ငွေကြေးအရ အောင်မြင်တဲ့ကလေးအဖြစ် ပြုစုပျိုးထောင်ချင်တယ်ဆိုရင်…

ကျွန်တော်တို့အနေနဲ့ ဘဏ္ဍာရေးအရ၊ ငွေကြေးအရ ဘယ် လောက်အောင်မြင်နိုင်မလဲဆိုတာ ပူပန်ကြရပါတယ်။ ဒါပေမဲ့ ကိုယ်က မိဘတစ်ယောက်ဆိုရင်တော့ ကိုယ့်အ တွက် ငွေရေးကြေးရေးဆိုတာ အပြောနည်းလာပြီး ကိုယ့် ကလေးအတွက် အောင်မြင်မှုသာ ပိုလိုအပ်လာပါတယ်။

အောင်မြင်မှုဆိုတာ ‘ငွေ’ တစ်ခုတည်းနဲ့ အရာရာတော့မဟုတ်ပါဘူး။ မိဘတွေဟာ ကလေးတစ်ယောက်ရဲ့ပျော်ရွှင်မှုကို မြှင့်တင်ပေးနိုင်ဖို့ သူတို့လုပ်နိုင်တာ လုပ်သင့်တာတွေကို လုပ်မှာဖြစ်ပြီး ရင်သွေးလေးတွေကို အရာအားလုံးဟန်ချက်ညီအောင် ပြုစုပျိုးထောင်ပေးရမှာပါ။ ဒါပေမဲ့ အရွယ်ရောက်ပြီး သားသမီးတစ်ယောက်ကို ဘဏ္ဍာရေးအရအောင်မြင်လာအောင် သင့်အနေနဲ့လုပ်နိုင်တာတစ်ခုခုရှိတယ်ဆိုတာကိုများ သင်သိခဲ့မယ်ဆိုရင် …၊ အဲဒီကိုယ်လုပ်ပေးနိုင်မယ့်အရာကလည်း သားသမီးတွေရဲ့ ပျော်ရွှင်မှုနဲ့ ကောင်းမွန်စွာဖြစ်တည်ကြီးပြင်းမှုကို မထိခိုက်စေဘူးဆိုရင် သင့်အတွက်ဒါ ကိုလိုချင်မယ်လို့ ယုံကြည်မိပါတယ်။

အာရုံမစိုက်ခြင်း

ဒီစကားလုံးလေးရဲ့ အကျိုးသက်ရောက်မှုက အရေးကြီးပါတယ်။ လေ့လာမှုအရ အာရုံစိုက်မှုမြင့်မားတဲ့ကလေးတွေ နဲ့ အာရုံစိုက်မှုအားနည်းတဲ့ ကလေးတွေကြားမှာ ဝင်ငွေ ကွာခြားချက်ရှိပြီး အဲဒီကွာခြားချက်ဟာ Intelligence Quotient (IQ) နဲ့ မိသားစုရဲ့အဆင်မပြေတဲ့ အခြေအနေ တွေဆီရောက်ပါတယ် (ဒီလိုဖော်ပြချက်မှာ ယေဘုယျစီး ပွားရေးအခြေအနေနဲ့ တစ်ဦးချင်းစီရဲ့ ကြွေးမြီတွေ မပါ ဝင်ပါဘူး)။ ၂၅ နှစ်တာကာလလုပ်ငန်းခွင်ဘဝတစ်ခုကျော်ဖြတ်ပြီးရင် ဝင်ငွေကွာခြားမှုပမာဏဟာ အကြမ်း ဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၇၅,၀၀၀ ဝန်းကျင်ရှိ ပါတယ်။

‘အာရုံစိုက်မှုအားနည်းခြင်း’ ဆိုတဲ့ အကြောင်းအ ရာဟာ မျဝေမှုအားနည်းတာ၊ စူးစိုက်မှုအားနည်းတာ၊ အခြားသူတွေကို အပြစ်တင်တာ၊ ဒေါသတကြီးရန်လိုမှုကို ဖော်ပြတာ၊ စိတ်ပူပင်မှုအဆင့်မြင့်တက်တာ စတဲ့အ ကြောင်းအရာပေါင်းများစွာကို ဖြစ်ပေါ်စေတယ်လို့ သုတေသနပြုသူတွေက တွေးထင်စဉ်းစားကြပါတယ်။
မိဘတွေအနေနဲ့ ဒီလိုအာရုံစိုက်ခြင်းအပြုအမူ တွေအပေါ် ကလေးတွေနဲ့အတူ လုပ်ဆောင်ကူညီဂရုပြုပေး နိုင်မယ်ဆိုရင် သူတို့လေးတွေအတွက် နောက်ဆယ်စုနှစ် သုံးခုလောက်ကြာတဲ့အခါ သူတို့ရဲ့ (ကလေးတွေကနေ လူကြီးဖြစ်လာသူတွေရဲ့) ဝင်ငွေအပေါ် သက်ရောက်မှု ရှိနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်ပါတယ်။ အဲဒီအ တွက် ဘာတွေစçလုပ်နိုင်မလဲဆိုတာနဲ့ပတ်သက်ရာ အ ရေးကြီးအချက်အလက်တွေကို ဖော်ပြရမယ်ဆိုရင် …

၁။ မျဝေခြင်းကို အားပေးပါ

မိဘတွေအတွက် ပညာရေးဆိုင်ရာ Blog တစ်ခုဖြစ်တဲ့ Parentsplace ရဲ့ ကျွမ်းကျင်သူတွေကတော့ သင့်အနေနဲ့ ကလေးတွေကို တခြားသူတွေဆီမျဝေခြင်းနဲ့ပတ်သက်ပြီး ဖိအားမပေးသင့်ပေမယ့် အလှည့်ပြန်ယူတယ်ဆိုတဲ့ သဘောတရားကိုတော့ မိတ်ဆက်ပြောပြသင့်တယ်လို့ ဆိုပါတယ်။ ကလေးတွေကို သူတို့ရဲ့သူငယ်ချင်းတစ် ယောက်ယောက် သူတို့ဆီရောက်မလာခင်မှာ သူငယ် ချင်းနဲ့အတူ သူတို့မျဝေမကစားချင်တဲ့ ကစားစရာအ ကောင်းစားတွေကို အဝေးမှာထားခိုင်းဖို့ Parentsplace ရဲ့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ ”ဟေး၊ သားက သားရဲ့သူငယ်ချင်းကို တခြားသူတစ်ယောက်ခေါ် သွားတာမျိုး မဖြစ်စေချင်ဘူးမဟုတ်လား”ဆိုတာမျိုးပြော ပြီး တခြားကလေးတွေနဲ့အတူ မျဝေကစားတဲ့ အလေ့အ ကျင့်ရအောင် ကလေးအချင်းချင်းကစားဖို့ လုံလောက်တဲ့ အချိန် အခွင့်အရေးပေးတာမျိုး လုပ်သင့်ပါတယ်။

၂။ ကိုယ့်ကလေး အာရုံစူးစိုက်ဖို့ ကူညီပါ

စိတ်ပညာဆိုင်ရာဆရာဝန်တစ်ဦးဖြစ်တဲ့ Jamie Howard က ကိုယ့်ကလေးရဲ့ အာရုံစူးစိုက်မှုပိုကောင်းလာဖို့လိုပြီး ဒါကလည်း သူတို့ရဲ့ အလုပ်အကြီးကြီးတွေကို နောက်ထပ်စီမံခန့်ခွဲမှုဆိုင်ရာအစိတ်အပိုင်းလေးတွေနဲ့အတူ ပိုသေးငယ်တဲ့ အလုပ်တွေဖြစ်အောင် အဆုံးသတ်ဖို့ အ ရေးကြီးတာဖြစ်တယ်လို့ ဆိုပါတယ် (ဒီအချက်ဟာ အ ရွယ်ရောက်ပြီးသူတွေအတွက်လည်း အကြံဉာဏ်ကောင်း ဖြစ်ပါတယ်)။ ဒါပြင် ကလေးတွေကို တစ်ကြိမ်မှာ အ ကြောင်းအရာတစ်ခုတည်းအပေါ် အာရုံစူးစိုက်အောင် အားပေးကူညီပါလို့ ဆိုပါတယ် (ဒီလိုလုပ်ဖို့ မလွယ်ကူပေမယ့်လည်း တိုးတက်လာနေတဲ့ ဘက်စုံကမ္ဘာမှာတော့ ဒါဟာ လိုအပ်ပါတယ်)။

Oxford Learning ရဲ့ ကျွမ်းကျင်သူတွေကတော့ ကိုယ့်ကလေးအတွက် အိမ်စာလုပ်ချိန်မှာ ရှင်းလင်းနေတဲ့ နေရာတစ်ခုမှာ စာလုပ်နိုင်အောင် ဖန်တီးပေးသင့်တယ်လို့ ဆိုထားပါတယ်။ ကြည့်လေရာရာ ရှင်းလင်းနေတဲ့နေရာ တစ်ခုဟာ ကလေးတွေကို သင်ခန်းစာလေ့လာရာမှာ ကောင်းကောင်းအာရုံစိုက်နိုင်ဖို့ ပိုပြီးကူညီပေးနိုင်ပါတယ်။

၃။ ကလေးကို တခြားသူတွေနဲ့ အချိန်ကြာကြာရှိနေအောင် ကူညီပေးပါ

Parents.com ရဲ့ ကလေးဖွံ့ဖြိုးမှုဆိုင်ရာကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ Dr Wayne Fleisig က သင့်ကလေးဟာ တခြားသူတွေရဲ့ ခံစားမှုကို မျဝေနားလည်နိုင်စွမ်းဆိုတဲ့စွမ်းရည်ဖွံ့ဖြိုးဖို့ဟာ အရေးကြီးတယ်လို့ ဆိုပါတယ်။ ကိုယ်နဲ့ကလေးအတူရှိချိန်မှာ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ တစ် စုံတစ်ခုအပေါ် စိတ်ခံစားမှုနဲ့ပတ်သက်ပြီး လိုအပ်လာရင် ကလေးကိုမေးပါ။ ”ဒီဖြစ်ရပ်ဟာ အဲဒီလူကို ဘယ်လိုခံ စားရစေမယ်လို့ သား/သမီး ထင်လဲ” ဒါမှမဟုတ်ရင် လည်း ”အဲဒီလူက တခြားသူတွေကို ဘာကြောင့်လုပ် လိုက်တာလဲ” စတဲ့ မေးခွန်းမျိုးတွေ မေးနိုင်ပါတယ်။

ပြီးတော့ ကလေးတွေကို ဒေါသထွက်တဲ့အခါ၊ စိတ်ဆိုးတဲ့အခါ အဲဒီဒေါသကို ဘယ်လိုကိုင်တွယ်မလဲဆို တာကို မိဘက ကလေးနဲ့အတူ ဖော်ထုတ်ဆွေးနွေးတာမျိုး လုပ်နိုင်ပါတယ်။ ဒါတင်မက တခြားသူတွေဟာ သူ တို့ဒေါသဖြစ်တဲ့အခါ သူတို့ရဲ့ခံစားမှုဟာ ဘယ်လိုဆိုတာ ကိုလည်း ကလေးကိုသိအောင် သင်ပြပေးတာမျိုး လုပ် နိုင်ပါတယ်။

၄။ စိုးရိမ်ပူပန်မှုတွေရှိနေတဲ့ သင့်ကလေးကို ကူညီပါ

ကလေးစိတ်ပညာဆိုင်ရာ ကုထုံးပညာရှင်တစ်ဦးဖြစ်တဲ့ Katie Hurley ကတော့ ကိုယ့်ကလေးကို ပူပန်တဲ့စိတ်ခံစား မှုဖြစ်ခွင့်ပေးသင့်ပါတယ်လို့ ဆိုပါတယ်။ ကလေးတွေ ခံစားနေရတဲ့ စိုးရိမ်မှု၊ ပူပန်ကြောင့်ကြမှုတွေကို ကလေး တွေအနေနဲ့ ဖော်ပြပြောဆိုနိုင်ဖို့ တစ်နေ့တာမှာ ကလေး တွေအတွက် အချိန်တစ်ခုတော့ ပေးသင့်တယ်လို့ မိဘ တွေကို သူကတိုက်တွန်းထားပါတယ်။ ဒါမှသာ မိဘနဲ့ သားသမီး အတူတူ အဖြေထွက်အောင် စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မိဘအနေနဲ့ ကလေးရဲ့ပူပန်မှု ကို ဖြစ်သင့်/မဖြစ်သင့်၊ အမှား/အမှန်ဆိုတာကို အောက် မှာဖော်ပြထားတဲ့ မေးခွန်းလေးခုနဲ့ ကလေးကိုမေးမြန်းပြီး လမ်းကြောင်းတည့်ပေးနိုင်မှာဖြစ်တယ်လို့ Hurley က ပြောပါတယ်။

၁။ သား/သမီးရဲ့ခေါင်းထဲမှာ အခုဖြစ်နေရဲ့ စိုးရိမ်မှုကို နာမည်တပ်ကြည့်ပါ။

၂။ အဲဒီပူပန်စိုးရိမ်မှုက သား/သမီးကို ဘာပြောနေလဲ။

၃။ အဲဒီစိုးရိမ်မှုကို ခွဲခြားကြည့်ရအောင် …၊ ပြီးတော့ ဒီပူပန်မှုက ရာနှုန်းပြည့်မှန်ကန်လားဆိုတာ ကြည့် ပါဦး။

၄။ ဒီစိုးရိမ်မှုအတွေးကို အကောင်းဘက်/အပြုသဘော အတွေးတစ်ခုအဖြစ် ပြောင်းလဲအောင် ငါတို့ဘယ် လိုလုပ်နိုင်မလဲ။

ဒီအပြုအမူတွေက ကိုယ့်ရဲ့အရွယ်ရောက်လာ မယ့် သားသမီးရဲ့အနာဂတ်မှာ အဓိကကျပြီး ကိုယ့်အနေနဲ့ လည်း ဖော်ပြပါအချက်အလက်တွေနဲ့ ကူညီပေးနိုင်ပါ တယ်။ အကောင်းမြင်တဲ့အပြုအမူဟာ တစ်ခုတည်းရှိတဲ့ နည်းလမ်းထက် အခြားနည်းလမ်းတွေ အများကြီးပေး နိုင်စွမ်းရှိပါတယ်။

Ref : Want to Raise Financially Successful Children?

ထွတ်မြတ်