ဒစ်ဂျစ်တယ်ငွေကြေးအရွေ့

လူအများစုသည် ဘဏ်စနစ်နှင့်အွန်လိုင်းငွေချေစနစ်ကို ယခင်ထက်ပို၍အသုံးပြုကြသည့်အတွက် ကိုဗစ် ၁၉ ကိုကျေးဇူးတင်ပါသည်။ ဤငွေကြေးအခွင့်အလမ်းသည် ဘဏ္ဍာရေးစနစ်သစ်ကိုပုံဖော်ပေးမည်ဖြစ်သည်။၂၀၁၂ ခုနှစ်တွင် ဒေးဗစ်ဗဲလက်ဇ်သည် ဘရာဇီးနိုင်ငံတွင်ဘဏ်စာရင်းတစ်ခုဖွင့်ခဲ့သည်။ အကျဉ်းထောင်ထဲရောက်နေသလိုပဲဟု သူကဆိုသည်။ ကျည်ကာတံခါးများကို မဖြတ်သန်းမီ သူ၏ပစ္စည်းများကိုလော့ကာထဲထားခဲ့ရန် အမိန့်ပေးခံရသည်။ တစ်နာရီခန့်စောင့်ဆိုင်းပြီး နောက် ရန်လိုနေသောမျက်နှာထားနှင့် မန်နေဂျာ၏မေးခွန်းများကိုရင်ဆိုင်ခဲ့ရသည်။ တစ်နှစ်လျင် ဒေါ်လာရာနှင့်ချီကုန်ကျမည့် သမားရိုးကျငွေစာရင်းတစ်ခုနှင့်နှစ်စဉ်ဘဏ်တိုးနှုန်း ၄၀၀ ရာခိုင်နှုန်းကျသင့်သည့် အကြွေးဝယ်ကတ်တစ်ခုရရှိရန် ငါးလကြာမြင့်ခဲ့သည်။ နောက်နှစ်တွင် အထက်စီးဆန်သလောက် ချိတ်ဆက်မှုအားနည်းသည့် ဘရာဇီးဘဏ်စနစ်အပေါ် သူစိတ်ပျက်ပြီး ဒစ်ဂျစ်တယ်ငွေကြေးစနစ်အသုံးပြုသည့် Nubank ကိုတည်ထောင်လိုက်သည်။ ၂၀၂၀ အစောပိုင်းတွင် အဆိုပါဘဏ်၏ တန်ဖိုးမှာတစ်ဆယ်ဘီလီယံရှိပြီဖြစ်သည်။

ထို့နောက် ကူးစက်ရောဂါဖြစ်ပွားခဲ့ပြီး စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းသွားသည်။ ယခုနှစ်အတွင်းမှာပင် Nubank တွင်ဘဏ်စာရင်းဖွင့်လှစ်မှုမှာ ၅၀ ရာခိုင်နှုန်း မြင့်တက်လာပြီး ငွေပမာဏ သန်း ၃၀ အထိရောက်ရှိခဲ့သည်။ ဇွန်လတွင်ဘရာဇီးနိုင်ငံ၌သုံးစွဲသူ သန်း ၁၂၀ ရှိသော WhatsApp နှင့်ပူးတွဲ၍ ဖုန်းမက်ဆေ့ဂျ်မှတစ်ဆင့် ငွေပေးချေသောဝန်ဆောင်မှုကို လုပ်ဆောင်လိုက်သည်။ စက်တင်ဘာလတွင် ဒစ်ဂျစ်တယ်ပွဲစား Easynvest ကိုဝယ်ယူလိုက်ပြီး ကိုလံဘီယာနိုင်ငံ၌ လုပ်ငန်းစတင်ခဲ့သည်။ ဘရာဇီးနိုင်ငံသည် နိုဝင်ဘာလတွင် ပွင့်လင်းသောဘဏ်စနစ်ကို အကောင်အထည်ဖော်မည်ဖြစ်ပြီး ဘဏ်များ၊ ငွေကြေးရန်ပုံငွေများနှင့် အာမခံအချက်အလက် များကို ဘဏ္ဍာရေးနည်းပညာ (Fintechs) ဖြင့် ပြုပြင် ပြောင်းလဲပစ်မည်ဖြစ်သည်။ မစ္စတာဗဲလက်ဇ်က ဤအရာအားလုံးသည် ဒစ်ဂျစ်တယ်တော်လှန်ရေး၏ အစပိုင်းမျသာရှိသေးသည်ဟုဆိုသည်။ ‘ဒါဟာကစားပွဲ ပထမပိုင်းရဲ့ ပထမဆုံးစက္ကန့်ပဲဖြစ်ပါတယ်’ ဟုသူကပြောသည်။

ကူးစက်ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာရသော ဒစ်ဂျစ်တယ်ငွေကြေးစနစ်သည် လက်လီအရောင်းကဏ္ဍကိုအရှိန်အဟုန်မြှင့်တင်ပေးလျက်ရှိပြီး အွန်လိုင်းကူးသန်းရောင်းဝယ်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲပေးနေသည်။ ယခုနှစ်တွင် ငွေသားကိုင်ဆောင်အသုံးပြုမှုမှ သည် ဒစ်ဂျစ်တယ်ငွေကြေးဖြင့် အသုံးပြုခြင်းဆီသို့ပြောင်းလဲသွားခြင်းမှာ သိသာလွန်းသည်။ အီကော်နောမစ်မဂ္ဂဇင်း၏ ထုတ်ဖော်ပြောဆိုချက်အရ ကမ္ဘာတစ်ဝန်းငွေသားမဲ့ ငွေလွှဲခြင်းကို ငါးနှစ်အတွင်းရောက်ရှိရန် မျော်မှန်းထားချက်ကို နှစ်နှစ်အတွင်းရောက်ရှိခဲ့ကြောင်းဆို သည်။ ဧပြီလတွင်အမေရိကန်နိုင်ငံ၌ Mobile-Banking အသုံးပြုသူ ၈၅ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး အွန်လိုင်း ဘဏ်လုပ်ငန်း မှတ်ပုံတင်ခြင်းမှာ ၂၀၀ ရာခိုင်နှုန်းရှိခဲ့သည်။ အချို့သောလုပ်ငန်းများသည် ဒစ်ဂျစ်တယ် ငွေကြေးစနစ်အတွင်း အနှေးအမြန်ဝင်ရောက်မည်ဖြစ်ပြီး အချို့မှာမူ ကျန်နေရစ်ခဲ့မည်ဖြစ်သည်။ အရင်းအနှီးဈေးကွက်တွင် ခေတ်သစ်တစ်ခုအစပြုပြီဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ဘဏ်စနစ်၏ ဈေးကွက်စုစုပေါင်းတွင် သမားရိုးကျဘဏ်များသည် ယခုအခါ ၇၂ ရာခိုင်နှုန်းသာရှိပြီး ငွေသားပေးချေမှုသည် ပြီးခဲ့သည့် ဆယ်စုနှစ်တွင် ၉၆ ရာခိုင် နှုန်းရှိရာမှယခုနှစ်တွင် ၈၁ ရာခိုင်နှုန်းသို့ လျော့ကျခဲ့သည်။

ဘဏ္ဍာရေးနည်းပညာစနစ်အသုံးပြုသည့် လုပ်ငန်းများဖြစ်သော Ant Group နှင့် PayPal တို့တွင် ၁၁ ရာခိုင်နှုန်းမြင့်တက်လာပြီး ယင်းတို့၏ဈေးကွက်တန်ဖိုးမှာ ယခုနှစ်တွင် နှစ်ဆဖြစ်လာကာ ဘီလီယံကိုးရာနီးပါးသို့ရောက်ရှိခဲ့သည်။ သမားရိုးကျဘဏ်စနစ်ဖြင့်ငွေပေးချေခြင်း မဟုတ်သည့် Visa ကဲ့သို့သော လုပ်ငန်းများသည်လည်း အခြားလုပ်ငန်းများထက် ၁၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ကြီးမားလွန်းသည့်လုပ်ငန်းစုကြီးများဖြစ်သော ဖျော်ဖြေရေးနှင့် လက်လီအရောင်းတို့သည်လည်း အဆုံးသတ်တွင် ဒစ်ဂျစ်တယ်ငွေကြေးစနစ်ထဲ ရောက်ရှိလာမည်ဖြစ်သည်။ သို့သော် ငွေသားစနစ်သည် ဆက်လက်ရှင်သန်နေဦးမည်ဖြစ်သည်။ မတူညီသောနေရာဒေသများတွင် မတူညီသောအခြေအနေများဖြင့်ဘဏ်များသည် ကောင်းစွာအမြစ်တွယ်နေကြသည်။ စည်းမျဉ်းများနှင့်ဝန်းကျင်အနေအထားများက ဘဏ်များကို ပြိုလဲခွင့်မပြုပါ။ သို့ဖြစ်၍ နေရာဒေသတစ်ခုနှစ်တစ်ခု ကွဲပြားမှုရှိသော်လည်း ငွေကြေးစနစ်အဟောင်းနှင့် အသစ်တို့အတူတကွ တည်ရှိနေမည်ဖြစ်သည်။

ဒစ်ဂျစ်တယ်စနစ်၏ အရှိန်မြှင့်တင်ခြင်းကို ငွေကြေးပေးချေမှုတွင် ထင်သာမြင်သာအရှိဆုံးဖြစ်သည်။ ယခုကြုံနေရသော အကျပ်အတည်းသည် ပြည်သူများလက်တွင် ငွေကြေးကိုင်ဆောင်မှု မြင့်တက်လာစေသော်လည်း ငွေကြေးလည်ပတ်မှုကျဆင်းသွားရသည်။ ငွေစက္ကူအသုံးပြုခြင်းထက် သိုလှောင်ခြင်းအခြေအနေသို့ ရောက်ရှိသွားသည်။ ဆန့်ကျင်ဘက်အားဖြင့် ဘဏ်ကတ် ပြားဖြင့်ငွေပေးချေခြင်းမှာ တိုးမြင့်လာသည်။ အွန်လိုင်းဈေးဝယ်ခြင်းကြောင့် ရှေ့သို့နှစ်အတော်များများ ခုန်ပျံရောက်ရှိလာရသည်။ လမ်းဘေးဈေးသည်များသည်ပင် အွန်လိုင်းမှဈေးရောင်းလာကြသည်အထိတွေ့မြင်ရသည်။ နွေဦးရာသီ၌ ငွေပေးချေမှုလုပ်ပိုင်ခွင့်ရှိသည့် ကုမ္ပဏီတစ်ခုသည် ပဲရစ်ရှိ မိရိုးဖလာလယ်သမားများ၏ ဈေးကွက်ကိုကူညီခဲ့သည်။ ငွေသားစနစ်အစား ဘဏ်ကတ်စနစ်ကို တည်ထောင်ပေးခဲ့သည်ဟု ကုမ္ပဏီ ဥက္ကဋ္ဌဂျွန်ကိုလီဆန်ကပြောသည်။ မတ်လနှင့်ဧပြီလလယ်တို့တွင် အမေရိကန်အစားအသောက်အိမ်တိုင်ရာရောက်ပို့ဆောင်ရေးလုပ်ငန်း Marqeta ၏လုပ်ငန်းပမာဏမှာသုံးဆမြင့်တက်ခဲ့သည်။

ဆိုင်များ ပြန်လည်ဖွင့်ပြီဖြစ်သော်လည်း လူအများစုမှာပလတ်စတစ်ငွေကြေးစနစ်အသုံးပြုနေကြဆဲဖြစ်သည်။ နိုင်ငံပေါင်း ၃၁ နိုင်ငံရှိအစိုးရတို့က လူချင်းထိတွေ့စရာမလိုသော ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် အသုံးတွင်ကျယ်လာစေရန်အားပေးခဲ့ကြသည်။ (ကတ်ကုမ္ပဏီများသည် အထက်ပိုင်းအထိပေါက်ရောက်စည်းရုံးကြသည်) Visa နှင့် Mastercard တို့သည် တရုတ်နိုင်ငံပြင်ပမှ ငွေလွှဲပြောင်းမှု ၉၄ ရာခိုင်နှုန်းအထိရှိသောကတ်ပြားကွန်ရက်စနစ်နှစ်ခုဖြစ်သည်။ ၂၀၁၉ ခုနှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ပထမသုံးလပတ်အတွင်း ၄၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့သည်။ အမေရိကန်နိုင်ငံအသေးစားလုပ်ငန်းများအတွက် အကြွေးဝန်ဆောင်မှုပေးသော Square ကုမ္ပဏီသည်ယင်း၏ဈေးကွက်ရှယ်ယာမှာ ဖေဖော်ဝါရီလတွင် ၅ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ဧပြီလတွင် ၂၃ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။ ယခင်က ၁၄ ရာခိုင်နှုန်းအထိသာတန့်နေခဲ့သည်။ ဗြိတိန်နိုင်ငံတွင်ရှယ်ယာ ၃၇ ရာခိုင်နှုန်းရှိသည်။

အားလုံးပြောင်းလဲခြင်း

ဘဏ်အကောင့်မှငွေပေးချေမှုများကို အကူအညီပေးသော GoCardless ကုမ္ပဏီမှ Hiroki Takeuchi အဆိုအရအားကစားရုံအသင်းဝင် အများအပြားသည် ငွေရှင်းကောင်တာတွင် ငွေပေးချေခြင်းထက် ဒစ်ဂျစ်တယ်ငွေပေးချေစနစ်သို့ အဆင့်မြင့်လာကြကြောင်းပြောကြားသည်။ စားသုံးသူများသည်သက်ဆိုင်ရာသို့ ငွေပေးပို့ရန် သို့မဟုတ် အွန်လိုင်းကာယသင်တန်းတက်ရန် P2P ဝန်ဆောင်မှုကိုအသုံးပြုလာကြသည်။ အမေရိကရှိ P2P ဝန်ဆောင်မှုကုမ္ပဏီဖြစ်သော Venmo သည် ဒုတိယသုံးလပတ်တွင် ငွေပေးချေမှု ၅၀ ရာခိုင်နှုန်းသို့ တိုးတက်လာသည်။ အနောက်နိုင်ငံများတွင် ဖုန်းထဲသို့ငွေဖြည့် သွင်းပြီးနောက် ငွေပေးချေခြင်းမှာ ကပ်ရောဂါမတိုင်မီ ကပင် ကျင့်သားရပြီးဖြစ်သည်။ ဗိုင်းရပ်စ်ပိုးကထိုစနစ်ကို ခြေထောက်တပ်ပေးလိုက်ခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံရှိ ၁၈,၀၀၀ သောဈေးသည်တို့၏ သုံးပုံတစ်ပုံသည် ဇူလိုင်လတွင် စားသုံးသူတို့၏ငွေပေးချေမှုကို QR Code စကင်ဖတ်ခြင်းဖြင့်ပေးချေခွင့်ပြုလိုက်ရာ နှစ်လအတွင်း ၅၀ ရာခိုင်နှုန်းကျော်တိုးတက်လာသည်။ အာဖရိကတိုက်ရှိနိုင်ငံအများအပြားက ဤစနစ်သည် ငွေလွှဲပြောင်းခမပေးရသော မရှိမဖြစ်ဝန်ဆောင်မှုဖြစ်သည်ဟု ဆိုကြသည်။ ကင်ညာနိုင်ငံနေရာအနှံ့သို့ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုပေးနေသောကုမ္ပဏီ M-PESA ၏ ငွေပမာဏသည် မေလတစ်လတည်းတွင်ငါးပုံတစ်ပုံမြင့်တက်ခဲ့သည်။

ဒစ်ဂျစ်တယ်စနစ်သည် အခြားသောဘဏ္ဍာရေးနယ်ပယ်များတွင်လည်း ရှေ့သို့ပြေးနေသည်။ အိမ်ထောင်စုသန်းပေါင်းများစွာသည် ထိုင်ရာမှမထဘဲ ပွဲစားခ မကုန်သည့် အွန်လိုင်းမှ ငွေပေးချေခြင်းကို ပြုလုပ်နေ ကြသည်။TD Ameritrade မှ ပွဲစားတစ်ဦးဖြစ်သူ Keith Denerstein က ကမ္ဘာတစ်ဝန်းရှိ ကာစတမ်မာများသည် ၂၀၂၀ ခုနှစ်တွင်အကောင့် ၅၀ ရာခိုင်နှုန်း ပိုမိုဖွင့်ခဲ့ကြ သည်ဟုဆိုသည်။ ဤအတောအတွင်း အာမခံပေါ်လစီများကို အေးဂျင့်မပါဘဲ ရောင်းချရန် သင်ယူကြရသည်။ Manulife ၏ အာရှယူနစ်ကိုဖွင့်လှစ်ထားသော Sachin Shah အဆိုအရထုတ်ကုန် ၉၇ ရာခိုင်နှုန်းကို အွန်လိုင်းမှဝယ်ယူနိုင်ကြောင်းသိရသည်။

လက်လီဘဏ္ဍာရေးစနစ်၏ အူတိုင်ဖြစ်သောဘဏ်စနစ်သည်လည်း ပြောင်းလဲခြင်းနှင့် မလွတ်ကင်းနိုင်ပေ။ အနောက်တိုင်း ငွေကြေးလုပ်ငန်းရှင်တို့က ယင်းတို့၏အက်ပလီကေးရှင်းနှင့် ဒစ်ဂျစ်တယ်ရောင်းအားများ တစ်ဟုန်ထိုးမြင့်တက်နေကြောင်းသတင်းပို့ကြသည်။ ဖြစ်ထွန်းစဈေးကွက်များတွင် ဒစ်ဂျစ်တယ်စနစ်ကို သွတ်သွင်းခြင်းမှာပို၍မြန်ဆန်သည်။ တိုက်ကြီးသုံးခုတွင်ဘဏ်များဖွင့်လှစ်ထားသော စပိန်နိုင်ငံဘဏ်လုပ်ငန်းအုပ်စု Santander ၏ အမှုဆောင်အရာရှိချုပ် José Antonio Álvarez က ၂၀၁၉ နှင့်ယှဉ်လျင် ၂၀၂၀ ပြည့်နှစ် ပထမပိုင်းနှစ်ဝက်အတွင်း ဥရောပတိုက်တွင် ဒစ်ဂျစ်တယ်စနစ်အသုံးပြုမှု ၂၀ ရာခိုင်နှုန်း၊ တောင်အမေရိကတိုက်တွင် ၃၀ ရာခိုင်နှုန်း၊ မက္ကဆီကိုနိုင်ငံတွင် ၅၀ ရာခိုင်နှုန်း မြင့်တက်လာသည်ဟုဆိုသည်။

ဒစ်ဂျစ်တယ်ငွေကြေးစနစ်သည် မကြာသေးမီလများအတွင်း လူအများအပြားကို ဘဏ်စနစ်ထဲသို့ပါဝင်လာစေရန် တွန်းအားပေးခဲ့သည်။ စင်ကာပူနိုင်ငံ၏အကြီးဆုံးငွေကြေးလုပ်ငန်းဖြစ်သော DBS သည် ဧပြီလတွင် ရွှေ့ပြောင်းလုပ်သားများအတွက် ရက်သတ္တတစ်ပတ်အတွင်း အကောင့်လေးသောင်းဖွင့်ပေးခဲ့သဖြင့် ယင်းတို့၏နေအိမ်သို့ ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေလွှဲပေးနိုင်ခဲ့ကြ သည်။ လူဦးရေသန်း ၆၀ ကိုတိုးချဲ့ကူညီပေးနေသော ဘရာဇီးအစိုးရသည် မိုဘိုင်းလ်ဖုန်းလမ်းကြောင်းအသုံးပြု၍ အမေဇုန်သစ်တောရှိပြည်သူများထံ ရောက်ရှိရန်ဆောင်ရွက်နေသည်။ ကင်ညာနိုင်ငံ၏အကြီးဆုံးဘဏ် KCB အကြီးအကဲ Joshua Oigara က ကိုဗစ် ၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက မိုဘိုင်းလ်အက်ပလီကေးရှင်းအသုံးပြုသော ကာစတမ်မာပိုမိုများပြားလာကြောင်းပြောကြားသည်။ ဇွန်လတွင်ယင်းတို့၏ မိုဘိုင်းလ်ဖုန်းထဲမှ ငွေကြေး ၃၅ ဘီလီယံသျီလင် (အမေရိကန်ဒေါ်လာ ၃၂၉ သန်း)ကို ဘဏ်ငွေစာရင်းထဲသို့ ရွှေ့ပြောင်းခဲ့ကြရာ ဇန်နဝါရီလထက်ခြောက်ဆပိုမိုများပြားသည်ဟုဆိုသည်။

ကာစတမ်မာအများစုသည် ကပ်ရောဂါမတိုင်မီက နည်းပညာနှင့် သိပ်ပြီးအကျွမ်းတဝင်မရှိကြချေ။ စစ်တမ်းအရအမေရိကန်လူငယ်များ၏ ငါးပုံတစ်ပုံသည် ဧပြီလတွင်ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို ပထမဆုံးအကြိမ်အဖြစ်အသုံးပြုခဲ့ကြကြောင်းသိရသည်။ ဖေဖော်ဝါရီလမှစတင်ပြီး Nubank သည် အသက် ၆၀ ကျော်သုံးစွဲသူ အကောင့် သုံးသောင်းကိုလစဉ်ဖွင့်လှစ်ပေးနေရသည်။ Bain အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာစစ်တမ်းအရ ကပ်ရောဂါပြီးဆုံးသည့်နောက် အသုံးပြုသူ ၉၅ ရာခိုင်နှုန်းမှာ ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို ဆက်လက်သုံးစွဲရန် စီစဉ်ထားကြောင်းသိရသည်။ ငွေစက္ကူစနစ်အသုံးပြုခြင်းကို လျော့ချရန်စီစဉ်ထားသောဘဏ်များသည် ယင်းတို့၏ ဘဏ်ခွဲများကို ပိုမိုစောလျင်စွာပိတ်သိမ်းနေကြပြီဖြစ်သည်။ ဘရာဇီးနိုင်ငံရှယ်ယာစုစုပေါင်း၏ ၇ ရာခိုင်နှုန်းဖြစ်သောငွေကြေးလုပ်ငန်း ၁,၅၀၀ ကို ယခုနှစ်တွင် ပိတ်သိမ်းလိုက်ကြသည်။ ဥရောပတိုက်တွင်လည်း လုပ်ငန်းခွဲ ၂,၅၀၀ ကိုလျော့ချရန် စီစဉ်နေကြသည်။ အမေရိကန်နိုင်ငံ၏ အကြီးမားဆုံးငွေကြေးလုပ်ငန်း JP Morgan Chase မှ အယ်လီဆန်ဘီယားအဆိုအရဘဏ်များသည် နေ့စဉ်လုပ်ငန်းဆောင်တာကို အွန်လိုင်းတွင်လုပ်မည်ဖြစ်ပြီးအကြံပေးခြင်းကဲ့သို့သော တန်ဖိုးကြီးဝန်ဆောင်မှုပေးအပ်ရန် ဘဏ်ခွဲများကို ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။

စုစည်းခြင်းနိယာမ

ဒစ်ဂျစ်တယ်စနစ်အသုံးပြုမှု၏ အလယ်လောက်တွင် စီးပွားရေးပုံစံသစ်တစ်ခုပေါ်ထွက်လာပြီး အသစ်ဝင်လာသူများကို ဆွဲဆောင်လျက်ရှိသည်။ ဘဏ်များ၊ အွန်လိုင်းကူးသန်းရောင်းဝယ်ရေးကဏ္ဍ၊ ဘဏ္ဍာရေးနည်းပညာ၊ လူမှုကွန်ရက်၊ တက္ကစီအက်ပဘီကေးရှင်း၊ ဆက်သွယ်ရေး လုပ်ငန်းတို့သည် ပလက်ဖောင်းတစ်ခုဖြစ်လာစေရန် ကြိုးပမ်းနေကြသည်။ အသုံးပြုသူများသည် အိမ်တွင်းမှုလုပ်ငန်း၊ သို့မဟုတ် တတိယပါတီ၏ထုတ်ကုန်များကို အွန်လိုင်းဈေးမှ ဝယ်ယူနိုင်ကြမည်ဖြစ်သည်။ ‘လူတိုင်းကကိုယ်ပိုင်စာမျက်နှာဖြစ်လာဖို့ ကြိုးစားနေကြတယ်’ ဟု ကနေဒါနိုင်ငံ မြူနီစီပယ်ပင်စင်ရန်ပုံငွေအဖွဲ့၏ ဖက်စပ်လုပ်ငန်းမှတာရာရိဗ်က ပြောသည်။ စင်ကာပူနိုင်ငံတွင် လူကြိုက်အများဆုံး အက်ပလီကေးရှင်းတစ်ခုဖြစ်သော အငှားယာဉ်ဝန်ဆောင်မှု Grab သည် ဘဏ်များ၊ အာမခံလုပ်ငန်းများနှင့် အခြားသော ငွေကြေးဆိုင်ရာလုပ်ငန်းပေါင်း ၆၀ ကျော်နှင့် ချိတ်ဆက်ထားသည်။

အရှေ့တောင်အာရှ၏ ဘဏ္ဍာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သော ပလက်ဖောင်းတစ်ခုဖြစ်လိုသည်ဟု ငွေကြေးလုပ်ငန်းဆောင်ရွက်နေသူ ရူဘင်လိုင်းကဆိုသည်။ရင်းနှီးမြှုပ်နှံသူများက အကြွေးစနစ်၊ အာမခံလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုတို့ကို အက်ပလီကေးရှင်း သို့မဟုတ်ဝက်ဆိုက်တစ်ခုအဖြစ်ပေါင်းစည်းခြင်းသည် ယနေ့ငွေပေးချေခြင်း ဝန်ဆောင်မှုများကဲ့သို့ တန်ဖိုးရှိလာမည်ဟု ရှုမြင်ကြသည်။ ဘဏ်များနှင့်နည်းပညာဘဏ္ဍာရေး နှစ်ခုစလုံးတို့သည် ယင်းတို့၏ဝန်ဆောင်မှုများကိုပေါင်းစည်းရန် ပြိုင်ဆိုင်နေကြသည်။ စက်တင်ဘာလတွင် ရုရှားနိုင်ငံ၏ထိပ်တန်းဝက်ဆိုက်ရှာဖွေရေးနှင့် အငှားယာဉ်ဝန်ဆောင်မှု အက်ပလီကေးရှင်းကုမ္ပဏီ Yandex ကနိုင်ငံ၏ အကြီးဆုံးဒစ်ဂျစ်တယ်ဘဏ်ကိုဝယ်ယူမည်ဟု ပြောကြားခဲ့သည်။

ရက်သတ္တတစ်ပတ်အကြာတွင် ရုရှားနိုင်ငံ၏ထိပ်တန်းငွေကြေးဘဏ် Sberbank သည်ဘဏ်လုပ်ငန်းအဖြစ်မှ နည်းပညာအသုံးပြုသော အစားအသောက်နှင့် ဆေးဝါးပို့ဆောင်ရေးကုမ္ပဏီအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကင်ညာနိုင်ငံ Safaricom ကို ဦးစီးလုပ်ကိုင်နေသူဆက်သွယ်ရေးလုပ်ငန်း M-PESA ပိုင်ရှင် Peter Ndegwa သည် သူ၏ ဝန်ဆောင်မှုလုပ်ငန်းကို ငွေချေးစာချုပ်၊ ချေးငွေ၊ ဥစ္စာပစ္စည်း စီမံခန့်ခွဲမှုနှင့် အာမခံစသည်တို့ပေးအပ်နိုင်သော ဘဝနေထိုင်မှုအမှတ်တံဆိပ်တစ်ခု ဖြစ်လာစေလိုသည်။ ပုံစံသစ်၏ အဓိကဆွဲဆောင်မှုမှာပိုက်ဆံဖြစ်သည်။ ယှဉ်ပြိုင်မှုမြင့်မားလာပြီး ကြွယ်ဝချမ်သာလာသောကမ္ဘာကြီးတွင် အတိုးနှုန်းကျဆင်းခြင်း နိမ့်ကျခြင်းတို့ကြောင့်ချေးငွေကို လျော့ချပေးရသည်ဖြစ်ရာ ဘဏ်များအနေနှင့် အပြောင်းအလဲပြုလုပ် ရန်လိုအပ်သည်။ နည်းပညာအခြေ ပြုစိန်ခေါ်သူများသည် သူတို့၏ထုတ်ကုန်များကို တိုးမြှင့်ရောင်းချနိုင်ရန် သို့မဟုတ် အခြားသူများထံ ဖြန့်ဝေပေးရသည့် ပစ္စည်းများအပေါ်မှ ဖြတ်တောက်ယူရန်အတွက် သူတို့၏အက်ပလီကေးရှင်းကို လူများများသုံးစွဲစေလိုကြသည်။

ရုပ်ပိုင်းဆိုင်ရာအခက်အလက်များ ဆီလျော်မှုဖြစ်လာသည်နှင့်အမျ ဘဏ္ဍာရေးသည် အခြားကဏ္ဍများကို မြင့်တက်စေသည့်တူညီသော စီးပွားရေးကွန်ရက်ကိုထိတွေ့လာမည်ဖြစ်သည်။ UBS ဘဏ်မှ Huw van Steenis က နိုင်သူအများဆုံးယူစနစ်ကို ကပ်ရောဂါကအရှိန်မြှင့်ပေးသဖြင့် လူကြိုက်များသော ပလက်ဖောင်းသည် အသုံးပြုသူများပြားအောင် ဆွဲဆောင်လိမ့်မည်ဟုထင်မှတ်ထားသည်။ အကျိုးအမြတ်အများစုသည် ကွဲပြားသော ဘဏ္ဍာရေးဝန်ဆောင်မှုများတွင် ကြာမြင့်စွာရှိနေသည့် အချက်အလက်များကို ပေါင်းစည်းအသုံးချနိုင်ခြင်းမှ ရောက်ရှိလာနိုင်ခြေရှိသည်။ သုံးစွဲသူများ၏အပြုအမူကို အပြည့်အဝပုံဖော်ထားပြီး အကြံပြုချက်များကို အယ်လ်ဂိုရစ်သမ် အဖြစ် အသုံးပြုရန်မျော်လင့်ထားသည်။ အဆိုပါစိတ်ကူးအိပ်မက်ကို မည်သို့သိမ်းဆည်းမလဲ။ ထိုအချက်ကို လုပ်ဆောင်နိုင်ပါက ပလက်ဖောင်းမှာ ပိုမိုချောမွေ့လာစေပြီးတစ်နည်းအားဖြင့် သူတို့၏ အကြံပြုချက်အရ ထုတ်ကုန်များတိုးမြင့်လာစေမည်ဖြစ်သည်။ လက်ရှိတွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း ဆော့ဖ်ဝဲကိုဒီဇိုင်းပြုလုပ်ပေးသော Backbase သည် ထိုနည်းပညာဖြင့် လုပ်ကိုင်နေလေသည်။ ‘လူတွေကသူတို့ရဲ့နေ့စဉ်ဘဝတွေကို မင်းထံဝေငှလေလေ၊ သူတို့ကို မင်းကအကျိုးကျေးဇူး ပိုမိုပေးနိုင်လေလေပဲ’ ဟု သူဌေး Jouk Pleiter က ပြောသည်။

သုညများနှင့်တစ်များ

အခြားသောလုပ်ငန်းများတွင် လက်ရှိအနေအထားကိုအပြီးပြောင်းလဲနိုင်သော်လည်း Big Tech မှာမူ ဘဏ္ဍာရေးနယ်ပယ်တွင် လက်မထောင်နေနိုင်သည်။ အက်ပဲသည် ငွေပေးချေကိရိယာအဖြစ် Goldman Sachs အကြွေးဝယ်ကတ်ကို မိတ်ဆက်လိုက်သည်။ ဖေ့စ်ဘွတ်၏ငွေပေးချေမှုမှာ အနည်းငယ်သာတိုးတက်စေသည်။ သုတေသနကုမ္ပဏီ Moffett Nathanson မှ လီဆာအဲလစ်က အမေဇုန်၏ကုန်ပစ္စည်းခလုတ်ကို အသုံးပြုသော အမေရိကန်နိုင်ငံအွန်လိုင်းကူးသန်းရောင်းဝယ်ရေး ဝက်ဆိုက်အရေအတွက်သည် တဖြည်းဖြည်းချင်းသာ မြင့်တက်နေသည်ဟုဆိုသည်။ ဂူးဂဲသည် စာရင်းရှင်စာရင်းသေငွေစာရင်းအကောင့်များ ပေးအပ်နိုင်ရန် ဘဏ်များနှင့် ပူးပေါင်းခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ငွေပေးချေမှုအက်ပလီကေးရှင်မှာတွင်ကျယ်နေပြီး ဈေးဝယ်သူများကို ချေးငွေချက်ချင်းထုတ်ပေးသည်။ သို့သော် ဂူးဂဲ၏ငွေပေးချေမှုဆိုင်ရာအမှု ဆောင်အရာရှိ ဒိုင်ယာနာလေးဖီးလ်က ယင်းသည် ကြီးကျယ်စွာပေါင်းစည်းသည့် ပလက်ဖောင်းတစ်ခု ဖြစ်လာရန်မလိုလားပါဟု အခိုင်အမာပြောကြားထားသည်။ (ဖြစ်နိုင်သည်မှာ ယင်းသည် ပိုမိုကောင်းမွန်သောဈေးကွက်ကို ရှာဖွေနေခြင်းကြောင့်ဖြစ်မည်။ ငွေကြေးလုပ်ငန်းတွင် အစပိုင်း၌ Cloud သို့အချက်အလက်များရွှေ့ပေးရန်မှာ နှေးကွေးသဖြင့် ထိုသို့ပြုလုပ်ရန် စိတ်အားထက်သန်ခြင်းဖြစ်မည်။ အလီဘာဘာ၊ အန့်ကုမ္ပဏီ၏ ယခင်အုပ်စု၊ အမေဇုန်၊ ဂူးဂဲနှင့် မိုက်ကရိုဆော့တို့သည် အကျိုးအဖြစ်ထွန်းဆုံးဖြစ်လိမ့်မည်။)

ဘဏ်များကို ဘယ်နေရာမှာထားခဲ့မလဲ။ ဘဏ္ဍာရေးနည်းပညာများ၊ ငွေကြေးအက်ပလီကေးရှင်းများ၊ အကောင်းဆုံးငွေကြေးစွန့်စားမှုများ စသည်တို့က ဘဏ်များ၏ နယ်နိမိတ်စွန်းကို ကျော်လွှားသွားမည်ဖြစ်သည်။ သို့သော်ယင်းတို့က ဘဏ်များ၏နေရာကို လုယူရန်ကြိုး စားမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဘဏ်လုပ် ငန်းကို အစိတ်အပိုင်းနှစ်ခုဖြင့် လုပ်ဆောင်ထားခြင်း ကြောင့်ဟု အတိုင်ပင်ခံကုမ္ပဏီ McKinsey မှ မစ်ကလို ဒိုင်းယက်ဇ်က ပြောသည်။ အဓိကဘဏ်လုပ်ငန်းသည် ငွေကြေးအရင်းအနှီးကို ကြီးမားစွာ ထိန်းချုပ်ထားရသည်။ ငွေကြေးအရင်းအနှီးကြပ်မတ်ဆောင်ရွက်ချက်များဖြင့် ကမ္ဘာတစ်ခွင်လုံး ဝင်ငွေခွန် သုံးထရီလီယံရရှိစေရန်နှင့် ရှယ်ယာအမြတ်ငွေ ၅-၆ ရာခိုင်နှုန်းပြန်ရအောင် လုပ်ဆောင်ရသည်။ ထိုအချက်ကြောင့်ပင် ဒစ်ဂျစ်တယ်ငွေကြေးစနစ်သည် ဘဏ်လုပ်ငန်းကို ရှင်သန်နေစေဖို့ လိုအပ်သည်။

ဘဏ်လုပ်ငန်းနှင့် ဒစ်ဂျစ်တယ်စနစ်တို့အတူယှဉ်တွဲလုပ်ဆောင်သည်ကို တရုတ်နိုင်ငံတွင် မြင်တွေ့နိုင်သည်။ Tencent နှင့် Ant တို့ ယှဉ်တွဲလက်ဝါးကြီးအုပ်မှုသည် အစွမ်းထက်သောနည်းစနစ်များအသုံးပြု၍ နိုင်ငံအတွင်းရှိ လုပ်ငန်းငယ်များနှင့် စားသုံးသူများထံ လျင်မြန်စွာဖြန့်ဖြူးနိုင်ရန်လုပ်ဆောင်သည်။ ဘဏ်လက်ကျန်ရှင်းတမ်းအတိုင်း သူတို့ရောင်းချကြသည်။ ဘဏ်များကလည်း အကျိုးအမြတ်ကို မက်မောသောကြောင့် ထိုအရောင်းအဝယ်စနစ်ကိုလက်ခံကြသည်။

သို့သော် စနစ်နှစ်မျိုးအတူတကွ ယှဉ်တွဲခြင်းသည် ကမ္ဘာပေါ်တွင် ပုံစံအမျိုးမျိုးရှိနိုင်သည်။ အချို့ဘဏ်များသည် နည်းပညာသစ်နှင့် သင့်တော်ကောင်းသင့်တော်မည်ဖြစ်သည်။ ဘဏ်၏ဒစ်ဂျစ်တယ်စနစ်နှင့် ၂၀၀၇-၂၀၀၉ ဆိုးရွားလှသည့် ဘဏ္ဍာရေးအကျပ်အတည်းအကြားခိုင်မာသည့်ချိတ်ဆက်မှုတစ်ခုကို Bain ကုမ္ပဏီမှဒါ့ဗေတာကမြင်တွေ့ခဲ့သည်။ ဥရောပဘဏ်များသည် ပြုပြင်ပြောင်းလဲမှုတွင် မြှုပ်နှံရမည့်အစား ကုန်ကျစရိတ်များကိုလျော့ချခဲ့သည်။ သူတို့၏အက်ပလီကေးရှင်းမှာ စွမ်းဆောင်ရည်နည်းပါးသည်။ သို့သော်ငြား လည်း ဘဏ္ဍာရေးအကျပ်အတည်းကြုံနေရသော သြစတြေးလျနိုင်ငံတွင်အခြေစိုက်သည့် ဓနသဟာယဘဏ် သည် Netflix ကဲ့သို့သောဝန်ဆောင်မှုပေးသည့် အက်ပလီကေးရှင်းကိုလုပ်ဆောင်နိုင်သဖြင့် ချီးကျူးခံခဲ့ရသည်။ DBS အကြီးအကဲ ပီယုဂွတ်ပ်တားက အချိန်ယူ၍ အက်ပလီကေးရှင်း၏ ကွာဟချက်တချို့ကိုချိတ်ဆက်ပေးလျင် ပေါင်နှံခြင်းကဲ့သို့သော ရှုပ်ထွေးသည့်ကုန်စည်ကိုပင် အွန်လိုင်းမှ ရောင်းချနိုင်မည်ဟုဆိုသည်။

အပြန်အလှန်စောင့်ကြပ်ထိန်းညှိခြင်း

နည်းပညာကုမ္ပဏီသည် ဘဏ်နှင့် မည်မျအကွာတွင်ရှိ ရမည်ကို စည်းမျဉ်းစည်းကမ်းများက ဆုံးဖြတ်ပေးမည် ဖြစ်သည်။ တရုတ်နိုင်ငံတွင် မကြာသေးမီက ဘဏ်စနစ်ကို ကာကွယ်ရန် လွတ်လပ်မှုအချို့ကို ပြန်လည်ဆုပ်ကိုင်ခဲ့ သော်လည်း ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုထားသည်မှာ ကြာပြီဖြစ်သည်။ အမေရိကန်နိုင်ငံတွင်မူ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းလိုင်စင်ရရှိ ရန် ခက်ခဲလွန်းလှသည်။ ဥရောပနှင့် ဖြစ်ထွန်းစဈေးကွက်သစ်များမှာ အလယ်အလတ်အဆင့်ဖြစ်သည်။ အချက်အလက်များကို စီးဆင်းစေပြီး ပြိုင်ဆိုင်မှုကို ဖြစ် ပေါ်စေသည်။ မလေးရှားနိုင်ငံမှ မက္ကဆီကိုနိုင်ငံအထိ နိုင်ငံပေါင်း ၅၁ ခုတွင် ပွင့်လင်းသော ဘဏ်စနစ်၏ မူကွဲ တချို့ကို စတင်တော့မည်ဖြစ်သည်။ အဆိုပါကနဦးအခြေအနေများတွင် အတူတကွလိုက်ပါစီးမျော၍ အချို့သောဘဏ္ဍာရေးစနစ်သည် မည်သည့်နေရာတွင်ရှိနေသည်၊ မည်သည့်နေရာတွင်အဆုံးသတ်မည်ကို သင်သိပြီဖြစ်သည်။ အမေရိကသည် သုညအဆင့်တွင်ရှိနေသည်။ ကာစတမ်မာများသည် အကြွေးဝယ်ကတ်ပြားများထဲတွင် ပိတ်လှောင်ခံထားရသည်။ နည်းပညာကုမ္ပဏီများသည် အကာအကွယ်ကောင်း များယူထားသည့် ဘဏ်များပေါ်တွင် မှီခိုနေရသည်။နောက်အဆင့်တွင် ဘဏ်များသည် အခြေခံအဆောက် အအုံအဖြစ် လည်ပတ်နေလိမ့်မည်ဖြစ်သော်လည်း ငွေပေး ချေမှုနှင့် အခြားငွေကြေးဆိုင်ရာတာဝန်များကိုမူ အသစ် ဝင်ရောက်လာရန် လမ်းဖွင့်ပေးရပေလိမ့်မည်။ ဥပမာအားဖြင့် ဥရောပဘဏ္ဍာရေးနည်းပညာသည် ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေကိုလွှဲပြောင်းနိုင်သော်လည်း ဘဏ်စာရင်းတစ်ခုနှင့်တစ်ခုအကြား ငွေသားကိုရွှေ့ထည့်ပေးနေရဆဲဖြစ်သည်။ ဆွီဒင်နိုင်ငံတွင်စားသုံးသူများ၏ ချေးငွေ ၆၀ ရာခိုင်နှုန်းဖြင့် စတင်နေပြီဖြစ်သည်။

အဆင့်နှစ်တွင် ငွေပေးချေမှုပုံစံ ဖြတ်တောက် မည်ဖြစ်သည်။ ဥပမာ-အာဖရီကတိုက်တွင် ဘဏ်မှတစ် ဆင့်မဟုတ်ဘဲ မိုဘိုင်းလ်ဖုန်းအချင်းချင်း ငွေကြေးစီးဆင်း မည်ဖြစ်သည်။ သို့သော်လည်း ငွေကြေးဝန်ဆောင်မှု အများစုတွင် ဘဏ်စနစ်မှာ ပါဝင်ပတ်သက်မှု ရှိနေဦးမည် ဖြစ်သည်။ အဆင့်သုံးတွင် အရှေ့တောင်အာရှရှိ အငှားယာဉ်စီးနင်းခြင်းဝန်ဆောင်မှု Grab နှင့် Gojek ကဲ့သို့သော စူပါအက်ပလီကေးရှင်းများ၏နယ်ပယ်ဖြစ်သည်။

အဆင့်လေးတွင် ဘဏ်များကို ဆက်လက်ရှင်သန်နေစေရန် ငွေကြေးဝန်ဆောင်မှုများ ထုတ်လုပ်ခြင်းနှင့်ဖြန့်ချိခြင်းတွင် ဘဏ်များက မည်သည့်အခါတွင်မျ လွှမ်းမိုးမထားစေရပါ။ မည်မျပင်ဝေးလံခေါင်းပါးသည့် နိုင်ငံဖြစ်စေ၊ နိုင်ငံများစွာတွင် နောင်လာမည့်နှစ်များ အတွင်း သိသာထင်ရှားသောပြောင်းလဲမှုများကိုတားဆီး၍ ရမည်မဟုတ်ပါချေ။

The Digital Surge – Economist Oct 10, 2020