲ့ အလိုက်ရှိသင့် တဲ့ အလေးချိန်ပမာဏထက်မကျော်အောင် အမြဲဆင်ခြင် ပါ။ အထူးသဖြင့် ပေါင်ချိန် ၂၀ ၊ ၃၀ လောက်များနေတတ် တာမျိုးတွေရှိပါတယ်။ ဒါကို မျက်ခြေမပြတ်စေဘဲနဲ့ လေ့ ကျင့်ခန်း၊ ယောဂ စသဖြင့် ကိုယ်နဲ့သင့်တော်ရာလေ့ကျင့် ခန်းတစ်မျိုးမျိုးကို စွဲမြဲစွာလုပ်ပြီးထိန်းပါ။ ဘာမှမလုပ် နိုင်ရင်တောင် တစ်နေ့ကို ၄၅ မိနစ်လောက် ခပ်မြန်မြန် လမ်းလျောက်၊ ပြေးပါ။

၅။ အာဟာရမျတအောင်စားခြင်း
ကိုယ့်နေ့စဉ်စားသောက်မှုတွေထဲက သကြားပမာဏကို ထိန်းချုပ်ရပါမယ်။ ငါးရဲ့အဆီကိုစားပါ။ သကြားလျော့ စားပါ။ အစေ့အဆံတွေကို စားတဲ့အကျင့်လုပ်ပါ။ အသီး အနှံများများစားပြီး အူအတွက်ကောင်းစေတဲ့ အမျင်ဓာတ် ပါတဲ့အစားအစာတွေကိုစားပါ။ ဆီနဲ့ ကာဘိုဟိုက် ဒရိတ်ကို လျော့စားပါ။ သင့်တင့်လျောက်ပတ်တဲ့ စားသောက်နေထိုင်မှုပုံစံကို အစပျိုးပါ။ အရေး အကြီးဆုံးက ကိုယ့်သဘောနဲ့ ကိုယ် Diet မလုပ်ပါနဲ့။ သိရှိနားလည်တတ်ကျွမ်းတဲ့ ပညာရှင်နဲ့ တိုင်ပင်ပြီးမှသာ Diet ကို စနစ်ကျစွာလုပ်ပြီး ရလဒ်ကိုတိုင်းတာခြင်းနဲ့ ဆက်လုပ်ဖို့လိုမလိုဆိုတာကို ဆုံး ဖြတ်ရပါမယ်။