ငွေကြေးပညာရှင်မဟုတ်သူ မန်နေဂျာများအတွက် ငွေကြေးပညာ

ယခင်လမှအဆက်

၈။ ဝင်ငွေအစီရင်ခံစာတစ်ခုလုံးကိုဖတ်ပါ (Read The Entire Income Statement)

ဝင်ငွေအစီရင်ခံစာသည် အောက်ခြေလိုင်းဖြစ်သည့် အ သားတင်အမြတ် Net Profit ဖြစ်သည်။ အသားတင် အမြတ်သည် ကုန်ကျစရိတ်များအားလုံးကိုနုတ်ပြီးနောက် ကျန်သည့်ဝင်ငွေဖြစ်သည်။

ဝင်ငွေအစီရင်ခံစာသည် တစ်လ၊ သုံးလ၊ တစ်နှစ် အစရှိသည်ဖြင့် အချိန်ပိုင်းတစ်ခုအတွက် ဝင်ငွေများနှင့် ကုန်ကျစရိတ်များကိုပြသည်။ ဝင်ငွေအစီရင်ခံစာကို တစ်ခါတစ်ရံ အရှုံး-အမြတ် စာရင်းရှင်းတမ်းဟုလည်းခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အကြမ်းဝင် ငွေ၊ အသားတင်ဝင်ငွေဟုလည်းခေါ်သည့် အမြတ်ရရှိနိုင်ခြေ (အကြမ်းအမြတ်၊ အသားတင်အမြတ်) တို့ကိုလည်း ပြ၍ဖြစ်သည်။

အကြမ်းအမြတ် (Gross Profit)

အကြမ်းအမြတ်ဆိုသည်မှာ အတိုကောက်အားဖြင့် COGS (Cost of Goods Sold) ဟုခေါ်သည့် ရောင်းချသည့် ကုန်ပစ္စည်းအတွက် ကုန်ကျစရိတ်ကိုနုတ်ပြီးနောက် အရောင်း ဝင်ငွေကိုခေါ်သည်။ COGS တွင် သိုလှောင်ခ၊ ကုန်ပစ္စည်း များထုတ်လုပ်ရန် အလုပ်သမားအတွက် ကုန်ကျစရိတ် နှင့်ကုန်ပစ္စည်းထုတ်လုပ်မှုတွင် ပါဝင်သော အခြားကုန်ကျစရိတ်များ ပါဝင်သည်။

ငွေကြေးပညာရှင်မဟုတ်သူ မန်နေဂျာများအတွက် ငွေကြေးပညာ

အသားတင်အမြတ် (Net Profit)

အသားတင်အမြတ်ဆိုသည်မှာ အားလုံးသောကုန်ကျ စရိတ်များကိုနုတ်ပြီးနောက် ကျန်ရှိသော ဝင်ငွေကိုခေါ်သည်။ အသားတင်ဝင်ငွေကို ဝင်ငွေခွန်နုတ်ပြီးလျင်သော် လည်းကောင်း၊ မနှုတ်ရသေးလျင်သော်လည်းကောင်း နှစ်မျိုးစလုံးပြလေ့ရှိသည်။ အစီရင်ခံစာတွင် အကြမ်းအမြတ် Gross Profit ကို ပြသည်။ ထို့နောက် မားကက်တင်း၊ အင်ဂျင်နီးယားရင်း၊ သုတေသနနှင့် ဖွံ့ဖြိုးမှု၊ အထွေထွေနှင့် စီမံခန့်ခွဲမှုကုန်ကျစရိတ် အစရှိသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးဖြင့် အုပ်စုခွဲထားသော ကုန်ကျစရိတ်များအားလုံးကို ဆက်လက်ဖော်ပြသည်။ ဝင်ငွေအစီရင်ခံစာအား လွယ်ကူမှုရှိစေရန်အတွက် ကုမ္ပဏီအရွယ်အစားအားလုံးသည် ပုံစံတစ်ခုတည်းဖြင့်သာ ပြုစုကြသည်။

ဝင်ငွေအစီရင်ခံစာကိုဖတ်သည့်အခါ အောက်ပါအချက်များကို မှတ်သားထားပါ။

– မတိုင်မီနှစ်၏ ကိန်းဂဏန်းများ ((Prior year’s numbers)။ ယခင်နှစ်၏ ကိန်းဂဏန်းများကို မကြာသေးမီက ကိန်းဂဏန်းများနှင့် ယှဉ်တွဲဖော်ပြလေ့ရှိသည်။

– ထူးခြားသည့်အချက်များ (Unusual iterms)။ လုပ်ငန်းတစ်ခုအား ရှင်းလင်းသည့်အခါ ကြုံတွေ့ရတတ်သည့် တစ်ကြိမ်တစ်ခါသာ ဖြစ်တတ်သော အဖြစ်အပျက်များဖြစ်သည်။

– အမြတ်ငွေရသော်လည်း အကြမ်းဆုံးရှုံးမှု၊ သို့မဟုတ် အသားတင်ဆုံးရှုံးမှု (Gross loss or net loss instead of profit)။ မည်သည့်အကြောင်းကြောင့် ဆုံးရှုံးရသည် ကို သိရှိနိုင်ရန်အတွက် သုတေသန ထပ်မံပြုလုပ်ရန်လိုအပ်မည်။

၉။ ငွေသားစီးဆင်းမှုကိုစစ်ဆေးပါ။ (Check The Cash Flow)

လူအများစုသည် အမြတ်-အရှုံးစာရင်းရှင်းတမ်း၊ ဝင်ငွေအစီရင်ခံစာတို့နှင့်သာ ရင်းနှီးကြပြီး ငွေသားစီးဆင်းမှု အစီရင်ခံစာ (Cash flow statement) ကို သိပ်မသိကြ။ တစ်နည်းအားဖြင့်ဆိုရသော် ငွေသားစီးဆင်းမှု အစီရင်ခံစာသည် ယင်းအမျိုးအစားသုံးမျိုးအနက် အရေးအကြီးဆုံး ဖြစ်နိုင်သည်။ ကုမ္ပဏီများသည် အမြတ်ငွေမရှိဘဲ ရပ်တည်နိုင်သည်။ သို့သော် အနုတ်ပြသော ငွေသားစီးဆင်းမှုဖြင့်ဆိုပါက တာရှည်ရပ်တည်နိုင်မည်မဟုတ်။

ငွေသားစီးဆင်းမှုကို နားလည်ဖို့အနည်းငယ်ခက်ခဲမည်။ ကူညီနားလည်စေဖို့ အချက်များကို အောက်တွင်ဖော်ပြထားပါသည်။

– ကိန်းဂဏန်းများကိုလေ့လာပါ (Follow the numbers)။ ငွေသားစီးဆင်းမှု အစီရင်ခံစာပေါ်ရှိ အချက် အလက်များအားလုံးမှာ အခြားဘဏ္ဍာရေး အစီရင်ခံစာများမှလာသည်။

– အစီရင်ခံစာ၏ရည်ရွယ်ချက် (Purpose of the statement)။ ငွေသားစီးဆင်းမှု အစီရင်ခံစာသည် ခွဲ ခြမ်းစိတ်ဖြာသုံးသပ်ဖို့ ကိရိယာတစ်ခုအဖြစ် ထမ်းဆောင်သည်။

– ချွေးထွက်စရာမလိုပါ (Don’t sweat it)။ ကိုက်ညှိမှု များကို နားလည်ဖို့မလိုပါ။ အသားတင်ကိန်းဂဏန်း ကိုသိရန်အတွက် အစီရင်ခံစာ၏ လက်ယာဘက် ကော်လံကို ကြည့်ပါ။

The bottom line (အခြေခံကျသောအချက်)

ငွေသားစီးဆင်းမှုအစီရင်ခံစာသည် လက်ဝယ်ရံပုံငွေများကို စီမံခန့်ခွဲဖို့ကုမ္ပဏီများ၏ ကိရိယာတစ်ခုဖြစ်သည်။

ရဲညွန့် (မဟာဝိဇ္ဇာ၊ နိုင်-ဆက်)