ဒေါ်လာ ၅၂ သန်းရင်းနှီးမြှုပ်နှံမှုရရှိခဲ့တဲ့ 2C2P Group

Southeast Asian Payment Startups ဖြစ်တဲ့ 2C2P Pte ဟာ International Finance Corp.၊ Cento Ventures နှင့် Arbor Ventures အပါအဝင်ငွေကြေးရင်းနှီးမြှပ်နှံသူများထံမှ ရန်ပုံငွေတိုးချဲ့မှုအနေနဲ့ ဒေါ်လာ ၅၂ သန်းကို ထပ်မံရရှိခဲ့ကြောင်းကို မကြာသေးမီ ၂၀၁၉ခုနှစ် နိုဝင်ဘာလ တတိယပတ်အတွင်းကမှ ကြေငြာထားခဲ့တာ ဖြစ်ပါတယ်။

စားသုံးသူများရဲ့ အွန်လိုင်းမှတစ်ဆင့်ဈေးဝယ်ခြင်း၊ အစားအသောက်များ မှာယူခြင်း၊ လေယာဉ်လက်မှတ်ဖြတ်ခြင်းနှင့် ဟိုတယ်ခန်းများငှားယူခြင်းများ ပိုမိုပြောင်းလဲပြုလုပ်လာတာနှင့်အမျ အရှေ့တောင်အာရှရဲ့ ထွက်ပြူစဒီဂျစ်တယ်ငွေပေးချေမှုစနစ်ဖြစ်တဲ့ 2C2P ကို ပိုမိုအောင်မြင်လာစေသလို ရင်းနှီးမြှုပ်နှံမှုထပ်မံရရှိခြင်းကလည်း 2C2P ကုမ္ပဏီရဲ့ ဒေသတွင်းအရေးပါမှုကို ကြီးထွားလာစေပါတယ်။ လက်တလောရင်းနှီးမြှုပ်နှံမှုကြောင့် ကုမ္ပဏီဟာ ဒေသတွင်းလုပ်ငန်းချဲ့ထွင်နိုင်မှာဖြစ်ပါတယ်။

2C2P Group ရဲ့တည်ထောင်သူနဲ့ Group CEO ဦးအောင်ကျော်မိုးဟာ မြန်မာပြည်ဖွား ကွန်ပျူတာ ပရိုဂရမ်မာတစ်ဦးဖြစ်ပြီး ၂၀၀၃ ခုနှစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ တည်ထောင်ခဲ့တဲ့ 2C2P ကိုတည်ထောင်ခဲ့ပြီး ကုမ္ပဏီစားသုံးသူများထံမှ အွန်လိုင်းငွေပေးချေမှုနှင့်အတူ ကုမ္ပဏီများကို အကူညီပေးတဲ့ စီးပွားရေးလောကကို အစောဆုံးဝင်ရောက်လာတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါ တယ်။ အခုဆိုရင်တော့ 2C2P Pte ဟာ စင်ကာပူမှာရုံးချုပ်ရှိပြီး အရှေ့တောင်အာရှနိုင်ငံတိုင်းနဲ့ အမေရိကန်နိုင်ငံ၊ နယ်သာလန်နိုင်ငံတို့မှာ ရုံးခွဲတွေရှိပါတယ်။

နိုင်ငံတကာမှာရှိတဲ့ 2C2P ရဲ့ customer တွေက အရှေ့တောင်အာရှနိုင်ငံတွေက စားသုံးသူတွေကို ဈေးရောင်းချင်တဲ့အခါမှာ လေကြောင်းလိုင်းများ၊ ခရီးသွားကုမ္ပဏီများနှင့် အွန်လိုင်းရှော့ပင်များအတွက် ဒေသတွင်းရှိစားသုံးသူများထံမှငွေပေးချေမှုစနစ်အဖြစ် အကူအညီပေးသော 2C2P က E-commerce Payment ပိုင်းဆိုင်ရာဝန်ဆောင်မှုတွေကိုပေးပါတယ်။