စီမံအုပ်ချုပ်မှုခရီးစဉ် အခုမှစတင်မယ့် Executive များအတွက်စာအုပ်ကောင်း ၃ အုပ်

ဒီ ၃ အုပ်ထဲမှာ ကိုယ်သိပြီးသား၊ ဖတ်ထားပြီးသား စာအုပ်တွေပါနိုင်ပါတယ်။ ဒါပေမယ့် အခုမှစီမံခန့်ခွဲမှုလောကထဲဝင်လာမယ့်၊ ဝင်လာတဲ့ မျိုးဆက်သစ်မန်နေဂျာနဲ့ Executive တွေအနေနဲ့သိထားသင့်တယ်လို့မှတ်ယူပြီး ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။

၁။ The Effective Executive: The Definitive Guide to Getting the Right Things Done (Harperbusiness Essentials) By Peter F. Drucker

CEO Business and Management Magazine, www.ceo-myanmar.com, စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ၊ သတင်းဆောင်းပါးကောင်းများ, Leader Myanmar, Business and Management, Effective Leader Yangon ၊ Business Magazine in Myanmar, Business Magazine Yangon, Management Book in Myanmar, Management Book in Yangon၊ စီမံခန့်ခွဲမှု

Peter F. Drucker ပြောတဲ့ Executive ကောင်းတစ်ဦးဆိုတာကတော့ မှန်ကန်တဲ့အလုပ်ကို ပြီးပြတ်အောင်လုပ်တတ်တဲ့သူမျိုးဖြစ်ပါတယ်။ တခြားသူတွေ သတိမထားမိလိုက်တာတွေကို ပြန်လည်ဆန်းစစ်ခြင်း၊ အကျိုးမဖြစ်ထွန်းနိုင်တဲ့ကိစ္စတွေဆိုရင် ရှောင်ကျဉ်နိုင်ခြင်းကို မှန်ကန်တဲ့အလုပ်ကိုလုပ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ အသိဉာဏ်၊ စိတ်ကူးစိတ်သန်းနဲ့ ဗဟုသုတတွေကိုပေါင်းစည်းပြီး လုပ်ကိုင်ခြင်းမပြုရင်တော့ Executive တစ်ဦးရဲ့ အလုပ်ဟာ အလုပ်တွင်နိုင်မှာ မဟုတ်ပါဘူး။

ဒီစာအုပ်မှာ Drucker ဟာ အောင်မြင်တဲ့စီးပွားရေးတစ်ခုဖြစ်ဖို့အတွက် ကျင့်သုံး၊ လိုက်နာ၊ သင်ယူရမယ့် အချက်အလက်ငါးချက်ကို ပြောပြထားပါတယ်။ ဒါတွေကတော့ –
– အချိန်ကို စီမံခန့်ခွဲခြင်း
– အဖွဲ့အစည်းကို ဘာအကူအညီပေးရမလဲ ရွေးချယ်ခြင်း
– ဘယ်အချိန်ဘယ်နေရာမှာ အကျိုးရှိစေဖို့ ဘယ်လိုစည်းရုံးရမယ်ဆိုတာကိုသိခြင်း
– မှန်ကန်တဲ့ ဦးစားပေးကိစ္စတွေကို သတ်မှတ်ခြင်း
– အထက်က အကြောင်းအရာလေးခုကို မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

Executive ကောင်းတစ်ဦးရဲ့ အမူအကျင့်တွေကို ပြောပြထားပြီး အမျိုးမျိုးကြုံတွေ့ရနိုင်တဲ့ စီးပွားရေးအခြေအနေတွေကို ဒီစာအုပ်မှာလေ့လာနိုင်မှာပါ။

၂။ It’s Okay to Be the Boss: The Step-by-Step Guide to Becoming the Manager Your Employees Need By Bruce Tulgan

CEO Business and Management Magazine, www.ceo-myanmar.com, စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ၊ သတင်းဆောင်းပါးကောင်းများ, Leader Myanmar, Business and Management, Effective Leader Yangon ၊ Business Magazine in Myanmar, Business Magazine Yangon, Management Book in Myanmar, Management Book in Yangon၊ စီမံခန့်ခွဲမှု

လူတွေကို စီမံခန့်ခွဲဖို့အချိန်မလောက်ဘူးလို့ ခံစားနေရပါသလား။ တချို့ဝန်ထမ်းတွေနဲ့ဆက်ဆံရမှာကို ကြုံတွေ့လာနိုင်တဲ့ ပြဿနာဆိုးတွေကြောင့် ရှောင်လွှဲမိနေသလား။ အဆုံးအရှုံးမခံနိုင်တဲ့ ဝန်ထမ်းကောင်းတွေရောရှိသလား။ စိတ်ထဲမှာ ပိုပြီးစီမံခန့်ခွဲချင်ပေမယ့် ဘယ်ကစရမှန်းမသိတာမျိုးဖြစ်နေပါသလား။

လူတွေကို အုပ်ချုပ်ရတယ်ဆိုတာခက်ခဲပြီးခေါင်းစားစေတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ဒီလိုခက်ခဲလို့ ခဏနားတာမျိုးလည်း လုပ်လို့မရပါဘူး။ ဝန်ထမ်းတွေကိုလည်း ပြုပြင်ဖို့လိုပါတယ်။ သူတို့က ဒီလိုပြုပြင်တာကို လက်မခံတာ၊ အလုပ်မကြိုးစားတာမျိုးတွေလည်း ရှိပါမယ်။ သူတို့ဟာ သူတို့အလုပ်မှာ လိုအပ်တဲ့၊ လိုချင်တဲ့အရာတွေကို သူတို့ရဲ့ သူဌေး၊ မန်နေဂျာဖြစ်တဲ့ ကိုယ့်ကိုပြောကြမှာဖြစ်ပါတယ်။

ဒီလိုကြီးမားတဲ့ အုပ်ချုပ်မှုစိန်ခေါ်မှုကိုဘယ်လိုဖြေရှင်းရပါမလဲ။ တချို့မန်နေဂျာတွေဆိုရင်တော့ မျက်နှာလွှဲခဲပစ်စနစ်ကို ကျင့်သုံးမှာဖြစ်ပါတယ်။ တကယ်ကဝန်ထမ်းတွေ ကိုယ့်ကိုမလိုအပ်သေးသရွေ့ ဥပေက္ခာပြုထားတာမျိုးဖြစ်လုပ်ကောင်းလုပ်မိနိုင်ပါတယ်။ အကျဉ်းချုံးပြောရရင် အရာအားလုံးကို လိုက်ထိန်းချုပ်မနေဘဲ လွှတ်ထားတာမျိုးဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းက ပြဿနာကို ပိုမိုကြီးထွားသွားနိုင်စေပါတယ်။

အတိအကျပြောရရင်တော့ ပြဿနာကိုဖြေရှင်းရင်းနဲ့ပဲအချိန်တွေကုန်နေတာဖြစ်နိုင်ပြီး လုပ်စရာတာဝန်တွေကလစ်ဟင်းကာ ဝန်ထမ်းတွေကို စီမံအုပ်ချုပ်ဖို့တောင် အချိန်မရှိတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုသာဆိုရင် ပြဿနာပေါ်ကို ပြဿနာဆင့်လာစေနိုင်ပါတယ်။

It’s Okay to Be the Boss စာအုပ်ထဲမှာ Bruce Tulgan ဟာ America မှာရှိတဲ့ စီးပွားရေးအဖွဲ့အစည်းတွေ ကုမ္ပဏီကြီးတွေရဲ့ပြဿနာကြီးတွေကို မီးမောင်းထိုးပြထားပါတယ်။ ဒီလိုမျိုး စီမံအုပ်ချုပ်ရေးပြဿနာတွေက ဘယ်စီးပွားရေးလုပ်ငန်း၊ ဘယ်အဖွဲ့အစည်းတိုင်းက မန်နေဂျာတိုင်းကိုမဆို ဒုက္ခပေးနေတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲက ရှင်းလင်းတဲ့ တဆင့်ချင်းစီ လမ်းညွှန်ထားတဲ့အချက်တွေနဲ့ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေ၊ ဝန်ထမ်းတွေကို ဘယ်လိုခိုင်းရမလဲ၊ ဝန်ထမ်းတွေရဲ့ Performance တွေကို တိုင်းတာနိုင်တဲ့ မန်နေဂျာကောင်းတစ်ဦးဖြစ်စေဖို့ အမှားကို မြန်မြန်ပြင်နိုင်စေပြီး မှန်ရင်လည်း မြန်မြန်ဆန်ဆန်ဆုပေးဖို့ အကြံပြုထားပါတယ်။ Tulgan ဟာ မန်နေဂျာတွေကို ဒုက္ခပေးနေတဲ့ ဖရိုဖရဲအလုပ်ခွင်၊ စိတ်အနှောင့်အယှက်ဖြစ်စရာ ဝန်ထမ်းတွေနဲ့ မန်နေဂျာတွေရဲ့ တာဝန်ကိုလက်ခံဖို့ နည်းပေးလမ်းပြလုပ်ထားတာ တွေ့ရပါတယ်။

၃။ Principles: Life and Work By Ray Dalio

CEO Business and Management Magazine, www.ceo-myanmar.com, စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ၊ သတင်းဆောင်းပါးကောင်းများ, Leader Myanmar, Business and Management, Effective Leader Yangon ၊ Business Magazine in Myanmar, Business Magazine Yangon, Management Book in Myanmar, Management Book in Yangon၊ စီမံခန့်ခွဲမှု

Ray Dalio ဟာ ကမ္ဘာ့အအောင်မြင်ဆုံး ရင်းနှီးမြှုပ်နှံသူ၊ စွန့်ဦးတီထွင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူရဲ့နှစ်ပေါင်းလေးဆယ်လောက်ဆန်းသစ်၊ ဖန်တီး၊ အသုံးချလာတဲ့ နည်းလမ်းသစ်တွေနဲ့ လူတစ်ဦးတစ်ယောက် သို့မ ဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ ပန်းတိုင်ကို အောင်အောင် မြင်မြင်လျောက်လှမ်းနိုင်ဖို့ ဘဝအတွက်ရော စီးပွားရေးအတွက်ပါ ဒီစာအုပ်ထဲမှာ အကြံပြုထားပါတယ်။

၁၉၇၅ ခုနှစ်မှာ Ray Dalio ဟာ New York မြို့က သူ့ရဲ့အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းလေးကို Bridgewater Associates လို့ခေါ်တဲ့ ရင်းနှီးမြှုပ်နှံရေးစီးပွားရေး လုပ်ငန်းအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ နှစ်လေးဆယ်ကြာသွားတဲ့ အချိန်မှာတော့ Bridgewater ဟာ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းသမိုင်းတစ်လျောက် သူတို့ရဲ့ Client တွေကို ငွေကြေးမြောက်များစွာရှာပေးထားပြီး Fortune Magazine အရ အမေရိကန်နိုင်ငံရဲ့အရေးပါဆုံးကုမ္ပဏီတွေထဲမှာ ငါးခုမြောက်ကုမ္ပဏီဖြစ်လာပါတယ်။ Dalio ကိုယ်တိုင်ကိုယ်က Time Magazine ရဲ့ သြဇာညောင်းတဲ့ လူတစ်ရာထဲက တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ သက်တမ်းတစ်လျောက်မှာ Dalio ဟာ သူ့ရဲ့လုပ်ငန်းဖြစ်တဲ့ Bridgewater ရဲ့ဓလေ့ကို ထိထိရောက်ရောက်ဖြစ်အောင်တမူထူးခြားတဲ့ စည်းစနစ်တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီစည်းကမ်းတွေကို သူကအဓိပ္ပာယ်ရှိတဲ့အလုပ်၊ အဓိပ္ပာယ်ရှိတဲ့ ဆက်ဆံရေးရစေဖို့ အရည်အသွေးအလျောက် ထင်သာမြင်သာ မြှောက်စားတဲ့စနစ် (Meritocracy ) လို့တင်စားပါတယ်။

Principles ဆိုတဲ့ စာအုပ်ထဲမှာ Dalio ဟာ သူ့ရဲ့အလုပ်အကိုင်သက်တမ်းတစ်လျောက် ဆည်းပူးခဲ့တဲ့ ပညာရပ်တွေအကြောင်း မျဝေပေးထားပါတယ်။ ဘဝတွေ၊ စီးပွားရေးတွေ၊ စီမံရေးတွေနဲ့ ရင်းနှီးမြှုပ်နှံရေးတွေကို နည်းစနစ်တွေချပြီး စက်တွေလိုမျိုး နားလည်အောင် လုပ်လို့ရပါတယ်လို့ ဆိုပါတယ်။ ဒီစာအုပ်ထဲက လက်တွေ့သင်ခန်းစာတစ်ရာဟာ စစ်မှန်တဲ့အမှန်တရားနဲ့ စစ်မှန်တဲ့ပွင့်လင်းမှုမှာ အုတ်မြစ်ချရေးသားထားပြီး လူတစ်ဦး ခြင်းဖြစ်စေ အဖွဲ့အစည်းအတွက်ဖြစ်စေ ဆုံးဖြတ်ချက်ချတဲ့အခါ၊ စိန်ခေါ်မှုတွေကို ချဉ်းကပ်တဲ့အခါ၊ အသင်းအဖွဲ့ တည်ထောင်တဲ့အခါမှာသုံးဖို့ အကြံပြုရေးသားထားတာ ဖြစ်ပါတယ်။

စာအုပ်ထဲမှာ အဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေအတွက် အကြံကောင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ Principle ဆိုတဲ့စာအုပ်က လူတိုင်းလိုအပ်တာကိုရအောင် ဆုံးဖြတ်ချက်ချတဲ့အခါကျင့်သုံးနိုင်တဲ့ ရှင်းလင်းတဲ့နည်း လမ်းတွေ ပါဝင်တယ်လို့ Dalio ကယုံကြည်ပါတယ်။