ဂျပန်ရိုးရာစတိုင်မုန့်တိုက် Yuki Mugi ဖွင့်ပွဲပြုလုပ်

Earth Food and Beverage Company မှ ဖွင့်လှစ်တဲ့ ဂျပန်စတိုင်မုန့်တိုက့်Yuki Mugi ရဲ့ Grand Opening အခမ်းအနားကို အမှတ်၇ /အေ – ၈၊ ကမာအေးဘုရားလမ်း၊ The Central Boulevard က ဆိုင်ခန်း ၂၈ မှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

ပွဲမှာ Earth Group of Companies ရဲ့ President ဖြစ်သူ ဒေါ်ခိုင်ဇော်မှ အဖွင့်နှုတ်ခွန်းဆက်စကားနဲ့ ဆိုင်ကိုဖွင့်လှစ်ဖြစ်တဲ့အကြောင်းကို ပြောပြပေးခဲ့ပါတယ်။

ပေါင်မုန့်နဲ့ကိတ်မုန့်နဲ့ အမျိုးမျိုးသော Bakery item တွေကိုရောင်းချပေးနေတဲ့ Yuki Mugi ဟာ ဂျပန်ရိုးရာစတိုင်မုန့်တိုက်ဖြစ်ပါတယ်။ မုန့်အမျိုးမျိုးကို ဂျပန်နိုင်ငံက ဝါရင့်မုန့်ဖုတ်ဆရာတွေကိုယ်တိုင်ပြုလုပ်ထားတာဖြစ်ပြီး Sandwich, Curry Bread, Melon Pan, Toast Bread, Croissant, Cinnamon roll, etc … စသဖြင့် မုန့်အမျိုးမျိုးရနိုင်ပြီး အဲဒီထဲက Curry Bread, Ham & Egg Special တို့ကတော့ အတော်လေး နာမည်ကြီးပါတယ်။

ဆိုင်မှာ ကော်ဖီအမျိုးမျိုးလည်းရနိုင်ပါသေးတယ်။ မုန့်တွေရဲ့ ဈေးနှုန်းကတော့ အနည်းဆုံး ၁၂၀၀ ကျပ်ဝန်းကျင်ကနေ စပါတယ်။ ဆိုင်မှာ နေ့လည်စာချိန်မှာ ပေါ့ပေါ့ပါးပါးသုံးဆောင်နိုင်မယ့် မုန့်တစ်မျီုးနဲ့ ကော်ဖီတွဲဖက်ပါဝင်တဲ့ Lunch Set တွေလည်း ၄၅၀၀ ကျပ်ဝန်းကျင်နဲ့ ရနိုင်ပါတယ်။