စီးပွာရေးအဘိဓာန် ၁၂ ၁

Foreclosure ပြန်လည်၍ မရွေးနိုင်ရန် ပေါင်နှံမှုရပ်စဲခြင်း

ပေါင်နှံချေးငွေတစ်ခုပျက်ကွက်မှုရှိပြီး ပစ္စည်းပေါင်နှံချေး ငွေယူထားသူက အပေါင်ပစ္စည်းကိုဆယ်တင်ရန် ရောင်း ချခြင်း၊ ဘဏ္ဍာငွေဖြည့်ဆည်းခြင်းနှင့် အခြားနည်းများမ အောင်မြင်သည့်အခါ ဆောင်ရွက်သောလုပ်ငန်းစဉ်ကို ဆို သည်။ ပေါင်နှံမှုရပ်စဲခြင်းမှ အပေါင်ခံငွေထုတ်ပေးသူက ပစ္စည်းပိုင်ဆိုင်မှုရရှိနိုင်သည်။ အမေရိကန်ပြည်ထောင်စု၌ ပေါင်နှံမှုရပ်စဲခြင်းကို ပြည်နယ်တစ်ခုမှ အခြား ပြည်နယ် တွင် နည်းအမျိုးမျိုးပြောင်းလဲသည်။ ပြည်နယ်အနည်း ငယ်တွင် ရိုးရိုးအမိန့်ဖြင့် အပေါင်လက်ခံသူက ပေါင်နှံသူ သည် ပစ္စည်းရခွင့်ကို ဆုံးရှုံးစေရမည်ဟု ထုတ်ဖော်ကြေညာ နိုင်သည်။ ဤနည်းကို တိကျသော ရပ်စဲမှုဟုခေါ်ဆိုပြီး ယနေ့ရှားရှားပါးပါး သုံးစွဲသည်။ အခြားပြည်နယ်များ၌ ပစ္စည်းလက်ခံငွေထုတ်သူက ရုံးတော်သို့ စွဲဆိုလျောက်ထား ပြီး ရုံးတော်က ပေါင်နှံပစ္စည်းကို ရုံးတော်အရာရှိက ပြည် သူသို့ လေလံတင်ရောင်းချရန် အမိန့်ချမှတ်ပေးသည်။ ပစ္စည်းရောင်းချချိန်အထိ အပေါင်ထားသူ၊ သို့မဟုတ် အခြားတစ်ဦး (ဇနီး၊ ခင်ပွန်း၊ ဒုတိယပေါင်နှံသူ စသည် က) ကြွေးမြီကိုပေးဆပ်၍ ပေါင်နှံမှုရပ်စဲခြင်းမှ ကာကွယ် နိုင်သည်။ ယင်းသို့မဟုတ်ပါက လေလံတွင် ကြေးအများ ဆုံးပေးဆောင်နိုင်သူက ရောင်းချမှုသက်သေခံလက်မှတ်၊ သို့မဟုတ် ပစ္စည်းလွှဲစာချုပ်ရရှိမည်ဖြစ်သည်။ အရောင်း သက်သေခံလက်မှတ်က စာချုပ်ရပိုင်ခွင့်ရပ်စဲခြင်း မပျက် ရရှိစေမည်။ (ပေါင်နှံစာချုပ် MORGAGE အောက်တွင် ရှင်းလင်းချက်ကြည့်ပါ။) ပစ္စည်းလွှဲစာချုပ်ရပါက ပစ္စည်း ပိုင်ဆိုင်မှုကို အပေါင်လက်ခံသူက ပစ္စည်းပိုင်ဆိုင်သူ၏ ရပိုင်ခွင့်မှ ရှင်းရှင်းလင်းလင်း လွတ်မြောက်စေရပါမည်။

(အချို့ပြည်နယ်များ၌ ဥပဒေအရ ရုပ်သိမ်းခြင်း Statutory Redemption ပြည်နယ်ဥပဒေအရ ပစ္စည်းပေါင် ချေးငွေယူသူကရောင်းချပြီး သတ်မှတ်ကာလအတွင်း ငွေ ပေးချေပြီး ပစ္စည်းရယူနိုင်သည်။) ပြည်နယ်အများအပြား တွင် ပစ္စည်းလက်ခံငွေထုတ်ချေးသူက ရုံးဆောင်ရွက်ချက် မပါဘဲ ကိုယ်တိုင်လေလံတင်ရောင်းချနိုင်သည်။ ပေါင်နှံ ချေးငွေစာချုပ်တွင် အတိအကျသတ်မှတ်မထားပါက ပစ္စည်း လက်ခံငွေထုတ်ချေးသူက ကိုယ်တိုင်အရောင်းတွင် ပစ္စည်း ဝယ်ခွင့်မရှိပေ။ ပေါင်နှံစာချုပ်က ယုံမှတ်၍ အပ်နှံစာချုပ် ဆိုပါက ယုံမှတ်အပ်နှံခံရသူကလည်း ဝယ်ခွင့်မရှိပေ။ ဤနည်းဥပဒေသည် ငွေချေးသူများအား ဘက်လိုက်မှုကင်း သော တတိယအဖွဲ့များက ရောင်းချမှုများ ဆောင်ရွက်စေ ရန်နှင့် အနာဂတ်သဘောကွဲလွဲမှုများနှင့် တရားစွဲဆိုမှု များမှ ကာကွယ်တားမြစ်ရန်ဖြစ်သည်။

Fractional reserve banking အပိုင်းဂဏန်း၊ အစိတ်အပိုင်းဘဏ်သီးသန့်ထားငွေ

ကမ္ဘာ့အရင်းရှင်နိုင်ငံများတွင် ကျင့်သုံးနေသော ဘဏ်လုပ် ငန်းစနစ်တစ်ခုဖြစ်သည်။ ယင်းစနစ်တွင် ဘဏ်အပ်နှံငွေ များ၏ အစိတ်အပိုင်းတစ်ခုကို ပဏာမအပ်ငွေသီးသန့်လျာ ထားချန်ထားခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု တွင် စုစုပေါင်းဘဏ်အပ်ငွေများအတွက် သီးသန့်လျာထား အချိုးကို ဖက်ဒရယ်ဗဟိုဘဏ်က အဖွဲ့ဝင်ဘဏ်တို့အတွက် သတ်မှတ်ပေးသည်။ အဖွဲ့ဝင်မဟုတ်သည့် ဘဏ်များအ တွက် ပြည်နယ်ဥပဒေက သတ်မှတ်သည်။ (သီးသန့် ငွေ လိုအပ်ချက် RESERVE REQUIREMENTS ကို ကြည့်ပါ။ ဗြိတိန်နိုင်ငံရှိကူးသန်း၊ ကုန်သွယ်ဘဏ်များအတွက် ထုံးတမ်းစဉ်လာကသာ လွှမ်းမိုး၍ အပ်ငွေများအတွက် ငွေသားဖြင့် ၈-၁၀ ရာခိုင်နှုန်း ပဏာမသီးသန့်ထားရှိရ ပြီး၊ ထပ်ဆင့်၍ ဒုတိယံပိသီးသန့် ၁၈-၂၀ ရာခိုင်နှုန်း ကို ငွေဖြစ်လွယ်သော ရပိုင်ခွင့်များ အဓိကရေတိုအစိုးရစာ တမ်းများဖြင့် ထားပေးရသည်။ အပိုင်းဂဏန်းတစ်ခုဖြင့်သာ ဘဏ်အပ်ငွေများအတွက် သီးသန့်ထားပေးသည့်စနစ် ဘဏ်လုပ်ငန်းသမိုင်းအစောပိုင်းက ဖြစ်ပေါ်ခဲ့သည်။ ဘဏ် လုပ်ငန်းလုပ်ကိုင်သူများက အပ်ငွေများတစ်ချိန်တည်း ထုတ်ယူကြနိုင်ခြေအလှမ်းကွာသည်ကို သဘောပေါက် နားလည်ခဲ့ကြ၍ ဖြစ်သည်။ အစိုးရကဥပဒေနှင့် ကြပ် မတ်ပြီး ငွေကြေးအာဏာပိုင်များက လှည့်လည်နေသည့် ငွေကြေးထိန်းချုပ်ရန်အပိုင်းဂဏန်းတစ်ခုဖြင့် ဘဏ်အပ် ငွေများအတွက် သီးသန့်ထားစေသောစနစ်ကို အခြေခံကိုင် စွဲသည်။ (ငွေကြေးပေါ်လစီ MONETARY POLICY တွင် အသေးစိတ်ရှင်းလင်းချက်များကို ကြည့်ပါ။)

အစိတ်အပိုင်း လသီးသန့်ထားဘဏ်စနစ်၏ ထူးခြားပေါ်လွင်သော အခြင်းအရာမှာ အနည်းငယ်သော ပြောင်းလဲမှု၏ ဆင့်ကဲဆင့်ကဲ အကျိုးဆက် Multiplier Effect ဖြစ်သည်။ ဥပမာ- ဘဏ်သို့ တစ်ဒေါ်လာအပ်တိုင်း ဘဏ်က ၁၅ ဆင့် သီးသန့်ထားရပါက၊ ၈၅ ဆင့်ကို ချေး ယူသူများ၊ သို့မဟုတ် ဘဏ်က နှစ်သက်ရာအတိုးရရှိ မည်။ မြှုပ်နှံထားနိုင်ပေမည်။ ကုန်သည်တစ်ဦးက အာမခံ စာချုပ်ဒေါ်လာတစ်သန်းဖိုးရောင်းချပြီး ရငွေဒေါ်လာ တစ်သန်းကို ဘဏ်တွင် အပ်နှံထားရှိခဲ့သည်။ ဘဏ်က ဒေါ်လာ ၁၅၀,၀၀၀ ကိုသီးသန့်ထားပြီး၊ ဒေါ်လာ ၈၅၀,၀၀၀ ကို ထပ်မံချေးငှားပေမည်။ ချေးငွေကိုထုတ်ရာ၌ ငွေ သားလက်ပြောင်းလက်လွှဲမရှိဘဲ ချေးငွေယူသူထံမှ ကတိ စာချုပ်လက်ခံပြီး၊ ယင်းတို့၏ ဘဏ်စာရင်းတွင် မြီရှင် ပေးထားမည်။ ဘဏ်၏ လက်ကျန်ရှင်းတမ်းတွင် ချေးထား ရပိုင်ခွင့်နှင့် အပ်ငွေပေးရန် တာဝန်နှစ်ဖက်လုံးတွင် ဒေါ် လာ ၈၅၀,၀၀၀ တိုးမြှင့်သွားပေမည်။ ဤသည်မှာ ပထမ ဆင့်ဖြစ်ပြီး မြီရှင်ဘုံဆင့်လွှာ Pyramid of Credit အပ် ငွေပြန့်ကားမှု Expansion of deposit ၊ သို့မဟုတ် အပ်ငွေ ဆင့်ကဲမှု Deposit Multiplier ဟု အမျိုးမျိုး ခေါ်ဆိုကြ သည်။ ပထမဆင့်အဆုံး၌ အပ်ငွေများဒေါ်လာ ၁,၈၅ ဝ,၀၀၀ မူလကုန်သည်၏ အပ်ငွေဒေါ်လာ တစ်သန်းနှင့် ချေးယူသူများ၏ ဒေါ်လာ ၈၅၀,၀၀၀ ဖြစ်သည်။ ဒုတိယ အပ်ငွေဒေါ်လာ ၈၅၀,၀၀၀ ၏ ၈၅ ရာခိုင်နှုန်း ဒေါ်လာ ၇၂၂,၅၀၀ သည် အခြားငွေချေးယူသူများသို့ ဒုတိယဆင့် ထုတ်ချေးနိုင်ပြန်သည်။ ငွေချေးယူသူတို့၏စာရင်းတွင် ဒေါ်လာ ၇၂၂,၅၀၀ မြီရှင်ပေးပြီး၊ ယင်း၏ ၁၅ ရာခိုင်နှုန်း ဒေါ်လာ ၇၅,၈၆၂.၅၀ ကို သီးသန့်ချန်ကိုင်ဆောင်၍ ကျန် ဒေါ်လာ ၆၄၆,၆၃၇.၅၀ ကို ထုတ်ချေးနိုင်ပြန်လာသည်။ ဤဖြစ်စဉ်မှ သီအိုရီအရအဆုံးတိုင်ဖြစ်ပါက၊ ကနဦး ဒေါ်လာ တစ်သန်းသည် ၁၅ ရာခိုင်နှုန်း သီးသန့်လိုအပ် ချက်အရ၊ ကုန်သွယ်စီးပွားဘဏ်မြီရှင်ပြန့်ကားမှု ဒေါ် လာ ၅.၆၇ သန်းဖြစ်လာပေမည်။ ပေးထားပါ သီးသန့်ပို ငွေအတွက် အပ်ငွေပြန့်ကားမှုအချက်သည် လိုအပ်သည့် အပ်ငွေအချိုး ၁÷ဝ.၁၅ ၏ ပြောင်းပြန်ဒေါ်လာ ၆.၆၇ ဖြစ် ပေသည်။

လက်တွေ့၌ ငွေချေးယူကြသူတိုင်းသည် ချေးငွေထုတ်ပေးဘဏ်တွင် ငွေစာရင်းဖွင့်အပ်နှံကြမည်မဟုတ် သော်လည်း မည်သည့်ဘဏ်တွင် ငွေအပ်သည်ဖြစ်စေ နောက်ဆုံးရလဒ်ကို သက်ရောက်မှုမရှိပေ။ အပ်ငွေနှင့် သီးသန့်ထားမှုသည် ဘဏ်စနစ်တစ်ခုလုံးတွင် ဖန်တီးပေါ် ပေါက်သည်သာဖြစ်သည်။ ထို့ပြင် ဘဏ်တစ်ခုချင်းက ပြန့်ကားမှုဖြစ်စဉ်အဆင့်နှင့် ပတ်သက်မှုနည်းပေသည်။ယင်းပါဝင်ပတ်သက်သည့် မည်သည်ကိုအရင်းခံသည်ဖြစ် စေ ငွေကြေးသစ်ကိုယ်စားပြုသောအပ်ငွေရရှိမှုကို ပို၍ စိတ်ဝင်စားသည်။ ဥပဒေအရလိုအပ်သော သီးသန့်ပိုငွေ များအတွက် မည်သည့်ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ် သည်ဖြစ်စေ ပိုငွေနှင့် ချေးငွေအပေါင်းရင်းနှီးငွေတူညီ သည်။ ပေါ်လစီကို ကိုင်စွဲပါက ပြန့်ကားမှုဖြစ်စဉ်သည် ဆက်လက်ပေါ်ပေါက်ပေမည်။ သို့သော် ပြန့်ကားမှုဖြစ်စဉ် အဆင့်ဆင့်သည် တစ်ပြိုင်နက်တည်းသော်လည်းကောင်း အချိန်ကာလအစဉ်တိုင်းဖြစ်မည်မဟုတ်ပေ။ အချို့ဘဏ် တို့သည် ပိုမိုနေသော သီးသန့်ငွေကို အသုံးပြုခြင်း၊ သို့မ ဟုတ် ကာလအတန်ကြာပြီးမှ သုံးခြင်းပြုလုပ်ပေမည်။ အခြားဘဏ်များက မျော်မှန်းထားသော သီးသန့်ငွေကို မှန်းဆအခြေခံ၍ ရပိုင်ခွင့်များတိုးချဲ့ထားနိုင်ရန် ချေးငွေ များရယူထားခြင်းရှိပေမည်။ ဖြစ်စဉ်မှာမူ ဆက်လက်ပြီးပုံ ၃၀ ပါ နောက်ဆုံးအဆင့်သို့ မည်သည့်အချိန်မျ ဆိုက် ရောက်ခြင်းမရှိတာလည်း ဖြစ်နိုင်သည်။

အပ်ငွေကျုံ့ခြင်း ဆန့်ကျင်ဘက်ဖြစ်ခြင်းကလည်း အတိအကျတစ်ပုံစံတည်းဖြစ်သည်။ ထို့ကြောင့် ဖက်ဒရယ် ဗဟိုဘဏ်သည် ငွေတိုက်လက်မှတ် ဒေါ်လာတစ်သန်း ရောင်းချပြီး၊ ငွေကို ကုန်သွယ်စီးပွားဘဏ် (က) အပေါ် ရေးဆွဲထားသည့်ချက်ဖြင့် ရှင်းလင်းပေးချေလိုက်သည် ဆိုပါစို့။ ချက်ရှင်းလင်းပြီးသည့်အခါ ဘဏ်(က)၏ ဗဟို ဘဏ်စာရင်းတွင် ဒေါ်လာတစ်သန်း လျော့သွားပေမည်။ ရလဒ်အဖြစ် ကုန်သွယ်စီးပွားဘဏ်များ အားလုံး အပ်ငွေ နှင့် သီးသန့်ငွေသည် ယခင်ရှိခဲ့သည်ထက် တစ်သန်းလျော့ သွားမည်။ အပ်ငွေလျော့နည်းခြင်းကြောင့် သီးသန့်ငွေလို အပ်ချက်လွတ်သွားပမာဏ ဒေါ်လာ ၁၅၀,၀၀၀ ဖြစ် သည်။ ဘဏ်များတွင် သီးသန့်ပိုငွေမရှိပါက သီးသန့်ငွေ ပြတ်လပ်ချို့တဲ့မှုဒေါ်လာ ၈၅၀,၀၀၀ ဖြင့် ကျန်ခဲ့မည်။ ဤပမာဏကိုဖြည့်တင်းရန် အာမခံစာချုပ်များ ရောင်း ကောင်းရောင်းပေမည်။ စာချုပ်ဝယ်သူများက ယင်းတို့၏ အပ်ငွေစာရင်းမှထုတ်ယူရန် ချက်များရေးဆွဲသဖြင့် အာမ ခံစာချုပ်နှင့် အပ်ငွေဒေါ်လာ ၈၅၀ç၀၀၀ ပထမဆင့် အ ကျုံ့ဖြစ်စဉ်တွင် ရလဒ်ပေါ်ထွက်လာမည်။ ယခုအခါ၌ အပ်ငွေဒေါ်လာပေါင်း ၁.၈၅ လျော့ပြီး သီးသန့်ငွေပြတ် လပ်ချို့တဲ့မှု ဒေါ်လာ ၇၂၂,၅၀၀ ချို့တဲ့မှုကို အာမခံစာချုပ် များရောင်း၍ သို့မဟုတ် ချေးငွေများ လျော့ချကျုံ့မှုဖြစ် စဉ်ဆက်လိုက်မည်။ ကျုံ့မှုအပြန်ပြန်သည်လည်း အပ်ငွေ ပြန့်ကားမှုကဲ့သို့ နောက်ဆုံးသီးသန့် ငွေလိုအပ်ချက် ၁၅ ရာခိုင်နှုန်းစနစ်တွင် ၁/ဝ.၁၅ = ၆.၆၇ ဖြစ်ပေမည်။

ဒေါက်တာဦးမော်သန်း (ပါမောက္ခချုပ် (ငြိမ်း))