ဒီဂျစ်တယ်ဆိုင်ရာပင်မရပ်ဝန်း (Digital Hub)အတွက် ICT အခြေခံအဆောက်အအုံနဲ့ဂေဟစနစ်ကို ရှေ့ပြေးစီမံကိန်းတစ်ခုအဖြစ် ထိုင်းနိုင်ငံကထုတ်ဖော်မိတ်ဆက်

ထိုင်းနိုင်ငံဟာ အာဆီယံဒေသတွင်း 5G တပ်ဆင်မှုမှာ ရှေ့ပြေးအနေနဲ့ ဦးဆောင်နေတာဖြစ်ပြီး အာဆီယံရဲ့ဒစ်ဂျစ်တယ်ဆိုင်ရာပင်မရပ်ဝန်း (Digital Hub) အတွက်လည်း ICT အခြေခံအဆောက်အအုံနဲ့ ဂေဟစနစ်ကို အဆင့်မြှင့်တင်သွားမယ့် ရှေ့ပြေးစီမံကိန်းတစ်ခုအဖြစ် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၁ ရက်ကနေ ၁၄ ရက်အတွင်းလေးရက်တာထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပတဲ့ “Powering Digital Thailand 2021: Huawei Cloud & Connect” အခမ်းအနားမှာ ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။

Huawei Technologies (Thailand) နဲ့ Bangkok Post Public Company Limited တို့ပူးပေါင်းကျင်းပခဲ့တဲ့ အဆိုပါ ‘Powering Digital Thailand 2021; Huawei Cloud & Connect’ အခမ်းအနားက ဒစ်ဂျစ်တယ်ခေတ်အတွင်းမှာရှိတဲ့ ဈေးကွက်နဲ့လုပ်ငန်းပုံစံငယ်တွေရဲ့ အလားအလာသစ်တွေကို ထုတ်ဖော်နိုင်ဖို့ Cloud ၊ AI ကဲ့သို့သော ချိတ်ဆက်နိုင်စွမ်းနည်းပညာသစ်တွေကို ဘယ်လိုအသုံးပြုလို့ ရနိုင်မလဲစတာတွေကိုလည်း မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ‘Powering Digital Thailand 2021; Huawei Cloud & Connect ‘ အခမ်းအနားမှာ 5G ၊ Cloud နဲ့ AI စတဲ့နည်းပညာဆိုင်ရာပြသမှုတွေကို မိတ်ဆက်ပေးခဲ့ပြီး တန်ဖိုးသစ်များ ဆောင်ကြဉ်းပေးလာနိုင်ပုံ၊ ဒစ်ဂျစ်တယ်စီးပွားရေးကို တိုးတက်စေနိုင်ပုံစတဲ့အကျိုးကျေးဇူးတွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါအပြင် လုပ်ငန်းကဏ္ဍအသီးသီးအတွက် ကွဲပြားစုံလင်တဲ့ ပြသတင်ဆက်မှု၊ လက်တွေ့စမ်းသပ်ပြသမှုနဲ့ ပြိုင်ပွဲများလည်းပါဝင်ခဲ့ပါတယ်။

ပြိုင်ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိ လိုပါက –http://www.facebook.com/Huawei မှာ ဝင်ရောက်ကြည်ရှုနိုင်ပါတယ်။