ထိပ်တန်းရာထူးတွေခန့်ထားခံရဖို့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် မတူညီတဲ့ကွန်ရက်တွေ လိုအပ်တယ်

စန္ဒာထွန်း

အမျိုးသားတစ်ယောက်လို အောင်မြင်ဖို့ဆိုရင် အမျိုးသမီးတွေဟာ အမျိုးသားတွေလို ပြုမူသင့်တယ်လို့ လုပ်ငန်းခွင်အကြံပေး ဆောင်းပါးများစွာက ဆိုလေ့ရှိပါတယ်။ တခြားအချက်တွေအများကြီးရှိတဲ့အနက် အမျိုးသား လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးတည်ဆောက်ရမယ်လို့ ဆိုလိုတာဖြစ်နိုင်ပါတယ်။ စီးပွားရေးစာစောင်တစ်ခုက အမျိုးသမီးတွေဟာ အမျိုးသားလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဂေါက်ရိုက်ရာမှာအတူ ပါဝင်သင့်သလို လုပ်ငန်းခွင်ဆိုင်ရာ Website တစ်ခုကလည်း လူမှုရေးကဏ္ဍမြှင့်တင်ဖို့ အမျိုးသမီးတွေဟာ အမျိုးသားလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘီယာသောက်ခြင်းကလည်း လက်တွဲမှုတစ်ခုလို့ ဆိုထားပါတယ်။

အမျိုးသားတွေလို တူညီတဲ့ကွန်ရက်လှုပ်ရှားမှုတွေဆီ ဝင်ရောက်ခြင်းဟာ အမျိုးသမီးတွေအတွက် အလုပ်အခွင့်အလမ်းတွေ ပွင့်လင်းတိုးပွားစေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လေ့လာမှုအသစ်တစ်ခုကတော့ ဒါဟာ မမှန်ကန်ပါဘူးလို့ အကြံပြုထားပါတယ်။ ပိုကောင်းတဲ့ အလုပ်တွေကို ချိတ်ဆက်နိုင်တဲ့အမျိုးသမီးတွေအတွက် ဒီအချက်တွေမှန်ကန်ပေမဲ့လည်း အအောင်မြင်ဆုံးဆိုတဲ့အမျိုးသမီးတွေကလည်း အမျိုးသားတွေနဲ့ ဘီယာအတူ မသောက်တာမျိုးရှိပြီး အမျိုးသမီးလုပ်ဖော်ကိုင်ဖက်ချင်းသာ ပိုရင်းနှီးလေ့ရှိပါသတဲ့။

ဒီဖော်ပြချက်တွေနဲ့ပတ်သက်ပြီး MBA ဘွဲ့အစီ အစဉ်တစ်ခုအတွက် လေ့လာသူတွေကတော့ လူမှုကွန်ယက်နဲ့ အလုပ်ခန့်ထားရေးအချက်အလက်တွေကို ဆန်းစစ်ခြင်းဖြင့် သုံးသပ်ကြပါတယ်။ လုပ်ငန်းခွင်မှာ အမျိုးသားအမျိုးသမီး မတူခြားနားခြင်းဆိုင်ရာ အရေးကြီးဆုံး အချက်တစ်ခုကတော့ အများသားတွေအတွက် ဘွဲ့ရပြီးတဲ့ နောက်အလုပ်အခြေအနေအပေါ် သက်ရောက်စေတဲ့ သိသာထင်ရှားမှုအရှိဆုံးအချက်က သူတို့ဟာ သူတို့အဆက်အသွယ်တွေနဲ့ ရှိနေကြတဲ့အချက်ပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သူတို့နဲ့ဆက်နွယ်ပတ်သက်မှု ရှိတဲ့သူတွေနဲ့ အဆက်အသွယ်များခြင်းဖြစ်ပါတယ်။

အောင်မြင်တဲ့အမျိုးသမီးတွေဟာလည်း ဒီလိုမျိုးဖြစ်နိုင်ပေမဲ့ ဒီအကြောင်းအရာတစ်ခုတည်းဟာ အမျိုးသမီးတွေကို ထိပ်တန်းအလုပ်တွေအတွက် ရာထူးခန့်အပ်ဖို့လုံလောက်တယ်လို့တော့ မဆိုနိုင်ပါဘူး။ အအောင်မြင်ဆုံးဆိုတဲ့ အမျိုးသမီးတွေဟာ အတူတကွအလုပ်လုပ်ကြတဲ့ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်ကောင်းတွေ ရှိတတ်ကြပါတယ်။

အဆက်အသွယ်တွေ အများကြီးရှိတာဟာ ဘယ်ကုမ္ပဏီကတော့ အလုပ်ခေါ်နေပြီ၊ ဘယ်လိုဝန်ထမ်း မျိုးကိုရှာနေတာ စတဲ့ သတင်းအချက်အလက် Public information တွေအလွယ်တကူရနိုင်တယ်လို့ လေ့လာသူ တွေက ပြောပါတယ်။ အမျိုးသားတွေအတွက် ဒီအ ကြောင်းအချက်တစ်ခုတည်းက အလုပ်ကောင်းတစ်ခုရဖို့ လုံလောက်ပါတယ်။ ‘အမျိုးသားတွေဟာ ဆက်သွယ်ရေး ကွန်ရက်တစ်ခု တကယ့်ကို လိုအပ်ပါတယ်။ ဒီကွန်ရက် ဟာ အမျိုးသားတွေအတွက် အလုပ်နေရာတစ်ခုကို ဝင် ရောက်ဖို့ ချဉ်းကပ်ရာမှာ အထောက်အကူ အများ ကြီးဖြစ်ဖို့နဲ့ ဈေးကွက်သတင်းအချက်အလက် လက်ခံ ရရှိစေဖို့ ဖြစ်ပါတယ်’ လို့ အမေရိကန်နိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Kellogg School of Management ရဲ့ ပါမောက္ခဖြစ်သူ Brian Uzzi က ပြောပါတယ်။

‘အတိအကျပြောရမယ်ဆိုရင် အမျိုးသမီးတွေ အတွက် ကုမ္ပဏီတစ်ခုရဲ့ ဦးဆောင်မှုဆိုင်ရာအလေ့အထ ဒါမှမဟုတ် အဖွဲ့အုပ်စု၊ ကုမ္ပဏီတိုးတက်မှုအခြေအနေနဲ့ ပတ်သက်ပြီး အတွင်းကျတဲ့အချက်အလက်တွေ တစ်နည်း အားဖြင့် လျို့ဝှက်သတင်းအချက်အလက်တွေ၊ ဒါမှမဟုတ် အမျိုးသားတွေလွှမ်းမိုးတဲ့ Industry တစ်ခုမှာ ဘယ်လိုအယူအဆတွေ၊ အမြင်တွေဖန်တီးမလဲဆိုတာနဲ့ပတ်သက်တဲ့အချက်မျိုး လိုအပ်တယ်’ လို့ Uzzi က ဆိုပါတယ်။ ဒါပြင်အမျိုးသမီးတွေဟာ သူတို့နဲ့ဆက်နွှယ်သူတွေ၊ ယုံကြည်ရတဲ့ အဆက်အသွယ်တွေဆီကနေရလာတဲ့ လျို့ဝှက်သတင်းအချက်အလက်တွေအပေါ် သစ္စာရှိကြပါ တယ်။

ဒါပေမဲ့ လေ့လာသူတွေသတိပေးတဲ့အချက်တစ် ခုကတော့ အမျိုးသမီးတစ်ယောက်ရဲ့ကွန်ရက်မှာရှိတဲ့ အဆက်အသွယ်တွေဟာ သူတို့ကိုယ်ပိုင် မတူကွဲပြားတဲ့ ကွန်ရက်တွေ လုံလုံလောက်လောက်မရှိဘူး ဆိုတာပါပဲ။

ကိုယ်ရေးအချက်အလက်တွေတူပေမဲ့ ခြားနားတဲ့ကွန်ရက်တွေ…

Uzzi နဲ့ သူ့ရဲ့တွဲဖက်စာရေးသူတွေဖြစ်တဲ့ Kellogg ရဲ့ သုတေသနလက်ထောက်ပါမောက္ခ Yang Yang နဲ့ Notre Dame တက္ကသိုလ်ရဲ့ လက်ထောက်ပါမောက္ခ Nitesh Chawla တို့ကတော့ လူမှုကွန်ရက်တွေဟာ သက်မွေးမှု အလုပ်လမ်းကြောင်းတွေ အထူးသဖြင့် လူတစ်ဦးချင်း စီအလိုက် ဦးဆောင်မှုအခန်းကဏ္ဍတွေအတွက် တိတိ ကျကျ ဘယ်လိုလွှမ်းမိုးမှုရှိနေသလဲဆိုတာကို သိချင်ခဲ့ပါတယ်။

MBA Programs တွေရဲ့ ဘွဲ့ရအများစုဟာ စာမေးပွဲရမှတ်တွေ၊ Grade point average (GPAs)၊ အလုပ် အတွေ့အကြုံ စတဲ့အရည်အချင်းတွေ မြင့်မား ကြပါတယ်။ ‘အမျိုးသားနဲ့အမျိုးသမီးတွေဟာ စာရွက်ပေါ်မှာတော့ ကွာခြားမှုမရှိလှပါဘူး’ လို့ Uzzi က ဆိုပါတယ်။

ကျောင်းသားတွေကြားက အဆက်အသွယ်တွေဟာ အားနည်းမှုရှိတာကို သုတေသနပြုသူတွေက သိ ကြပါတယ်။ ကျောင်းသားတွေဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကို ဖလှယ်ခြင်းမရှိကြပေမဲ့ အလုပ်အခွင့်အလမ်းနဲ့ လစာနှုန်းထားတွေကိုတော့ ကျောင်းသားတွေအချင်းချင်း ပြောဆိုမှုရှိနိုင်တယ်လို့ ဆို ပါတယ်။ ဒီလိုပုံစံမျိုးက ရင်းနှီးတဲ့သူငယ်ချင်းတွေ ကြား မှာ အချင်းချင်းသတင်းပေးတာမျိုး၊ သီးခြားအလုပ် ခွင်တစ်ခုမှာလုပ်ရတာနဲ့ပတ်သက်ပြီး ဘယ်လိုရှိတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေမျေ၀ ကြတာမျိုးတွေဖြစ်ပါတယ်။

Uzzi နဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဘယ်လိုမတူ တဲ့ဆက်နွယ်ပတ်သက်မှုတွေဟာ သက်မွေးမှုအလုပ်ခွင် လမ်းကြောင်းအောင်မြင်မှုမှာ ဘယ်လိုလွှမ်းမိုးမှုတွေ ရှိတယ်ဆိုတာနဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေအတွက် အဖြေဟာ ကွဲပြားမလားဆိုတာကို သိချင်ခဲ့ပါတယ်။

ဒါကို သိရစေဖို့ ၂၀၀၆ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်က ထိပ်တန်း MBA Program ကနေ ဘွဲ့ရခဲ့တဲ့သူတွေရဲ့ အ ချက်အလက်တွေကို လေ့လာသူအဖွဲ့က ရယူခဲ့ပြီး ဒီအ ချက်အလက်တွေမှာ ကျောင်းသားတွေရဲ့ ဝင်ခွင့်ရမှတ်၊ ဘွဲ့ကြိုဘာသာရပ်၊ GPA ၊ အလုပ်အတွေ့အကြုံ၊ နိုင်ငံ သား၊ ကျား/မ၊ တစ်ဦးချင်းစီရဲ့ ဘွဲ့အပေါ်မူတည်ပြီး စတင်ရရှိမယ့်လစာ စတဲ့အချက်တွေ ပါဝင်ပါတယ်။

Uzzi နဲ့အဖွဲ့ဟာ ကျောင်းသားတွေကြားပေး ပို့ကြတဲ့ အီးမေးလ်အစောင်ပေါင်း ၄.၅ သန်းနဲ့အထက် ကနေ သတင်းအချက်အလက် တွေရယူခဲ့ပါတယ်။ လေ့လာသူတွေက စာတွေကိုမဖတ်နိုင်ခဲ့ပေမဲ့ ဘယ် ကျောင်းသားတွေက တစ်ယောက်နဲ့တစ်ယောက် ဘယ် အချိန်မှာ အဆက်အသွယ်ရှိတယ်ဆိုတာကို သိခဲ့ကြပါ တယ်။ လေ့လာတဲ့အဖွဲ့ဟာ ကျောင်းသားတစ်ဦးချင်းစီ ရဲ့ကွန်ရက်မှာ အဲဒီကျောင်းသားရဲ့ အရေးပါမှုကိုလည်း တိုင်းတာခဲ့ကြပါတယ်။ ဒီလေ့လာမှုမှာ အရေးပါမှုဆို တာဟာ လူတစ်ယောက်မှာ အဆက်အသွယ်ဘယ်လောက် ရှိတယ်ဆိုတာကို မဆိုလိုဘူးဆိုတာကို Uzzi က မှတ် သားထားခဲ့ပါတယ်။ လူတစ်ယောက်ဟာ အဆက်အသွယ် နည်းတဲ့လူဖြစ်ပေမဲ့လည်း တကယ့်ကို အရေးပါတဲ့သူ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အဆက် အသွယ်တွေကနေတစ်ဆင့် နောက်ထပ်အဆက်အသွယ် တွေ အများကြီးရှိနေနိူင်လို့ပါပဲ။ ‘ကွန်ရက်သေးသေးလေး ကနေ ကျယ်ပြန့်နိုင်ပါတယ်’ လို့ Uzzi က ဆိုပါတယ်။

နောက်ဆုံးမှာတော့ လေ့လာသူတွေဟာ ဘွဲ့ရ တစ်ဦးချင်းစီမှာရှိတဲ့ အားသာချက်၊ အားနည်းချက်တွေနဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့ ကွန်ရက်မှာ ကျား-မ ကွဲ ပြားမှုကြောင့် မအောင်မြင်မှုတွေကို ရေတွက်မှတ်သားခဲ့ ပါတယ်။

အမျိုးသား၊ အမျိုးသမီးများအတွက် အလုပ်ကွန်ရက်…

ကျောင်းသားတွေရဲ့ စာရွက်ပေါ်က အရည်အချင်းတွေ ဖြစ်တဲ့ စာမေးပွဲရလဒ်နဲ့ အလုပ်အတွေ့အကြုံတွေဟာ အလုပ်ခန့်အပ်ခံရမှုအပေါ် လွှမ်းမိုးမှုရှိပုံမရပါဘူး။ ဘာ ကြောင့်လဲဆိုတော့ ပါဝင်သူအားလုံးဟာ သတ်မှတ်တိုင်း တာချက်တွေနဲ့ အနီးဆုံးဆိုတဲ့အခြေအနေကို ရောက်ကြပါ တယ်။ ‘အဲဒါက ဘာနဲ့တူသလဲဆိုရင် ခင်ဗျားမှာ ဘတ်စ ကတ်ဘောအသင်းတစ်ခုရှိသလိုပါပဲ။ ဒီအသင်းမှာပါသူ အားလုံးရဲ့ အရပ်တွေက ၆ ပေ ၅ လက် မ၊ ၆ ပေ ၇ လက်မ၊ ၆ ပေ ၆ လက်မ စသဖြင့် သိပ်မကွာ ခြားဘူးမ ဟုတ်လား။ ကစားသမားတစ်ယောက်ရဲ့ အရပ်အမြင့်ဟာ အကောင်းဆုံးကစားသမားဘယ်သူဆိုတာကို ဆုံးဖြတ်ဖို့ မဖြစ်နိုင်ပါဘူး’ လို့ Uzzi က ဥပမာ ပေးရှင်းပြခဲ့ပါတယ်။

ဘွဲ့ရပြီးတဲ့နောက် တစ်ဦးတစ်ယောက်ရဲ့ပထမဆုံးအလုပ်အတွက် လစာအဆင့်ကိုစဉ်းစားတာဟာ အနာ ဂတ်ရာထူးနေရာတွေအတွက် ကြိုတင်မျော်မှန်းခြင်းနဲ့ တူ တယ်လို့လည်း သူက ဆိုထားပါတယ်။

မှတ်စရာတစ်ခုက အမျိုးသားတွေရဲ့ အဆက် အသွယ်တွေဟာ ခိုင်မာဖို့နဲ့ အကျိုးရှိဖို့တွေ မရှိပါဘူး။ အမျိုးသားတွေမှာ အဆက်အသွယ်တွေအားနည်းစေဦးတော့ …
သူတို့ဟာ အလုပ်မှာ ကောင်းကောင်းစွမ်းဆောင် နိုင်ကြဆဲပါပဲ။ ဒါ့ပြင် အမျိုးသားတွေမှာရှိတဲ့ အဆက် အသွယ်တွေရဲ့ ကျား-မပါဝင်မှုဟာ သူတို့ရဲ့အလုပ်ခန့်ထားရရှိမှုအဆင့်တွေမှာ သက်ရောက်မှုမရှိပါဘူး။ ‘အမျိုး သားတွေ အလုပ်ခန့်ထားမှုမှာ ကောင်းကောင်းလုပ်နိုင်ဖို့ လိုအပ်တာကတော့ Public information ရဖို့ပါပဲ’ လို့ လည်း သူကဆိုပါတယ်။

အောင်မြင်တဲ့ကွန်ရက် ဘယ်လိုတည်ဆောက်မလဲ…

အရည်အချင်းဟာ အမျိုးသမီးတွေအတွက်လည်း အရေးကြီးပါတယ်။ အမျိုးသားတွေရရှိတဲ့ ရာထူးအဆင့်တွေ အထိ အမျိုးသမီးတွေကို ငှားရမ်း အလုပ်ခန့်ထားဖို့ ခိုင် မာတဲ့ကွန်ရက်တစ်ခုကတောင် လုံလောက်အောင်မစွမ်း ဆောင်နိုင်သေးပါဘူး။ အဆက်အသွယ်ရှိတဲ့ အမျိုးသမီး တွေဖြစ်ရင်တောင်မှ အမျိုးသမီးတွေဟာ အမျိုးသားတွေ လိုမဟုတ်ဘဲ အလုပ်ခန့်အပ်ခံရမှုနည်းပါးနေ တုန်းပါပဲလို့ လည်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ ကွဲပြားခြားနားတဲ့ လူမှုရေးလက္ခဏာ ရပ်တစ်ခုက အောင်မြင်မှုနဲ့တွဲစပ်ထားခဲ့ပါတယ်။ အဆင့်မြင့်အလုပ်တွေရရှိကြတဲ့ အမျိုးသမီးလေး ပုံသုံးပုံဟာ အခြားအမျိုးသမီးအနည်းငယ်နဲ့ ပုံမှန်အဆက် အသွယ်ရှိကြပါတယ်။ ဒါ့ပြင် ကောင်းကောင်းဖွံ့ဖြိုး လည် ပတ်ပြီးဖြစ်တဲ့ ကွန်ရက်တစ်ခုနဲ့ ပေါင်းစပ်မိတဲ့အခါ ဒီလို ရင်းနှီးတဲ့ အမျိုးသမီးမိတ်ဆွေတွေဟာ အလုပ်အကိုင်ကြီး တွေကို မျဝေကြပါတော့တယ်။ အရည်အချင်းမြင့်မားပြီး အခြားအမျိုးသမီးတွေနဲ့လည်း အဆက်အသွယ်နီးကပ်တဲ့ အမျိုးသမီးတွေဟာ ဒီအချက်နှစ်ခုအားနည်းတဲ့အမျိုးသမီးတွေထက် ပျမ်းမျအလုပ်ရရှိမှုအဆင့် ၂.၅ ဆ မြင့်မား တာကို တွေ့ရပါတယ်။

ခြားနားတဲ့ကွန်ရက်တစ်ခုရဲ့တန်ဖိုး…
အအောင်မြင်ဆုံးဆိုတဲ့ အမျိုးသမီးတွေမှာ အရင်းနှီးဆုံးသူငယ်ချင်းတွေရှိကြပြီး အဲဒီအရင်းနှီးဆုံး သူငယ်ချင်း တွေကလည်း မတူတဲ့အခြားသူအုပ်စုတွေနဲ့ အဆက်အ သွယ်ရှိကြပြန်ပါတယ်။ ဒါကြောင့်လည်း သတင်းအချက် အလက်သစ်တွေ ပေးနိုင်ကြတာဖြစ်ပါတယ်။ အမျိုးသမီး တစ်ယောက်ရဲ့ အနီးမှာရှိတဲ့သူတွေဟာ သူ့အတွက် ရေရှည် အကျိုးမပြုနိုင်ဘူးဆိုရင် အဲဒီအမျိုးသမီးဟာလည်း ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့မှာမဟုတ်ပါဘူး။

လေ့လာသူတွေဟာ သူတို့ရဲ့လေ့လာတွေ့ရှိချက်တွေမှာ သတိပြုစရာတွေကို ဖော်ထုတ်ခဲ့ပါတယ်။ စာအစစ်အမှန်တွေကို မဖတ်ခဲ့ရကတည်းက သူတို့ရရှိခဲ့တဲ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး ယူဆချက် တွေကိုသာလုပ်ခဲ့ကြရတာပါ။ ရလဒ်တွေ တကယ်မှန်လား ဆိုတာအတွက်ကတော့ နောက်ထပ်သုတေသနတွေ လို အပ်ပါသေးတယ်။

ဒါပေမဲ့လည်း လူမှုကွန်ရက်တွေဟာ အလုပ်ခန့်ထားမှု၊ အလုပ်ရရှိမှုမှာ အရေးပါနေပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေအတွက်တော့ လူမှုကွန် ယက်တွေက ခြားနားမှုရှိနေတုန်းပါပဲ။
လူမှုကွန်ရက်တွေရဲ့ အကျိုးသက်ရောက်မှုကိုနား လည်ခြင်းဟာ Linkdln ၊ Facebook စတာတွေ အသုံး များနေတဲ့ ဒီနေ့အချိန်အခါမှာ တကယ်အရေးကြီးပါ တယ်။ ‘ အမျိုးသားတွေရဲ့ ကွန်ရက်တွေကို ပုံတူယူဖို့၊ တုပဖို့ အရေအတွက်ပိုများလာတဲ့ အမျိုးသမီးတွေ ကြိုး စားလာကြတာကို တွေ့ရမှာပါ။ တွေ့ရှိချက်တွေအရတော့ အမျိုးသမီးတွေအတွက် အကူအညီတကယ်မဖြစ်သေးတာတွေ့ရပါတယ်’ လို့ Uzzi က ပြောခဲ့ပါတယ်။

Ref : To land top jobs, women need different types of networks than men.