စီးပွားရေး အဘိဓာန် ၁၁၇

၁။ Float မျော
မည်သည့်အချိန်မဆိုတွင် ပေးရန်ကျန်ရှိနေသော ချက်လက်မှတ်အားလုံး၏ တန်ဖိုးပမာဏကို ဆိုလိုသည်။ ပေး ရန်ကျန်ဖြစ်ပေါ်ရခြင်းမှာ ချက်တစ်စောင်ပြုစုရေးဆွဲချိန်နှင့် သက်ဆိုင်ရာဘဏ်မှ ငွေထုတ်ပေးချိန်ကွာဟကြာမြင့် မှုကြောင့်ဖြစ်သည်။ သက်ရောက်မှုမှာ မျောသည် ချက်တစ်စောင်ရှင်းလင်းပေးချိန်ကာလအတွင်း ရေတိုငွေချေး ကို ဖော်ပြသည်။ အမေရိကန်တွင် ကြီးမားများပြားလှစွာ သော ငွေပမာဏများပါဝင်ခြင်းကြောင့် ဖယ်ဒရယ်ဗဟို ဘဏ်က မျောဆိုင်ရာ စာရင်းအင်းအချက်အလက်များ ပြုစုထုတ်ပြန်ပေးသည်။ သတင်းစာကြီးများ၏ ဘဏ္ဍာငွေ စာမျက်နှာများတွင် အနည်းဆုံးတစ်ပတ်တစ်ကြိမ် တွေ့ မြင်နိုင်သည်။ မဲသောမသမာသောအမျော (Dirty Float)အတွက် နိုင်ငံခြားငွေလဲလှယ်နှုန်း (EXCHANGE RATE) နှင့် အိမ်နီးနားချင်းတောင်းစားမူဝါဒ (BEGGAR-THY-NEIGHBOR POLICY) ကိုလည်း ကြည့်ပါ။

၂။ Floater မျောသူ
ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းရောက်တတ်ရာနောက်လိုက်ပါပေးသော ပြည်တွင်းရေကြောင်းအာမခံတစ်မျိုး ဖြစ် သည်။ မျောသူများက ယေဘုယျစွန့်စားမှုအားလုံးခံယူ သည်။ မတော်တဆဖြစ်ရပ်များအားလုံး အနည်းငယ်အ ချို့ချန်လှပ်၍ ကာကွယ်ပေးရန် ကမ်းလှမ်းထားသည်။ ကမ္ဘာတစ်ဝန်းလွှမ်းခြုံ၍ မည်သည့်နေရာတွင်မဆိုပေါ် ပေါက်သည့် ဆုံးရှုံးငွေများ လျော်ပေးသည်။ ယင်းတို့တွင် အာမခံတစ်မယ်စီအတွက် စာရင်းဇယားထား၍ ပေါ် ပေါက်သည့်နေ့အထိ တန်ဖိုးသင့်ဖော်ပြထားသည်။ သီးသန့်သတ်မှတ်ကိုယ်ပိုင်ပစ္စည်းများ၊ အနုပညာဆိုင်ရာများ၊ ရွှေငွေကျောက်သံ၊ လက်ဝတ်လက်စားများ၊ သိုးမွေး ထည်များ၊ အာမခံစာချုပ်စာတမ်းများစသည်ဖြင့်နှင့်၊ အထွေထွေသုံးပုဂ္ဂိုလ်ဆိုင်ရာပစ္စည်းများ လက်တွေ့အာမခံ ထားသည့် အမယ်အားလုံးအတွက် မျောသူများရှိသည်။ စီးပွားရေးလုပ်ငန်းပစ္စည်းများ၊ ဥပမာ-ကန်ထရိုက်တာသုံးပစ္စည်းကိရိယာများ၊ သက်ရှိများ၊ ကပွဲရုံဆိုင်ရာကိရိယာတန်ဆာပလာများ၊ နီယွန်မီးပြသင်္ကေတေများ၊ သု တေသနပစ္စည်းကိရိယာများ၊ နမူနာများ၊ ပုံစံများ၊ ကုန် စည်ရောင်းရာသုံးစက်များ၊ လမ်းခုလပ်ရှိကုန်စည်များအား လုံးအတွက်လည်း အာမခံထားရှိနိုင်သည်။

၃။ Floating an Issue ရှယ်ယာထုတ်ပေးမှုအမျော
ထုတ်ဝေမှု (ISSUE) အောက်ကြည့်ပါ။

၄။ Floating Debt ပြောင်းလဲလျက်ရှိကြွေးမြီ
ရေတိုပေးရန်တာဝန်၊ Unfunded Debt လည်းဖြစ်သည်။
စီးပွားရေးလုပ်ငန်း၊ သို့မဟုတ် အစိုးရ၏ ရေတို လက်ငင်းပေးရန်တာဝန်။ ဘွန်းချေးငွေ (FUNDED DEBT ကြည့်)ကဲ့သို့ ရေရှည်ပေးရန်တာဝန်နှင့် မတူပေ။ အစိုးရအတွက် ပေးရန်တောင်းခံလွှာများနှင့် ရေတိုစာစု များ အများအပြားပါရှိသည်။ စီးပွားရေးလုပ်ငန်းများအတွက် ဘဏ်ချေးငွေ၊ သို့မဟုတ် ကူးသန်းရောင်းဝယ်ရေး စာစုစာရွက်များအဓိကဖြစ်သည်။

၅။ Floating Exchange Rate အရှင်မျောငွေလဲလှယ်နှုန်း
ငွေလဲလှယ်နှုန်း (EXCHANGE RATE) တွင်ကြည့်ပါ။

၆။ Floating Interest Rate အရှင်မျောချေးငွေအတိုးနှုန်း
ဘွန်းငွေချေးစာချုပ် (BOND) ၊ အပ်ငွေသက်သေခံလက် မှတ် (CERTIFICATE OF DEPOSIT) ၊ ပေါင်နှံစာချုပ် (MORTGAGE) တို့တွင်ကြည့်ပါ။

၇။ Floor Trader
ကြမ်းပြင်ကုန်သည်- အပြိုင်ကုန်သည် (Competitive Trader) ၊ မှတ်ပုံတင်ကုန်သည်၊ Registered Trader လည်း ဖြစ်သည်။
စတော့ရှယ်ယာဒိုင် (STOCK EXCHANGE)အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဖောက်သည်များအတွက်မဟုတ်ဘဲ ကိုယ်ပိုင်စာရင်းအတွက်သာ အရောင်းအဝယ်ပြုကုန်သည် ဖြစ်သည်။ ကြမ်းပြင်ကုန်သည်များသည် မိမိကိုယ်ပိုင် အရောင်းအဝယ်သာရှိ၍ ကော်မရှင်များမပေးရပေ။ ဈေး အနည်းငယ်အပြောင်းအလဲများမှ အမြန်အမြတ်ရရှိရန် အခွင့်ကောင်းရယူဆောင်ရွက်ကြသည်။ ဒိုင်အများအပြား က ကြမ်းခင်းကုန်သည်များအတွက် တင်းကျပ်သည့် စည်းမျဉ်းများ သတ်မှတ်ထား၍ အများပြည်သူပွဲစား များကြားခံဆောင်ရွက်ကြသူများထက် အထူးအသာရမှု မရှိကြပေ။ နယူးယောက်ဒိုင်တွင် ကြမ်းခင်းကုန်သည်စာရင်းသည် ရှယ်ယာအရောင်းအဝယ်အားလုံး၏ အချိုးအ နည်းငယ် (တစ်ရာနှုန်းခန့်)သာရှိသည်။

၈။ Floopy disk ဖလော်ပီဒစ်
ဒစ်ကက်ဓာတ်ပြား (DISKETTE) တွင် ကြည့်ပါ။

၉။ Flow Chart
၁။ ငွေကြေး၊ မြီ၊ ကုန်စည်၊ သို့မဟုတ် အခြားစီးပွားရေး အစိတ်အပိုင်းတစ်ခုခု အဆင့်ဆင့်လှုပ်ရှားမှုကို သရုပ်ဖော် ပြသသည့် ဂရပ်ပုံကားချပ်ဖြစ်သည်။ စီးဆင်းပုံကားချပ် သည် ဥပမာ-ကုန်ပစ္စည်းထုတ်လုပ်မှုအဆင့်ဆင့်ကို ကုန် ကြမ်းမှစတင်၍ နောက်ဆုံးကုန်ချောထိ၊ သို့မဟုတ် အ ပြည်ပြည်ဆိုင်ရာ ဒေါ်လာရွေ့လျားမှုကိုပြပေးမည်။ ပုံ ၂၇ ကြည့်ပါ။
၂။ ကွန်ပျူတာဝေါဟာရတွင် ပြဿနာတစ်ရပ်ကိုင်တွယ် ပြုစုခြင်းကို ယုတ္တိနှင့် သီးသန့်ကွန်ပျူတာအစီအစဉ်၏ စဉ်ဆက်ရွေ့လျားမှုကို သင်္ကေတနှင့် မျဉ်းကြောင်းများဖြင့် ဖော်ပြသောပုံ (အစီအစဉ်စီးကြောင်းပြကားချပ် Program Flow Chart) ၊ သို့မဟုတ် ရည်ရွယ်ချက်တစ်ခုရရှိရန် ပြုစု ပုံစနစ် (စနစ်စီးကြောင်းပြ System Flow Chart) ဖြစ် သည်။ အစီအစဉ်ပြုစုခြင်း၊ (PROGRAMMING) ကိုလည်း ကြည့်ပါ။

၁၀။ Finder’s Fee ရှာဖွေအခကြေးငွေ
အိမ်ခြံမြေကဏ္ဍတွင် ပွဲစားတစ်ဦးသို့ ဖောက်သည်တစ်ဦး အတွက် အိမ်ပေါင်ချေးငွေ ရရှိခြင်းအတွက်၊ သို့မဟုတ် အိမ်ပေါင်ချေးငွေကို အခြားပွဲစားတစ်ဦးသို့ ညွှန်းပေးနိုင် ခြင်းကြောင့် ပေးရသောအခငွေ၊ ပွဲခဖြစ်သည်။ ပွဲစားတစ် ဦးသို့ အိမ်မြေရှာဖွေပေးခ ကော်မရှင်လည်းဖြစ်သည်။

၁၁။ Fink သပိတ်မှောက်အလုပ်သမားအစား ခန့်ထားလုပ်ကိုင်သူ
သပိတ်မှောက်လုပ်သားတစ်ဦးအစား ငှားရမ်းထားသူကို ဆိုသည့် ဗန်းစကားဖြစ်သည်။

၁၂။ Fire Insurance မီးအာမခံ
အိမ်ခြံမြေအာမခံ (PROPERTY INSURANCE) အောက်ကြည့်ပါ။

၁၃။ Firing အလုပ်ထုတ်ခြင်း
အလုပ်ဖြုတ်ခြင်း (LAYOFF) တွင်ကြည့်ပါ။

၁၄။ Firm
၁။ စီးပွားရေးလုပ်ငန်းအဖွဲ့- ဤဝေါဟာရကို ကုမ္ပဏီမ ဟုတ်သော စီးပွားရေးလုပ်ငန်းကိုသာဆိုသည်။ (ကော်ပို ရေရှင်း CORPORATION ကို ကြည့်ပါ။) သို့ရာတွင် ပို၍ ယေဘုယျသဘောဖြင့်သုံးကြသည်။ ဖွဲ့စည်းတည်ထောင် ထားအဖွဲ့ (ESTABLISHMENT)း အစုစပ်လုပ်ငန်း (PARTNERSHIP)း တစ်ဦးတည်းပိုင်လုပ်ငန်း (SOLE PROPRIETORSHIP) တို့တွင်လည်း ကြည့်ပါ။

၂။ အပြောင်းအလဲအနည်းငယ်သာရှိပြီး အထိုက်အ လျောက် တည်ငြိမ်မှုရှိ ဈေးနှုန်းများ၊ သို့မဟုတ် ဝယ်လို အားတို့ကို ခေါ်ဆိုရာတွင် သုံးသည်။
၃။ ကမ်းလှမ်းမှု၊ တောင်းခံမှု၊ ဈေးနှုန်း၊ ပစ္စည်းထုတ်ပေးရန် ကတိ၊ သို့မဟုတ် အခြားသတ်မှတ်ချက်၊ အခြေအနေကို ဖော်ပြပြီး လက်ခံလိုက်သည့်အခါ အတည်ဖြစ်သည်။ အချို့ပြည်နယ်များ၌ အချိန်ကာလတစ်ခုအတွင်း ရုပ်သိမ်းခြင်းပယ်ဖျက်ခြင်းမပြုနိုင်ဟု ဖော်ပြထားသော စာ ဖြင့်ရေးသားထားသည့် ကမ်းလှမ်းမှုဖြစ်သည်။ တစ်သမတ်တည်းရှိ ကုန်သွယ်ရေးသင်္ကေတသည် ကုန်စည် ရောင်းစာချုပ်များတွင် ဤသဘောတရားကို လက်ခံ ထားသော်လည်း အချိန်ကာလအားဖြင့် တည်မြဲရန် အ များဆုံးသုံးလကာလသတ်မှတ်ထားသည်။

၁၅။ Firm, Theory of the စီးပွားရေးလုပ်ငန်းအဖွဲ့သီအိုရီ
မိုက်ကရိုဘောဂဗေဒ (MICROECONOMICS) အောက်ကြည့်ပါ။

၁၆။ Firm Market ခိုင်မာသောဈေးကွက်
ပျော့ပျောင်းသော ဈေးကွက် (SOFT MARKET) အောက်ကြည့်ပါ။

၁၇။ FirmWare လုပ်ငန်းသုံးအစီအစဉ်
စာအုပ်အသေးသုံး ကွန်ပျူတာဓာတ်ပြား၊ ဖတ်ရှုရာ လုံး၀ သုံးမှတ်ဉာဏ် (ROM Read Only Memory) တွင် သိမ်းဆည်းထားသော ကွန်ပျူတာအစီအစဉ်။

၁၈။ First-in, First-out (FIFO) ပထမဝင်၊ ပထမသုံးစနစ်
အစောဆုံးဝယ်ယူထားသည့် အမယ်များသည် ပထမဦး ဆုံးသုံးစွဲသည်ဟု မှတ်ယူထားသည့် ကုန်စည်စာရင်းမှတ် စနစ်ဖြစ်သည်။ အချို့လုပ်ငန်းများ၌ ကုန်စည်ကို လက် တွေ့ ဤကဲ့သို့ပင် ကိုင်တွယ်ဆောင်ရွက်သည်။ အသီးအ နှံကုန်စည်စတိုးဆိုင်များတွင် ပစ္စည်းများကို ရုပ်ဝတ္ထုလိုက် ပထမဝင် ပထမထွက် ပြန်လှန်ခြင်းကို ပစ္စည်းအပျက်အစီး အနည်းဆုံးဖြစ်ရန် ပြုလုပ်သည်။ ကုန်ပစ္စည်းထုတ်လုပ် သည့် အဖွဲ့များအတွက် ဤသဘောတရားသည် ယုတ္တိ တန်မှုနည်းသည်။ အထူးသဖြင့် ပုပ်သိုးပျက်စီးမှုမရှိ ပစ္စည်းများအတွက်ဖြစ်သည်။ သံမဏိချပ်များ၊ သို့မဟုတ် သွပ်တုံးများသည် ဝယ်ယူပြီး နှစ်နှစ်ကြာပြီးမှ သုံးသော် လည်း ဝယ်ယူဆိုက်ရောက်ရရှိပြီး ချက်ချင်းသုံးသည်ကဲ့သို့ အသုံးဝင်သည်။

သို့ရာတွင် စာရင်းကိုင်ရှုထောင့်မှ ပထမ ဝယ် များ စတင်အသုံးပြုဟုယူဆပါက လက်ဝယ်ရှိ ကုန်များ သည် နောက်အကျဆုံး မကြာမီက ဝယ်ယူထားသည်များ ဖြစ်၍ နောက်အကျဆုံးဈေးများဖြင့် တန်ဖိုးသင့်ထားပြီး ဖြစ်သည်။ ရလဒ်အဖြေအဖြစ် ဈေးနှုန်းများတက်နေချိန် ပထမဝင်ပထမထွက် စနစ်သည် ကုန်ကျစရိတ်များနိမ့်ပြီး အမြတ်ရငွေမြင့်စေသည်။ အကြောင်းမှာ ပစ္စည်းဖိုးငွေကို ဈေးနှုန်းနိမ့်ဖြင့် တွက်ချက်၍ အခွန်ဆောင်ရန် အမြတ်ငွေ ပိုသည်။ ကုမ္ပဏီအများအပြားက နောက်ဆုံးဝင်ပထမထွက် (LAST-IN ? FIRST-OUT) ကို နှစ်သက်ကြသည်။ အထွေ ထွေငွေဖောင်းပွမှုက ဖော်ပြအမြတ်ငွေနှင့် အခွန်ပေးဆောင် မှုကို တစ်သမတ်တည်းနည်းစေ၍ ဖြစ်သည်။

၁၉။ First Mortgage Bond ပထမပေါင်နှံစာချုပ်
ပေါင်နှံစာချုပ် (MORTGAGE BOND) အောက်ကြည့်ပါ။

၂၀။ Fiscal Policy ဘဏ္ဍာရေးမူဝါဒ
အစိုးရသုံးငွေနှင့် အခွန်ကို လိုလားသော စီးပွားရေးဦးတည် ချက်ပြည့်မြောက်စေရေးအတွက် လမ်းညွှန်သော အလုံးစုံ အစီအမံဖြစ်သည်။ ယခုအခါ၌ ဤရည်မှန်းဦးတည်ချက် များသည် (အရင်းရှင်နိုင်ငံများ၌) စီးပွားရေးအတက်အကျ သံသရာကို ပြုပြင်ပြင်ဆင်ပြီး၊ လွန်မင်းသော ငွေဖောင်းပွ မှုကင်း၍ ဈေးနှုန်းအထိုက်အလျောက်တည်ငြိမ်စွာဖြင့် အလုပ်အကိုင်အပြည့်အဝရရှိ အောင်မြင်ရန်ဖြစ်သည်။ စီး ပွားရေးကျဆင်းပြီး အလုပ်လက်မဲ့မြင့်မားနေချိန်၌ အစိုးရသည် အစိုးရသုံးငွေများတိုးချဲ့၍ အခွန်များလျော့ပေါ့ကာ အလုံးစုံထွက်ကုန်တိုးရန် နှိုးဆွပေးသည်။

ပုဂ္ဂလိကကဏ္ဍမှ အစိုးရအဝယ်များတိုးမြှင့်၍ ပြည်သူ့ဝင်ငွေကို ထပ်မံ ဖြည့်စွက်၍ အခွန်များလျော့ခြင်းက စားသုံးသူများ၊ စီး ပွားရေးလုပ်ငန်းများ၊ သို့မဟုတ် နှစ်ဖက်လုံးသုံးစွဲနိုင်သော ဝင်ငွေများ အခွန်ကောက်ခံနှုန်းများပေါ်မူတည်၍ ဖြစ် ပေါ်စေသည်။ စီးပွားရေးထွန်းကားပြန့်ကျယ်မှုလိုအပ် သည်ထက် ပိုမိုသည့်အခါ အစိုးရသည် ထွက်ကုန်လျော့ရန် နှင့် ငွေဖောင်းပွမှုလျော့ရန် အစိုးရအသုံးစရိတ်လျော့ချခြင်း၊ အခွန်များ တိုးတက်ကောက်ခံခြင်း နှစ်မျိုးလုံးဆောင်ရွက် ပေသည်။ အစိုးရသုံးငွေနည်းခြင်းက ပုဂ္ဂလိကလက်ရောက် ဝင်ငွေလျော့စေသည်။ အခွန်များတိုးခြင်းက သုံးစွဲနိုင် သည့် ဝင်ငွေလျော့ပါးစေပြီး ဝယ်လိုအားလျော့စေ၍ ဈေး နှုန်းများကျဆင်းစေသည်။ အမေရိကန်အစိုးရ၏ ဘဏ္ဍာ ရေးမူဝါဒသည် စိတ်ကြိုက်ရွေးချယ်နိုင်မှုမရှိပေ။ ပေါ်လစီ အပြောင်းအလဲတိုင်းသည် ကွန်ဂရက်လွှတ်တော်နှင့် အ မေရိကန်သမ္မတ၏ သီးခြားဆုံးဖြတ်ချက်အရဖြစ်သည်။ ဘဏ္ဍာရေးစနစ်အတွင်း အပြောင်းအလဲပြုလုပ်နိုင်ရန် ပြု လုပ်ထား၍ ပြောင်းလဲလာသည့် စီးပွားရေးအခြေအနေ များနှင့်အညီ တုံ့ပြန်နိုင်ရန်ဖြစ်သည်။ ဥပမာ-ဝင်ငွေများ ကျဆင်းသည့်အခါ ဝင်ငွေခွန်ပေးဆောင်မှုများလည်း ကျ ဆင်းပြီး အလုပ်လက်မဲ့ခံစားခွင့် ပိုမိုပေးလာရမည်။ (ယင်းသို့သော အလိုအလျောက်ပြောင်းလဲမှုများအတွက် တည်ဆောက်ထားသော တည်ငြိမ်မှု (BUILTIN STABILIZER) တွင်ကြည့်ပါ။)

ဝင်ငွေနှင့် အလုပ်အကိုင်ပြောင်းလဲမှုများအတွက် ပင်မဦးတည်ထားသော ဘဏ္ဍာရေးမူဝါဒကို စက်ဝန်း တုံ့ပြန်၊ သို့မဟုတ် အလျော်အစားဘဏ္ဍာရေးမူဝါဒဟုခေါ် သည်။ အခွန်အကောက်ဥပဒေများ စတင်ပြဋ္ဌာန်းပြီး သက်နုစက်မှုလုပ်ငန်းများကာကွယ်ရာမှ အမေရိကန် ဘဏ္ဍာရေးမူဝါဒသည် စီးပွားရေးရည်မှန်းချက်တစ်ခု၊ သို့မဟုတ် အခြားတစ်ခုကို အစဉ်ဦးတည်ခဲ့သည်။ သို့ ရာတွင် ၁၉၃၀ ပြည့်နှစ်များအထိ စီးပွားရေးတည်ငြိမ်ရေး ဦးတည်ချက်သည် အစိုးရ၏ (အခွန်အဓိက) ဝင်ငွေက အသုံးစရိတ်များကာမိစေ၍ လုံလောက်မှုရှိစေသည့် ချိန် ညှိဘတ်ဂျက်ရေးဆွဲမှုသည် ဒုတိယဖြစ်ခဲ့သည်။ အယ်လီ ဇင်ဒါဟယ်မီလ်တင်ကဲ့သို့ အာဏာပိုင်များက ဝင်ငွေထက် ပိုသည့် ပြည်သူ့ကြွေးမြီကို အမျိုးသားချီးမြှင့်ချက်ဟု မှတ် ယူခဲ့သော်လည်း လူအများက လိုငွေဖြည့်ဆည်းဘဏ္ဍာကို နှစ်ပေါင်းရာကျော်ကတည်းက သံသယဖြစ်ပြီး မနှစ်မြို့ခဲ့ ကြပေ။ ယခုအခါ၌ စီးပွားရေးပညာရှင်အများက စီးပွား ရေးဖွံ့ဖြိုးရေးနှင့် ကြီးပွားတိုးတက်ရေးသည် ပြည်သူ့ ကြွေးမြီအတိုင်းအတာတစ်ခုထက် ပိုမိုအရေးကြီးသည်ဟု ယုံကြည်လာကြသည်။ ဘဏ္ဍာရေးမူဝါဒသည် အလုပ်အ ကိုင်အပြည့်ရရှိရန် အသုံးပြုနိုင်၊ ပြုသင့်သည်ဟု မှတ်ယူ လာကြသည်။ ယင်းအပြင် အခုအခါ၌ အမေရိကန်အစိုးရ သည် ပေါ်လစီအကောင်အထည်ဖော်မှုကို ပြည်သူ့လုပ်ငန်း များအတွက် သုံးစွဲငွေများ၊ သို့မဟုတ် အသုံးစရိတ်လျော့ချရန် ကြီးမားပြင်းထန်သော အစီအစဉ်များထက် အခွန်နှုန်း ထားပြောင်းလဲမှုပြုရန် ပိုဇောင်းပေးသည်။

သို့ရာတွင် အလုပ်လက်မဲ့နှင့် ငွေဖောင်းပွမှုတွဲ ထားသည့် (STAGFLATION) ၁၉၇၀ ပြည့်နှစ်လယ်မှ အ စဉ်တစိုက် ခံစားရင်ဆိုင်နေရသော အမေရိကန်စီးပွားရေးအတွက် ဘဏ္ဍာရေးမူတစ်ခုတည်းဖြင့် ကုစားထိန်းချုပ်ရန် ခက်ခဲကြောင်းတွေ့လာရသည်။ ပြည်သူ့သုံးငွေ (PUBLIC SPENDING) ကို ကြည့်ပါ။

ဒေါက်တာဦးမော်သန်း (ပါမောက္ခချုပ်(ငြိမ်း))

Issue – ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလထုတ် CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း