စီးပွားရေး အဘိဓာန် ၁၁၈

၁။ Fiscal Year

၁။ ဒီဇင်ဘာ ၃၁ ရက်မဟုတ်သော ကုန်ဆုံးသည့် မည်သည့် ၁၂ လမဆိုဖြစ်သည်။

၂။ တစ်ဆက်တည်းရှိ ၁၂ လ၊ ၅၂ သတ္တပတ်၊ သို့မဟုတ် ၄ သတ္တပတ် ၁၃ ခုရှိ စာရင်းကိုင်ကာလကိုဆိုသည်။ အကယ်၍ ၁၊ သို့မဟုတ် ၄ သတ္တပတ်ခြားများ သုံးခဲ့ပါက ဖေဖော်ဝါရီ ၂၉ ရက်ရှိ ရက်ထပ်နှစ်များအတွက် ညှိနှိုင်းရန်လိုအပ်ပါမည်။ အနည်းငယ်သော ကုမ္ပဏီများက ၄၈၊ သတ္တပတ်၊ သို့မဟုတ် ၄ သတ္တပတ်ပါ ၁၂ လကိုသုံးပါက ယင်းတို့၏ ဘဏ္ဍာရေးရှင်းတမ်း များကို ပြက္ခဒိန်နှစ်ဖြစ်ရန် အခါအားလျော်စွာ ညှိနှိုင်းချက်ပြုလုပ်ရသည်။

၂။ Fisher ၊ Irving ဖစ်ရှာ၊ အာဗင်
အမေရိကန်ဘောဂသင်္ချာပညာရှင် (၁၈၆၇-၁၉၄၇)၊ သူ့ကို သင်္ချာသုံးဘောဂဗေဒ၊ စာရင်းအင်းပညာနှင့် ညွှန်းကိန်း (စံပြညွှန်းကိန်း၊ DEAL INDEX ကြည့်) တို့နှင့် ပတ်သက်၍ သတိရနေကြပြီး၊ အလဲအထပ်ညီမျခြင်း EQUATION OF EXCHANGE ၊ ခေတ်ပုံစံငွေကြေးဆိုင်ရာ အရေအတွက်သီအိုရီ QUANTITY THEORY OF MONEY ကို ဖော်ထုတ်ခဲ့သည်။ ဖစ်ရှာက လှည့်လည်နေသော ငွေပမာဏနှင့်ဈေးနှုန်းအဆင့်လွှာတို့ အပြန်အလှန်သတ်မှတ်နေသည်ဟု ယုံကြည်ပြီး လှည့်ပတ်နေသော ငွေပမာဏကို ထိန်းချုပ်ပြီး အရပ်ရပ်ဈေးနှုန်း တည်ငြိမ်စေမည်ဟုတွေးဆသည်။

လှည့်လည်နေသော ငွေပမာဏကို ရွှေဈေးနှုန်းနှင့်ချိန်ဆညှိနှိုင်း၍ ရနိုင်သည်။ ဥပမာ- ဈေးနှုန်းများ ၂ ရာခိုင်နှုန်းတက်နေပါက ငွေကြေး၏ ဝယ်ယူနိုင်စွမ်းပကား ၂ ရာခိုင်နှုန်းလျော့ဆင်းမှုကို ဒေါ်လာနောက်ခံရွှေအလေးချိန်ကို ၂ ရာခိုင်နှုန်းတိုးမြှင့်ပေးရမည်။ ၁၉၂၉ ခုနှစ် စီးပွားရေးကျဆင်းမှုတွင် ဖစ်ရှာ၏ကိုယ်ရေးကြမ္မာ သိသိသာသာထိခိုက်ဆုံးရှုံးခဲ့ရပြီးနောက် ကြွေးမြီနှင့် ဈေးကျဆင်းမှုသီအိုရီ Debt-deflation Theory ကိုဖော်ထုတ်ခဲ့သည်။ ကြွေးမြီများ အလွန်အမင်း ကိုင်ဆောင်ခြင်းက စီးပွားရေးကျဆင်းခြင်းတရားခံဖြစ်သည်။ ကြွေးမြီများ အလွန်အကျွံများခြင်းက စီးပွားရေးလုပ်ငန်းများ ဒေဝါလီခံရခြင်းကိုဖြစ်၍ ရလဒ်က ကုန်ပစ္စည်းများ ဈေးကွက်သို့တွန်းပို့ရောင်းချခြင်းက ဈေးနှုန်းများပိုမိုကျဆင်းစေ၍ ဒေဝါလီခံမှုနှင့်ဈေးကွက်သို့ ကုန်စည်များပိုမိုတွန်းချခြင်းဖြစ်စေသည်။

ရွှေဈေးပြောင်းခြင်းက ပျမ်းမျဈေးနှုန်းများကိုပြောင်းလဲရန် မလုံလောက်သည်ကို သဘောပေါက်နားလည်လာ၍ ဖစ်ရှာကစီးပွားရေးဘဏ်အားလုံး တောင်းခံသည့်အခါ ပေးရမည့်အပ်ငွေ လက်ငင်းစာရင်းအတွက် ၁၀၀ ရာနှုန်း သီးသန့်ငွေထားရန် အဆိုပြုခဲ့သည်။ ယင်းသီးသန့်ငွေတွင် ငွေကြေး၊ ဖယ်ဒရယ်ဘဏ်များရှိ သီးသန့်အပ်ငွေနှင့် အစိုးရငွေချေးစာချုပ်များ ပါဝင်သည်။

ဤသို့အားဖြင့် ဘဏ်များကငွေဖန်တီးထုတ်ဖော်မှုကို သီးသန့်ငွေ၏ အစိတ်အပိုင်းဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိတော့ဘဲ သီးသန့်ငွေ ၁၀၀ ရာနှုန်းပြည့် နောက်ခံထားဖန်တီးရမည်ဖြစ်၍ ငွေကြေးအာဏာပိုင်က ငွေပမာဏကိုထိန်းချုပ်နိုင်သွားပေမည်။ ငွေကြေးအရေအတွက် သီအိုရီကဲ့သို့ ဖစ်ရှာ၏ ၁၀၀ ရာနှုန်းအစီအစဉ်ကလည်း ချေးငွေနှင့်သုံးစွဲစရိတ်များသည် ငွေကြေးပမာဏ Money Supply အပြင် အခြားများပြားလှသော အချက်များကို လျစ်လျူရှုထားခဲ့သည်။

၃။ Fishy Back ငါးကြောကုန်းပေါ်သင်္ဘောတင်ပို့ဆောင်ခြင်း
ထရပ်ကားနှင့် သင်္ဘောသုံးစွဲမှုပေါင်းထားသည့် ကုန်စည်ပို့ဆောင်မှုဖြစ်သည်။ ကုန်များကိုကုန်သေတ္တာတွင်းထည့်၍ ဘေးတွဲပါထရပ်ကားများနှင့် သင်္ဘောတင်ပို့ဆောင်သော စက်ရုံမှသင်္ဘောဆိပ်သို့ မောင်းနှင်သွားသည်။ ထို့နောက်ကုန်သေတ္တာများကို သင်္ဘောများ၊ သို့မဟုတ် ဆိပ်ခံတွဲများ အတွင်းထည့်၍ အခြားမြို့၊ သို့မဟုတ် နိုင်ငံများသို့ သယ်ဆောင်သည်။ နောက်ဆုံးခရီးနှင့် အနီးဆုံးဆိပ်ကမ်းရောက်သည့်အခါ ဘေးတွဲပါထရပ်များပေါ် ပြန်လည်တင်ဆောင်၍ ဖောက်သည်၏စက်ရုံသို့ မောင်းနှင် သယ်ယူသွားသည်။

ငါးကြောကုန်းပေါ် သင်္ဘောတင်ပို့မှုသည် ကိုင်တွယ်စရိတ်နှင့် ပို့ကုန်အတွက် အထူးတလည် ထုတ်ပိုးစရိတ်လျော့ချနိုင်၍ သယ်ယူစရိတ်လျော့နည်းမှုနှင့် ပိုမိုလျင်မြန်သည့် ဝန်ဆောင်မှုနှစ်မျိုးလုံးရရှိသည်။ ကုန် သေတ္တာသုံး CONTAINERIZATION ကျောပိုးတင် သယ် ဆောင်ခြင်း PIGGYBACK ကြည့်ပါ။

၄။ Five-and-ten ငါးနှင့်တစ်ဆယ်လက်လီလုပ်ငန်း
RETAIL အောက်ကြည့်ပါ။

၅။ Five-Year-Plan ငါးနှစ်စီမံကိန်း
စီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်းတစ်ခုဖြစ်သည်။ အတိအကျဆိုပါက ယင်းသို့သော အတွဲလိုက်စီမံကိန်းများကို ဂျိုးဇက်စတာလင် (၁၈၇၉-၁၉၅၃) အုပ်ချုပ်စဉ်က ဆိုဗီယက်ပြည်ထောင်စုကို ခေတ်နောက်ကျသည့် တောင်သူလယ်သမားနိုင်ငံမှ စက်မှုကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ပြောင်းလဲပေးခဲ့သည်။

ပထမဆုံးငါးနှစ်စီမံကိန်းကို ၁၉၂၈-၂၉ ခုနှစ်တွင် စတင်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် စုပေါင်း ဆောင်ရွက်ခြင်း (စုပေါင်းလယ်ယာ COLLECTIVE FARM) နှင့် စက်မှုထုတ်လုပ်ခြင်းပြုလုပ်ခဲ့သည်။

နောက်အကျဆုံး ၁၉၂၉ ခုနှစ်ထိ စိုက်ပျိုးနိုင်သောမြေ၏ ငါးရာနှုန်းသည်သာ နိုင်ငံတော်ကြီးကြပ်မှုအောက် ရှိသော်လည်း ၁၉၃၀ ပြည့်နှစ် နွေဦးပေါက်ကာလ၌ တစ်ဝက်ကျော်သည် စုပေါင်းလယ်ယာဖြစ်နေပြီး ၁၉၃၆ ခုနှစ်၌ စုပေါင်းဖြစ်စဉ်သည် ပြီးစီးသွားသည်။ စက်မှုထူထောင်ရေးတွင် ထုတ်လုပ်မှုခွဲတမ်းချခြင်း၊ ထွက်ကုန်ရည်မှန်းချက်ချမှတ်ခြင်းနှင့် ကုန်ထုတ်လုပ်ခြင်းတို့ကို ပြည်သူ့စီမံကိန်းကော်မရှင်တည်ထောင်ဆောင်ရွက်ခဲ့သည်။ လူသုံးကုန်များ စားသုံးမှုနှင့်ထုတ်လုပ်မှုနှစ်မျိုးလုံး တင်းကြပ်စွာခွဲတမ်း ဖြင့်ဆောင်ရွက်၍ နိုင်ငံတော်၏ အရင်းအမြစ်များ ဆိုးရွားကြီးမားစွာလိုအပ်သည့် အရင်းအနှီးကုန်များဖက် အပြည့်အ၀ ဦးတည်လမ်းညွှန်ခဲ့သည်။ ဆိုဗီယက်အစိုးရသည် ငါးနှစ်စီမံကိန်းစနစ်ကို စတာလင်ကွယ်လွန်ပြီးနောက် ဆက်လက်ကျင့်သုံးခဲ့၍ ရုရှား၏အချိန်ကြာမြင့် စွာနောက်ကျခဲ့သော စက်မှုတော်လှန်ရေး အရှိန်အဟုန်ကို မြှင့်တင်ပေးခဲ့မှုသည် သံသယမရှိဖြစ်သည်။ ငါးနှစ်စီမံကိန်းများ အခြားနိုင်ငံများစွာ အိန္ဒိယတွင်သိသာစွာကျင့်သုံးခဲ့ကြသည်။

၆။ Fixed Asset ပုံသေပိုင်ပစ္စည်း
လက်ငင်းမဟုတ်သည့် ရပိုင်ခွင့်၊ ရပိုင်ခွင့် ASSET အောက် ကြည့်ပါ။

၇။ Fixed Capital ပုံသေအရင်းအနှီး
၁။ ရင်းနှီးငွေ CAPITAL def. 1 အောက်ကြည့်ပါ။
၂။ ဘဏ္ဍာရေးတွင်၊ စီးပွားရေးလုပ်ငန်းတစ်ခု၏ ပုံသေပိုင်ပစ္စည်းလက်ငင်းမဟုတ်သည့် ရပိုင်ခွင့်များတွင် ရင်းနှီးမြှပ်နှံထားငွေကိုဆိုသည်။

၈။ Fixed charge ပုံသေစရိတ်
စာရင်းကိုင်ပညာတွင်လုပ်ငန်း၏ ပမာဏမည်မျပင်ဖြစ်စေ ပေးချေရမည့် ငှားခနှင့်အတိုးများဖြစ်သည်။ ကုမ္ပဏီဘဏ္ဍာရေးတွင် ပုံသေစရိတ်များကို ဝင်ငွေ၊ သို့မဟုတ် ရင်းနှီးငွေအတွက် အချက်များမတိုင်မီနှုတ်ပေးရသည်။

၉။ Fixed cost ပုံသေကုန်ကျတန်ဖိုး
စဉ်မြဲကုန်ကျတန်ဖိုး Constant Cost ၊ ပုံသေစရိတ် Fixed Expense၊ ရပ်တည်ကုန်ကျတန်ဖိုး Stand by Cost လည်း ဖြစ်သည်။ အနည်းဆုံးရေတိုကာလအတွင်း၊ ထုတ်ကုန်ပမာဏပြောင်းလဲမှုနှင့် ပြောင်းလဲခြင်းမရှိသည့် စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှုစရိတ်ကိုဆိုသည်။ ဥပမာ-အဆောက်အဦးငှားရမ်းခ၊ ဘွန်းစာချုပ်ချေးငွေပေါ်အတိုး၊ စက်ရုံနှင့် စက်ကရိယာတန်ဖိုးလျော့ (တစ်ခါတစ်ရံ တစ်စိတ်တစ်ပိုင်းသာ) ပိုင်ဆိုင်ပစ္စည်း တိုက်တာအိမ်မြေခွန်၊ အကြီးတန်းအုပ်ချုပ်သူများ လစာတို့ဖြစ်သည်။

ပုံသေကုန်ကျတန်ဖိုးသည်လည်း ပြောင်းလဲနိုင်သော်လည်း ထုတ်လုပ်မှုပမာဏနှင့် ဆက်စပ်ခြင်းမရှိသောအကြောင်းများ ကြောင့်ဖြစ်သည်။ ပုံသေကုန်ကျငွေနှင့် သွယ်ဝိုက်ကုန်ကျငွေ၊ INDIRECT COST တို့၏ အလားတူမှုကြောင့် အချို့အာဏာပိုင်များကနှစ်ခုကို အတူထားသော်လည်း အတိအကျဆိုပါက တစ်ခုတည်းမဟုတ်ပေ။ ဝန်ဆောင် စရိတ် OVERHEAD; ပြောင်းလဲကုန်ကျငွေ VARIABLE COST ကိုကြည့်ပါ။

၁၀။ Fixed Investment Trust ပုံသေသတ်မှတ်ရင်းနှီးမြှုပ်နှံမှု
ယုံကြည်မှုကုမ္ပဏီစတင်ဖွဲ့စည်းတည်ထောင်စဉ် ချမှတ်ထားချက်အရ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီတစ်ခုသည် ရပိုင် ခွင့်များအား ပေးထားပါစာရင်းရှိငွေချေးစာချုပ်များ၌သာ ထည့်ဝင်မြှုပ်နှံနိုင်သည်။ ထို့ပြင် သတ်မှတ်စာချုပ်များတွင် မြှုပ်နှံထားသည့် စုစုပေါင်းရပိုင်ခွင့်အချိုးသည်လည်း သာမာန်အားဖြင့် ကြိုတင်သတ်မှတ်ထားသည်။

၁၁။ Fixed Liability
ပုံသေ၊ သို့မဟုတ် လက်ငင်းမဟုတ်သည့်
ပေးရန်တာဝန်
ပေးရန်တာဝန် LIABILITY def.1 ၊ အောက်ကြည့်ပါ။

၁၂။ Fixed Overhead ပုံသေဝန်ဆောင်စရိတ်
ဝန်ဆောင်စရိတ် OVERHEAD အောက်ကြည့်ပါ။

၁၃။ Fixed- Price Contract ပုံသေဈေးနှုန်းပါစာချုပ်
ဝယ်ယူပစ္စည်းအမယ်၏ဈေးကို သီးသန့်သတ်မှတ်ဂဏန်းဖြင့် ဖော်ပြပါရှိသော မည်သည့်ကုန်ဝယ်အမှာစာကိုဆိုသည်။ ရောင်းသူအား ကုန်ကျငွေများတိုးပါက ကာ ကွယ်ပေးသော တိုးမြှင့်အပုဒ် ESCALATION Clause ပါ စာချုပ်၊ သို့မဟုတ် ရောင်းသူအနေဖြင့် ရောင်းချပြီးနောက် ရရှိသည့်အတွေ့အကြုံအရ ပြန်လည်သုံးသပ်ခြင်းနှင့် ရောင်းဈေးပြန်လည်ညှိနှိုင်းခြင်း ဈေးနှုန်းပြန်လည်သတ် မှတ် အပုဒ် Price Redetermination Clause ကဲ့သို့ မဟုတ်ပေ။ ဆွဲဆောင်မှုပေးစာချုပ်၊ INCENTIVE CONTRACT ကို ကြည့်ပါ။

၁၄။ Fixture တပ်ဆင်ပစ္စည်း
အဆောက်အဦး၊ သို့မဟုတ် မြေတွင်စွဲမြဲစွာတပ်ထားသော ပစ္စည်း၊ ယင်းသို့အားဖြင့် ဥပဒေကြောင်းအရ မြေ၊ အ ဆောက်အဦး အစိတ်အပိုင်းဖြစ်သွားသည်။ ယင်းသို့တပ် ဆင်ခြင်းမပြုမီက ပစ္စည်းသည် ပုဂ္ဂိုလ်ပိုင်ပစ္စည်း PERSONAL PROPERTY ဖြစ်သည်။

ဥပမာ- ရေဘုံဘိုင် ခေါင်းတစ်ခု အိမ်ဆောက်ပစ္စည်းဆိုင်တွင်ရှိစဉ်က ဥပဒေအရ ပုဂ္ဂိုလ်ပိုင်ပစ္စည်းဖြစ်သော်လည်း တပ်ဆင်ပြီးပါက ယင်းရေဘုံဘိုင်ခေါင်းသည် အိမ်တွင်တပ်ပြီးသည့်အခါ အဆောက်အဦးတွင်ပါရှိသွားသည်။

ဒေါက်တာဦးမော်သန်း (ပါမောက္ခချုပ် (ငြိမ်း))