နိုင်ငံတကာစာအုပ်အညွှန်း

ဒေါက်တာ သာထွန်းဦး

ယခုလတွင် မိတ်ဆက်ပေးလိုသည့်စာအုပ်မှာ Clayton M.Christensen ရေးသားသည့် How Will You Measure Your Life? စာအုပ်ပင်ဖြစ်ပါသည်။ အလုပ်လုပ်နေသူတစ်ယောက်အဖို့ အလုပ်နှင့်မိသားစုမျညီရေး၊ အဓိပ္ပာယ်ရှိ သောဘ၀တည်ဆောက်နိုင်ရေးစသဖြင့် တိုတောင်းသော ရှင်သန်ရပ်တည်ရသည့် ဘဝတစ်သက်တာအတွက် စနစ်တကျပြင်ဆင်ကြသကဲ့သို့ အဓိပ္ပာယ်မျိုးစုံလည်း ဖွင့်ဆိုကြပါသည်။

စာရေးသူအနေဖြင့် Harvard Business School တွင် သင်ကြားနေသူတစ်ယောက်ဖြစ်ရာ သင်တန်းတစ်ခုပြီးတိုင်း မှာကြားလေ့ရှိသည်မှာ ငါးနှစ်တစ်ကြိမ် ကြုံရသည့်ကျောင်းသားကျောင်းသူများ ပြန်လည်တွေ့ဆုံသည့် အခမ်းအနားတွင် ပျော်ရွှင်စရာကောင်းလှကြောင်း၊ သို့သော် စာရေးသူတို့၏ကျောင်းနေဖက်များ ဆယ်ကြိမ်မြောက်တွေ့ဆုံသည့် အခမ်းအနားတွင်မူ အစစအရာရာ ပြောင်းလဲလာကြောင်း၊ တချို့ကို မတွေ့ရတော့ပါကြောင်း၊ အောင်မြင်သူတချို့ကို ထပ်မံတွေ့ဆုံရပါကြောင်း၊ သို့သော် သတိပြုမိသည့်အချက်မှာ ပျော်ရွှင်မှုဆိတ်သုဉ်းနေခြင်း ပင် ဖြစ်ကြောင်းတို့ ဖြစ်ပါသည်။

ကျောင်းဆင်းခါစတွင် မျော်လင့်ချက်၊ ရည်မှန်းချက်နှင့် အိပ်မက်များစွာဖြင့် တက်ကြွနေကြသူများအထဲတွင် တချို့မှာဆို အကြောင်းကြောင်းကြောင့်ပင် အချုပ်ကျနေသူများပင်ပါနေပါသည်။ အိမ်ထောင်ကွဲသူများ၊ ကျန်းမာရေးအားနည်းသူများ၊ တစ်ကိုယ်တည်း အဖော်မဲ့ဘဝလျောက်လှမ်းနေရသူများစသဖြင့် သံဝေဂရစရာပင်ဖြစ်ပါသည်။ ထိုဖြစ်ရပ်များကြောင့် စာရေးသူအနေဖြင့် မွေးခွန်းသုံးခုပေါ်ထွက်လာပါ သည်။

– ဘဝတွင် အောင်မြင်မှုနှင့် ပျော်ရွှင်မှုရနိုင်ပါသလား။

– မိမိ၏ ဘဝကြင်ဖော်၊ သားသမီးနှင့်သက်ဆိုင်သည့် မိသားစုနှင့်မိတ်ဆွေများအတွက် ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်သူဖြစ်နိုင်ပါသလား။

– ဂုဏ်သိက္ခာနှင့်ပြည့်စုံသောဘ၀ တည်ထောင်နိုင်ပါသလား။

ထိုသို့ဆိုလျင် ပျော်ရွှင်အောင်မြင်သော ဘဝအသက်တာ တည်ထောင်နိုင်ရန် မည်သည့်အချက်များကို လိုအပ်ပါသနည်းဟုတွေးမိပြီး ဤစာအုပ်ကို ရေးသားခဲ့ခြင်းဖြစ်ပါသည်။ အသက်ရွယ်ကွာခြားသော James Allworth နှင့် Karen Dillon တို့၏ ပါဝင်ပတ်သက်မှုကြောင့် မတူသော ရှုထောင့်များစွာ ပါဝင်လေသည်။

ဘဝ၏စိန်ခေါ်မှုမျိုးစုံအတွက် တိကျသော အဖြေတစ်ခုစီရှိမည်မဟုတ်သော်လည်း နှစ်ထောင်ပေါင်း များစွာကတည်းက ဘဝပျော်ရွှင်မှုအတွက် ရှာဖွေနေကြမြဲ ဖြစ်ပါသည်။ အရေးကြီးဆုံးအချက်တစ်ချက်မှာ မည်သည့်အရာကို တွေးတောရမည်နှင့် မည်သို့တွေးတောရ မည်ဆိုသည့် ခြားနားချက်ကို သိရန်လိုအပ်ပါသည်။

စာအုပ်တစ်အုပ်လုံးတွင် အခန်းသုံးခန်းပါဝင်ပြီး ပထမဆုံးအခန်းတွင် စတိဗ်ဂျော့၏အဆိုဖြစ်သည့် ”စိတ်ကျေနပ်မှုအရှိဆုံးအရာကတော့ ကိုယ်လုပ်တဲ့အလုပ်ကိုယုံကြည်ဖို့ပါပဲ၊ တစ်နည်းအားဖြင့် ကိုယ်လုပ်တဲ့အလုပ်ကို ချစ်ဖို့လိုပါတယ်။ အဲဒီအလုပ်မျိုး မတွေ့မချင်းရှာနေဖို့ လိုအပ်ပါတယ်။ မနားလိုက်ပါနဲ့။

အဲဒီအလုပ်ရပြီဆိုရင် ကိုယ့်နှလုံးသားထဲက သိနေပါတယ်” နှင့် အစဖွင့်ထားလေသည်။ ငယ်စဉ်အခါက ”ကြီးလာရင်ဘာလုပ်မှာလဲ”ဟု အမေးခံရလျင် မီးသတ်သမား၊ စစ်သား၊ ဆရာဝန်၊ မျက် လည့်ဆရာ၊ ဖုန်းရောင်းသူစဖြင့် လွတ်လပ်စွာပြောဆိုတတ် ကြပါသည်။ လူအနည်းစုသာလျင် မိမိလုပ်ဆောင်လိုသည့်အရာကို မျက်ခြည်မပြတ် အာရုံစူးစိုက်လုပ်ကိုင်ကြပြီး မိမိဘဝတွင် အဓိပ္ပာယ်ရှိသည့် ပျော်ရွှင်မှုကို ရှာဖွေနိုင်ပါသည်။

ကျန်လူအများစုမှာ အပေးအယူလုပ်ရင်းဖြင့် ကြုံရာကျရာ ဘဝခရီးလျောက်လှမ်းရပါသည်။ ဤသည်မှာ ဘဝတွင်”ဦးစားပေးလုပ်ဆောင်ရမည့်အချက်” ကို ရှာဖွေလုပ်ဆောင်တတ်ရန်လိုအပ်ပါသည်။ ဒုတိယအချက်မှာ ကြုံတွေ့လာရသည့် အခွင့်အရေးနှင့် စိန်ခေါ်မှုများကို ဓမ္မဓိဋ္ဌာန်ကျကျရှုမြင်သုံးသပ် ရင်ဆိုင်သွားရန်ဖြစ်ပြီး နောက်ဆုံးအချက်မှာ မဖြစ်မနေလုပ်ဆောင်ခြင်းပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် မိမိတွင်ရှိသည့် အရင်းအမြစ်များကို လျော်ညီစွာ သုံးသပ်ပြင်ဆင် အသုံးချတတ်ရန် လိုအပ်လှပေသည်။

လူတစ်ယောက်အနေဖြင့် လက်ရှိအလုပ်တွင် မြဲနေရန်နှင့်ပတ်သက်၍ အဆိုနှစ်ရပ်ရှိပါသည်။ ပထမအ ဆိုမှာ ၁၉၇၆ တွင် စီးပွားရေးပညာရှင်နှစ်ဦးဖြစ်သည့် Michael C. Jensen နှင့် William H. Meckling တို့၏ Incentive Theory (လစာကိုအခြေခံသည့်သီအိုရီ) ဖြစ်ပြီး လစာကို အခြေခံသည်ဆိုသော်လည်း အလုပ်အကြိုးစားဆုံးဝန်ထမ်းတချို့ကို အမြတ်အစွန်းကို အခြေခံသည့်၊ သို့မဟုတ် လူမှုရေးလုပ်သည့် အဖွဲ့အစည်းများတွင် တွေ့ ရပြန်ရာ ရှုပ်ထွေးမှုဖြစ်စေပါသည်။ ဒုတိယအဆိုမှာ Motivation Theory (စိတ်ဓာတ်လှုံ့ဆော်မှုအခြေခံသည့် သီအိုရီ) ဖြစ်ပါသည်။ သို့သော် လစာများများပေး၍ စိတ် ဓာတ်တက်စေခြင်းသည်လည်း ရာထူးဌာနန္တရ၊ လစာ အပြင် အခြားငွေကြေးဆိုင်ရာ အခွင့်အရေးများ၊ အလုပ်၏လုံခြုံမှု၊ အလုပ်၏အခြေအနေ၊ အဖွဲ့အစည်း၏ပေါ်လစီနှင့် လုပ်ထုံးလုပ်နည်းတို့အပေါ် မူတည်လေသည်။

စာရေးသူ၏ ကလေးနှစ်ယောက်မှ အိမ်နောက် ဖေးတွင် ကစားစရာအိမ်ကလေးကို တည်ဆောက်ခြင်းမှရ သည့် သင်ခန်းစာမှာ အိမ်ကို ရရှိပိုင်ဆိုင်ခြင်းမှာ အဓိက စိတ်ဓာတ်တက်ကြွစေခြင်းမဟုတ်ဘဲ အိမ်ဆောက်ရာ၌ မည်သို့မည်ပုံဆောက်မည်၊ မည်သည့်အရာများနှင့် ဆောက် မည်စသည့် ပါဝင်ဆောက်လုပ်ရသည့်အခြေအနေတစ်ခု လုံးတွင် ပါဝင်ရခြင်းနှင့် အတူတကွ ပူးပေါင်းဆောင်ရွက် အောင်မြင်ခြင်း၊ အဆုံးတွင် အိမ်လေးပြီးဆုံးသည်ထိ ရလဒ်ကို မြင်ရခြင်းတို့ကြောင့်သာ ဖြစ်ပါသည်။ ထို့ကြောင့် သြအငလအေငသည ွှ့နသမပ ကို အခြေခံ၍ မိမိနှစ်သက်သော အလုပ်ကို တွက်ချက်လုပ်ကိုင်ခြင်းသည် စာရေးသူအနေ ဖြင့် လက်ခံလေသည်။ တစ်နည်းအားဖြင့် တာဝန်ယူခွင့် ရှိခြင်း၊ အသိမှတ်ပြုခံရခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအရည်အသွေးတိုးတက်မြင့်မားနိုင်ခြင်းနှင့် စိန်ခေါ်မှုရှိသော ပတ်ဝန်းကျင်တို့သည် စိတ်ဓာတ်ကို လှုံ့ဆော်ပေးစေလေသည်။

Honda ဆိုင်ကယ်အနေဖြင့် ဆိုင်ကယ်အင်ဂျင် အကြီးစားများကို ကြိုက်နှစ်သက်သော အမေရိကန်နိုင်ငံ ကဲ့သို့နေရာတွင် ‘ပေါက်’ သွားခြင်းမှာ ကြိုတင်ပြင်ဆင် ထားသည့် အခွင့်အရေး Anticipated Strategy ဖြစ်ပါ သည်။ ထိုမှတစ်ဆင့် စဉ်းစားချင့်ချိန်လုပ်ကိုင်သော မဟာဗျူဟာ (Deliberate Strategy) ရေးဆွဲ၍ ဈေးကွက်ကိုဖန်တီးချဲ့ထွင်ခဲ့ပါသည်။ တစ်ခါတစ်ရံမမျော်လင့်သော အခွင့်အရေးများကိုတွေ့မြင်ခြင်းသည် ပေါ်ထွန်းစမဟာ ဗျူဟာ (Emergent Strategy) ဖြစ်ပြီး ထိုအခြေအနေကို အမိအရ ဆုပ်ကိုင်ရန် ခေါင်းဆောင်များက ဆုံးဖြတ်ပါက Deliberate Strategy အဖြစ် ပြောင်းလဲသွားတတ်ပါသည်။ ဤနေရာတွင် စာရေးသူက အကြံပေးပညာရှင်၊ စွန့်ဦးတီ ထွင် သူနှင့်စီမံခန့်ခွဲသူ၊ နောက်ဆုံးကျွမ်းကျင်ပညာရှင် အဆင့်သုံးဆင့် ကူးပြောင်းလာရာတွင် Emergent နှင့် Deliberate Strategy နှစ်ခုလုံးကြုံတွေ့ရပြီး အချက်အလက် များကို အခြေခံ၍ စီမံချက်ချခြင်း Discovery-Driven Planning ကို လုပ်ဆောင်ခဲ့ရလေသည်။

တစ်ခါတစ်ရံ မိမိ၏ မဟာဗျူဟာသည် မိမိလို ချင်သော အကြောင်းအရာဖြစ်ချင်မှလည်း ဖြစ်ပါလိမ့် မည်။ ဥပမာ – Apple lnc သည် ကုမ္ပဏီနှင့် ပုဂ္ဂိုလ်ရေးဦး စားပေးအချက်များ ကွာဟချက်ကြောင့် ၁၉၉၀ ပြည့်နှစ် များတွင် ဒုက္ခကြုံခဲ့ရလေသည်။ Apple တည်ထောင်သူ Steve Job ကို ဖယ်ရှားခဲ့သဖြင့် ဖောက်သည်တို့ စိတ် လှုပ်ရှားစေသည့်ပစ္စည်းများ ထွက်ရှိလာခြင်း မရှိတော့ပေ။

ကမ္ဘာ့အကြီးဆုံးလူသုံးကုန်ပစ္စည်း ထုတ်လုပ် သည့့်ညငူနလနမ အနေဖြင့် တစ်ကမ္ဘာလုံးရှိ ဝန်ထမ်းများ ထံမှ ဖြစ်နိုင်ခြေရှိသော အနာဂတ်ခေါင်းဆောင် (High Potential Leaders- HPLS) များကို ရွေးချယ်လေ့ကျင့်ပေး သည့် အစီအစဉ်ရှိပါသည်။ ထို့ကြောင့် အဆိုပါဝန်ထမ်း များကို မတူညီသော ဈေးကွက်များရှိရာသို့စေလွှတ်ပြီး လေ့ကျင့်ပေးလေသည်။ ထိုသို့စေလွှတ်ရာ၌ အနည်းဆုံး ၁၈ လမှ ၂၄ လထိ ကြာမြင့်လေသည်။ ထိုကာလအတွင်း တစ်ဦးချင်းစီ၏ လုပ်ငန်းတာဝန်ဆောင်ရွက်မှုကို သေချာ စွာလေ့လာစိစစ်ပြီး နောက်ထပ်တာဝန်များ ပေးအပ်ပါ သည်။ သက်ဆိုင်ရာတာဝန်များကို အောင်မြင်စွာ ထမ်း ဆောင်နိုင်သူများအဖို့ တစ်ချိန်တွင် အထက်တန်းအရာ ရှိတာဝန်များကို ထမ်းဆောင်ခွင့်ရရှိနိုင်သည်။

မိမိ၏လုပ်ငန်းရှိ လူအရင်းအမြစ်များကို စနစ် တကျစီမံခန့်ခွဲနိုင်ခြင်းသည် အရေးပါလှပါသည်။ Intel တည်ထောင်သူ Andrew Grove က ”ကုမ္ပဏီတစ်ခုရဲ့ မဟာဗျူဟာကို လေ့လာချင်တယ်ဆိုရင် သူတို့ ဘာပြော တာလဲ၊ ဘာလုပ်တာလဲကို ကြည့်ရှုသင့်ပါတယ်” ဟု ဆိုလေသည်။ စွမ်းဆောင်ရည် မြင့်မားသူများအနေဖြင့် မြင်သာထင်သာရှိသော ရလဒ်များရသည့် တာဝန်မျိုး လုပ်ဆောင်ရန် မိမိတို့၏အရင်းအမြစ်ကို အသုံးပြုတတ် ကြပါသည်။
ထို့ကြောင့် မဟာဗျူဟာဆိုသည်မှာ မှန်ကန်စွာ အကျိုးရှိစွာ အသုံးပြုနိုင်မှသာ ထိရောက်သည်ဟု သတ် မှတ်နိုင်ပါသည်။

လူအများအနေဖြင့် လုပ်ငန်းခွင်အတွင်း စိတ် ပျော်ရွှင်မှုရှိရန် နည်းလမ်းမျိုးစုံရှာကြံကြလေသည်။ လက် တွေ့တွင် ဘဝတွင် အလုပ်အပြင်အရေးကြီးသည့်အရာ များလည်း ရှိပါသေးသည်။ နိစ္စဓူ၀ မိမိကြုံတွေ့ရသည့် သူများပေါ်မူတည်၍ မိမိမိသားစုနှင့် မိတ်ဆွေရင်းများ အပေါ် ဆက်ဆံမှုအကျိုးသက်ရောက်မှု ရှိလေသည်။ ဘဝတွင်ပျော်ရွှင်မှုအတွက် အရေးပါသည့်ဆက်ဆံမှုမှာ မိမိ ၏မိသားစုနှင့် မိတ်ဆွေရင်းများထံမှလာသည်ကို သိရှိ ရန်လိုအပ်ပါသည်။

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကုမ္ပဏီ၏တိုးတက် မှုနှင့်အကျိုးအမြတ်ရရှိမှုကို ခန့်မှန်း၍ ငွေကြေးရင်းနှီး မြှုပ်နှံကြပါသည်။ ဖရော်ဖက်ဆာ Amar Bhide ၏ စစ် တမ်းအရ အောင်မြင်သောကုမ္ပဏီများထဲမှ ၉၃ ရာခိုင်နှုန်း အနေဖြင့် ပင်ကိုချမှတ်ထားသော မဟာဗျူဟာမှသွေဖည် ၍ လုပ်ငန်းအမျိုးအစားပြောင်းလဲပြီးမှသာ အောင်မြင်ခဲ့ ကြလေသည်။ တစ်ခါတစ်ရံ ကုမ္ပဏီကြီးထွားမှုကို စိတ် ရှည်နိုင်သော်လည်း ငွေကြေးအကျိုးအမြတ်အတွက် စိတ် မရှည်ခြင်းကြောင့် (ဥပမာ- Motorola မှ ထုတ်လုပ်သော Iridium ဖုန်း) ကုမ္ပဏီမှာ ကြီးထွားလာသော်လည်း ငွေ ကြေးအကျိုးအမြတ်ရရှိမှု နှေးကွေးခြင်းကြောင့် ပျက်သွား လေသည်။ တစ်ခါတစ်ရံ ကုမ္ပဏီကြီးထွားမှုကို စိတ်မ ရှည်ဘဲ ငွေကြေးအကျိုးအမြတ်အတွက် စိတ်ရှည်ခြင်း လည်း ရှိနိုင်ပါသည်။

တချို့ကုမ္ပဏီအနေဖြင့် မှားယွင်းတွက်ဆမိခြင်း ကြောင့် ဆုံးရှုံးကြပါသည်။ ထိုကုမ္ပဏီများအနေဖြင့် (ဖောက်သည်များ၏ လိုအပ်ချက်ထက်) မိမိရောင်းချလို သည်ကိုသာ ဦးစားပေးခြင်းကြောင့် ဖြစ်နိုင်ပါသည်။ တစ် နည်းအားဖြင့် ဖောက်သည်များကို နားမလည်ခြင်း၊ သို့ မဟုတ် ပြဿနာကို ဖြေရှင်းမပေးနိုင်ခြင်းကြောင့် ဖြစ် လေသည်။

IKEA ဟုဆိုလျင် လူလတ်တန်းစား အားလုံးနီး ပါးသိရှိကြပါသည်။ ဆွီဒင်နိုင်ငံမှအစပြုပြီး ကြီးကျယ် နက်နဲသော စီးပွားရေးလျို့ဝှက်ချက်မရှိသည့် အစပြုတည် ထောင်နိုင်သည့် လုပ်ငန်းမျိုးလည်းဖြစ်ပါသည်။ သို့သော် IKEA ၏ တစ်ခုတည်းသောအားသာချက်မှာ ဈေးဝယ် ထွက်သည့်အတွေ့အကြုံ၊ စတိုးဆိုင်၏ အနေအထား၊ ပစ္စည်းများ၏ ဒီဇိုင်းနှင့် ထုပ်ပိုးပုံစနစ်တို့ပင်ဖြစ်ပါသည်။ ဤသည်မှာလည်း IKEA ၏ တစ်ချိန်ချိန်တွင် ဖောက် သည်တစ်ဦးဦး၏ လိုအပ်ချက်တစ်ခုခုကို ဖြည့်ဆည်း ပေးနိုင်ရန် ရည်ရွယ်ချက်ကြောင့်ဖြစ်ပါသည်။

စာရေးသူ၏ ခံယူချက်မှာ မိမိကိုပျော်ရွှင်မှုဖန် တီးပေးနိုင်သူကိုရှာဖွေ၍ ကောင်းမွန်သော လူမှုဆက်ဆံ ရေးတည်ဆောက်ခြင်းထက် ပျော်ရွှင်မှုဆိုသည်မှာ မိမိအ နေဖြင့် တစ်စုံတစ်ယောက်ကို ပျော်ရွှင်စေလိုခြင်းနှင့် ထိုသူ ၏ ပျော်ရွှင်မှုမှတစ်ဆင့် ပျော်ရွှင်မှုရရှိခြင်းဖြစ်ပါသည်။

Dell ကွန်ပျူတာအနေဖြင့် နှစ် ၂၀ တိုင်တိုင် အောင်မြင်စွာရပ်တည်နိုင်ခြင်း၏ အခြေခံအကြောင်းရင်း တစ်ခုမှာ ထိုင်ဝမ်ရှိ Asus ၏ ထောက်ပံ့မှုကြောင့် ဖြစ်ပါ သည်။ Dell အနေဖြင့် ပထမအဆင့်တွင် ကွန်ပျူတာများ ကို ဈေးပေါပေါနှင့် ဈေးကွက်ထဲထိုးဖောက်ပြီး တဖြည်း ဖြည်းနှင့် ဈေးမြင့်သောကွန်ပျူတာများကို ထုတ်လုပ်ပါ သည်။ ထိုအခြေအနေတွင် ဗျကျ သည် မူလက တစ်စိတ် တစ်ပိုင်းထုတ်လုပ်ခဲ့သော်လည်း နောင်တွင် တဖြည်းဖြည်း ကွန်ပျူတာတစ်လုံးလုံးထိ ထုတ်လုပ်နိုင်သည့်အချိန်တွင် Dell အား Asus အမည်ဖြင့် ကွန်ပျူတာထုတ်ရန်တောင်း ဆိုခဲ့ပါသည်။ ထို့ကြောင့် ၂၀၀၅ ခုနှစ်တွင် Asus အမှတ် တံဆိပ်အရည်အသွေးကောင်းမွန်သော ကွန်ပျူတာများကို ဈေးကွက်တွင် တွေ့မြင်လာရပါသည်။ သင်ခန်းစာမှာ မိမိ၏ လုပ်ရည်ကိုင်ရည်ကို ခွဲခြားသိရှိရန်လိုအပ်ပြီး အရင်းအမြစ်(Process) ၊ လုပ်ထုံးလုပ်နည်း (Priorities) နှင့် ဦးစားပေးသင့်သည့်ကိစ္စများ(Priorities) ကို ကွဲပြား နားလည်ခြင်းဖြင့် မည်သို့ပြင်ဆင်သင့်သည်ကို လုပ်ဆောင်နိုင်ပါသည်။

စာရေးသူအနေဖြင့် တစ်ခန်းချင်း တစ်ခန်းချင်း တွင် အထက်ဖော်ပြထားသော သင်ခန်းစာများနှင့် ကောက်ချက်များကို ဒွန်တွဲဖော်ပြထားသဖြင့် ဖတ်ရှုလေ့ လာသင့်သည့် စာအုပ်ဖြစ်ပါကြောင်း …

တွင် မွေးဖွားခဲ့ပြီး Brigham Young University ၊ University of Oxford ၊ Harvard Business School တို့မှ ဘွဲ့များရရှိခဲ့ပါသည်။ သူ၏ The Innovator’s Dilemma စာအုပ်ဖြင့် Disruption နှင့် Disruptive Innovation အယူအဆသည် ထင်ရှားလှပေသည်။
Ceramics Process Systems Corporation ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး ကိုရီးယားဘာသာစကား ကျွမ်းကျင်စွာပြောဆိုနိုင်ပါသည်။ သင်းအုပ်ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သကဲ့သို့ Tata Consultancy Services ၊ Franklin Covey နှင့် နြခုနအ ၤကညိ Religious Liberty တို့၏ လက်ရှိအကြံပေးပညာရှင်အဖြစ် လုပ်ဆောင်ပြီး Professor အဖြစ် နာမည်ကြီးတက္ကသိုလ် များတွင် အချိန်ပိုင်းသင်ကြားလျက်ရှိပါသည်။ The Innovator’s Dilemma စာအုပ်အပါအဝင် နာမည်ကြီးစာအုပ်ဆယ်အုပ်ကို ရေးသားခဲ့ပါသည်။