စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် UNDP Myanmar ရဲ့ကူညီထောက်ပံ့မှုနဲ့အတူပထမဆုံး ‘ MoCOM E-Commerce Innovation Challenge’ ကိုမိတ်ဆက်

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP Myanmar ရဲ့ ကူညီထောက်ပံ့မှုနဲ့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပထမဦးဆုံးသော E-Commence Innovation Challenge ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီ Challenge အစီအစဉ်ကိုတော့ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်ကနေ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပြီးတော့ အဓိကအနေနဲကတော့ မြန်မာနိုင်ငံရဲ့ Covid-19 ကြောင့် စီးပွားရေးထိခိုက်မှုတွေကို သက်သာစေဖို့ရာအတွက်နဲ့ အသေးစားအငယ်စားနဲ့အလတ်စားလုပ်ငန်းများ၊ လူငယ်ဆန်းသစ်တီထွင်သူများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက်လည်း E-Commerce ကဏ္ဍအနာဂတ်ကို ပံုံဖော်နိုင်ဖို့ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

၂၀၂၀ပြည့်နှစ် မတ်လအတွင်း မြန်မာနိုင်ငံမှာရှိတဲ့ Covid-19 ရောဂါဖြစ်ပွားမှုတွေကို စစ်တမ်းကောက်ယူပြီးတဲ့အခါမှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စားသုံးသူတွေအနေနဲ့ကလည်း ဒီဂျစ်တယ်ဘက်ကို သိသိသာသာကူးပြောင်းလာကြတာပဲဖြစ်ပါတယ်။ ဒီကူးပြောင်းမှုဖြစ်စဉ်က အနာဂတ်မှာလည်း ဆက်လက်တည်ရှိနိုင်မှာဖြစ်သလို မြန်မာနိုင်ငံရဲ့ E-Commerce ကဏ္ဍအနေနဲ့လည်း အဆင့် မြင့်တင်နိုင်ရန်နဲ့ Covid-19 သက်ရောက်မှုတွေကို တွန်းလှန်နိုင်ရန်၊ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်တို့အတွက် ဆန်းသစ်တီထွင်မှုစိန်ခေါ်ပွဲကို အပိုင်းနှစ်ပိုင်းနဲ့ လုပ်ဆောင်သွားမယ်လို့လည်းသိရပါတယ်။

ပထမအပိုင်းမှာတော့ Covid-19 သက်ရောက်မှုကို ကြံ့ကြံ့ခံတွန်းလှန်နိုင်ရေး၊အသေးစားအငယ်အစားနဲ့ အလတ်စားလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ပြီး ကူညီပံံ့ပိုးပေးနိုင်ရေးနဲ့ တရားဝင်တည်ထောင်နိုင်စေရေး စတဲ့ ခေါင်းစဉ်တွေပါရှိမှာဖြစ်ပြီးတော့ ဒုတိယအပိုင်းမှာတော့ E-Commerce လုပ်ငန်းကဏ္ဍနယ်ပယ်တွင်းမှာ အမျိုးသမီးများ၊စားသုံးသူအခွင့်အရေးနဲ့ အွန်လိုင်းမူပိုင်ခွင့်ဆိုတဲ့ ခေါင်းစဉ်တွေပါဝင်သွားမှာဖြစ်ပါတယ်။

အဆိုပါစိန်ခေါ် ပွဲတွေအတွက် ဆုကြေးငွေစုစုပေါင်းကတော့ အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ဖြစ်ပြီးတော့ အနိုင်ရရှိတဲ့သူတွေအနေ နဲ့ ဆုကြေးငွေကို ကိုယ်ပိုင်လုပ်ငန်းတွေအတွက် မိမိအနိုင်ရရှိထားတဲ့ ဆန်းသစ်တီထွင်ထားတဲ့ဖြေရှင်းချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်မှာပဲဖြစ်ပါတယ်။ ပထမပိုင်းအတွက်ကိုတော့ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ လ ၁၁ ရက်နေ့ကနေစပြီးတော့ စာရင်းပေးသွင်းနိုင်မှာဖြစ်ပြီးတော့ ဒုတိယအပိုင်းအတွက်ကိုတော့ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ၂၃ရက်နေ့ကနေစပြီး စာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက – https://bit.ly/3pDkSy7 တွင်ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။