ဂျပန်နိုင်ငံ၏ Startup Guru ကီရှီကာမီယာ

ကီရှီကာမီယာမာ (Keishi Kameyama) သည် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံကြွယ်ဝပြီး၊ ဂျပန်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ သူသည် Pornhub.com ဆိုသည့်အရွယ်ရောက် ပြီးသူများကျက်စားရာ Website ၏ ဗွီဒီယိုများသရုပ်ဆောင်ထုတ်လုပ်ခဲ့သူတစ်ဦးဖြစ်ပြီး သူ့လုပ်ငန်းမတည်ငွေအချို့ကို အဲဒီလုပ်ငန်းမှ ရရှိခဲ့သူတစ်ဦးလည်းဖြစ်သည်။ သို့သော်နောင်တစ်ချိန်တွင် သူသည် Harvard University ကျောင်းသားများအတွက် Virtue of running a socially responsible business ”လူမှုရေးတာဝန်ရှိသော စီးပွားရေးလုပ်ငန်းတစ်ခုကို လည်ပတ်ရခြင်း၏ ဂုဏ်သိက္ခာ” ဆိုသည့်ခေါင်းစဉ်ဖြင့် ဟောပြောရန်တောင်းဆိုခြင်းခံရသည့်အဖြစ်ကိုစဉ်းစားကြည့်ပါ။ ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလက ဂျပန်နိုင်ငံတွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။

နှစ်ပေါင်းများစွာကြာအောင် ဘဏ်ချေးငွေများငြင်းပယ်ခံရပြီး လုပ်ငန်းများရပ်ဆိုင်းခဲ့ရသည့် တစ်ချိန်က အဆင့်နိမ့်လူသားတစ်ဦးသည် ယခုအခါ အင်တာနက်လောက၏ ဦးဆောင်သူတစ်ဦးအနေနှင့်သာမက စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်ပါ ကြိုဆိုထွေးပွေ့ခြင်းခံနေရပြီဖြစ်သည်။ သူ၏တိုးတက်မှုကောင်းများရှိသည့် DMM.com လူထုဆက်သွယ်ရေးနှင့် နည်းပညာ လုပ်ငန်းကြီးသည် စင်စစ်လိင်ဖြေဖျော်မှုဆိုင်ရာ ဖြန့်ဖြူးရေးလုပ်ငန်းများ ဖြင့်စတင်ခဲ့သော်လည်း အခြားလုပ်ငန်းပေါင်းများစွာကို ဝယ်ယူစုဆောင်းလျက် ဂျပန်နိုင်ငံ၏အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။
ကီရှီကာမီယာမာသည် လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က ရုပ်ရှင်ထုတ်လုပ်သူ Beat’ Takeshi Kitano ဆိုသူက ယင်း၏စတင်မွေးဖွားခါစ ”ပျိုးထောင်မှု” လုပ်ငန်းအတွက်ကြော်ငြာ သရုပ်ဆောင်ပေးရန် သဘောတူခဲ့သည့်အချိန်မှစ၍ အရေးပါသည့် ယုံကြည်မှုထောက်ခံမဲကိုရရှိခဲ့ပြီး ထိုအချိန်မှစ၍ ထောက်ခံမှုများလျင်မြန်စွာတိုးတက်ရရှိလာခဲ့သည်။
ပြီးခဲ့သည့်နှစ်က Keio University မှ ကျောင်းသားများအား အာဖရိကတွင်ရင်းနှီးမြှုပ်နှံထားသည့်လုပ်ငန်းများနှင့် အသေးစားစီးပွားရေးလုပ် ငန်းရှင်များအား အထောက်အကူပေးခြင်းတို့နှင့် ပတ်သက်၍ ဆွေးနွေးရန် ဖိတ်ကြားခြင်းခံခဲ့ရသည်။ နောက်တစ်လအကြာတွင် ဂျပန်နိုင်ငံ၏အကျော်ကြားဆုံး အပတ်စဉ်မဂ္ဂဇင်း၏ သားသမီးပြုစုပျိုးထောင်ခြင်းနှင့် မိဘ၊ သားသမီးများဆက်ဆံရေးတို့နှင့်ပတ်သက်၍ အကြံဉာဏ်များပေးထားသည့် Bunshun Online Website တွင် ပါဝင်ရေးသားပေးရန် ငှားရမ်းခဲ့သည်။ ဧပြီလအတွင်းက Nikkei သတင်းစာတွင် တက္ကသိုလ်ကျောင်းသားများထံမှ ကောက်ယူသည့် စစ်တမ်းများအရ ယင်းအား ဂျပန်နိုင်ငံ၏ထိပ်ဆုံးအလုပ်ရှင်တစ်ရာအနက် တစ်ခုအဖြစ် IBM နှင့် Google တို့၏အထက်မှရွေးချယ်ခြင်းခံခဲ့ရသည်။

Online မှနေ၍ ညစ်ညမ်းဗီဒီယိုများထုတ်လုပ်သူတစ်ဦးအနေနှင့်ထိုကဲ့သို့သော လူထုလက်ခံမှုကို ရရှိနေခြင်းကို အထူးအဆန်းတစ်ခုအသွင်ထင်ရမည်ဖြစ်သော်လည်း ဂျပန်နိုင်ငံတွင်တစ်ခါတစ်ရံ လိင်ပိုင်းဆိုင်ရာ ဖြေဖျော်မှုကဏ္ဍကို မျက်နှာလွှဲလျက်ခွင့်လွှတ်တတ်သည့် သဘောရှိကြသည်။ ပို၍ထင်ရှားသည်မှာ ကီရှိကာမီယာမာသည် လျပ်စစ်ပစ္စည်းလုပ်ငန်းကိုပါ တိုးချဲ့လုပ်ကိုင်လျက်ရှိသလို ယခုအခါ ငွေကြေးလဲလှယ်မှုလုပ်ငန်းပါ ပါဝင်လာပြီဖြစ်သည်။
လွန်ခဲ့သည့်နှစ်များအတွင်း လုပ်ငန်းစု၏ဝင်ငွေတိုးပွားများပြားလာသည်နှင့်အမျ DMM ၏ မူရင်းလုပ်ငန်းဖြစ်သည့် လိင်ဖျော်ဖြေရေးထုတ်လုပ်ဖြန့်ဖြူသည့်ကဏ္ဍ၏ အမြတ်သည်နည်းလာခဲ့ပြီး လုပ်ငန်းပမာဏလည်း လျော့ချလာခဲ့သည်ကိုတွေ့ရသည်။

ပြီးခဲ့သည့်နှစ်က Start up လုပ်ငန်းများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတစ်ခုတွင် ကီရှိကာမီယာမာအား ထည့်သွင်းပါဝင်စေခဲ့သော၊ တိုကျိုမြို့အခြေစိုက် Kiseki Keiei Risya ကျိုးဆောင်ကုမ္ပဏီ၏ President ဖြစ်သည့် Akira Ishihara ဆိုသူက ”လူတွေက ဒီပုဂ္ဂိုလ်ဘယ်လောက် ထက်ထက်မြက်မြက်ရှိကြောင်း စပြီးသတိပြုမိလာကြတယ်။ ဒီပုဂ္ဂိုလ်ဟာ ရှေ့အတော်ဝေးဝေးကို လှမ်းကြည့်တတ်တဲ့လူတစ်ယောက်ပဲ။ ငွေကို အသုံးချတဲ့နေရာမှာလည်း အတော်လေးကို လိမ္မာပါးနပ်လွန်းတယ်” ဟုဆိုခဲ့သည်။

ယင်းသည် အသက် ၅၆ နှစ်ရှိပြီး၊ ကလေးနှစ်ယောက်ရှိ အိမ်ထောင်သည်တစ်ဦးဖြစ်သည်။ မုတ်ဆိတ်မွေးငုတ်တိုနှင့် ရုပ်ပုံများပါသည့် တီရှပ်ဖြင့် မထင်မရှားနေလေ့ရှိသည်။ လက်ရှိဝင်ငွေများကို အခြေခံသည့် Bloom- berg Billionaires Index အညွှန်းတွက်ချက်မှုများနှင့်၊ Bloomberg သတင်းဌာနသို့ ပထမဆုံးအကြိမ်ထုတ်ပြန်ခဲ့ သည့် ဘဏ္ဍာရေးမှတ်တမ်းများအရ ယင်းပိုင်ဆိုင်သည့် DMM လုပ်ငန်း (ဂျပန်နိုင်ငံရှိ လျပ်စစ်ပစ္စည်း၊ စီးပွားရေးနှင့် အင်တာနက်ကုမ္ပဏီ)မှ အသားတင်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံရှိကြောင်းသိရသည်။ သို့တိုင်အောင် ကီရှိကာမီယာမာ၏ပုံသဏ္ဌာန်က ယင်း၏ကြွယ်ဝမှုကို စိုးစဉ်းမျပင်ဖော်ပြခြင်းမရှိခဲ့ပေ။ ဂျပန်နိုင်ငံ၏ ကိုးယောက်မြောက်အချမ်းသာဆုံးပုဂ္ဂိုလ်သည် အလုပ် သို့ စက်ဘီးစီးသွားပါသည်။

CEO Business and Management Magazine, www.ceo-myanmar.com, စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ၊ သတင်းဆောင်းပါးကောင်းများ, Leader Myanmar, Business and Management, Effective Leader Yangon ၊ Business Magazine in Myanmar, Business Magazine Yangon, Management Book in Myanmar, Management Book in Yangon၊ စီမံခန့်ခွဲမှု, DMM.com, Pornhub Founder

ကီရှိကာမီယာမာက လွန်ခဲ့သည့် ငါးနှစ်ကစတင်ပြီး ယင်းအား ယာကူဇာဂိုဏ်းသားဟု စွပ်စွဲကြသည့် ကောလာဟလများငြိမ်သက်သွားစေရန် ရည်ရွယ်၍ တွေ့ဆုံမေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်ဟု ဆိုပါ သည်။ ယင်းသည့်တိုင် ယင်း၏ဓာတ်ပုံများတွင် မျက်နှာဖော်ပြခွင့်မပေးခဲ့ပေ။ မဂ္ဂဇင်းများနှင့် အင်တာနက် website များအား မိမိမျက်နှာကို ကာတွန်းဇာတ်ကောင်မျက်နှာများဖြင့် ဖုံးကွယ်ထားရန် တောင်းဆိုခဲ့သည်။ မိမိ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ကာကွယ်ရန်အတွက်ဟု ဆိုခဲ့သည်။

ကီရှိကာမီယာမာက ညစ်ညမ်းဓာတ်ပုံနှင့် ဗီဒီယိုလုပ်ငန်းတွင် ဆယ်စုနှစ်သုံးခုတိုင်ရင်းနှီးမြှုပ်နှံမှုပြုခဲ့ စဉ်အတွင်း ကိုယ်တိုင်ထုတ်လုပ်ခဲ့သည့် ရုပ်ရှင်ကိုပင်ပြန် မကြည့်ခဲ့ဘူးပါဟုပြောခဲ့သည်။ ယင်းအတွက် လိင်ဖျော် ဖြေမှုစီးပွားရေးလုပ်ငန်းသည် အစဉ်အလာအရ အသုံးချပစ္စည်းတစ်ခုသာဖြစ်ကြောင်း၊ ထုတ်လုပ်ဖြန့်ဖြူးမှု ကုန်ကျငွေထက်ပိုများသည့် တန်ဖိုးတစ်ခုဖြင့် ပြန်လည်ရောင်းချရသည့်အရာတစ်ခုဖြစ်ကြောင်းနှင့် အခြားသော ထုတ်ကုန်များနှင့် ခြားနားမှုမရှိကြောင်း ပြောဆိုခဲ့သည်။

သူကိုယ်တိုင် ထိုလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ခဲ့ သည်နှင့်ပတ်သက်ပြီး ရုပ်ရှင်များထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ဖြစ်ခဲ့ခြင်းမှာ ကိုယ်တိုင်ဝါသနာပါသည့်အတွက်မဟုတ်ဘဲ လုံလောက်သည့် ငွေအတိုင်းအတာသာရရှိခဲ့လျင် အခြားလုပ်ငန်းများကို ကြိုးစားလုပ်ကိုင်လိုခဲ့သည်။ ထို့အတွက် စမ်းသပ်မှုက အောင်မြင်ခဲ့သည်ဟု ကီရှိကာ မီယာမာ၏ အင်တာဗျူးဖြေဆိုမှုများတွင်တွေ့ရသည်။

လုပ်ငန်းစတင်…

လိင်ဖျော်ဖြေရေးမဟုတ်သည့် ပုံမှန်ဇာတ်လမ်းများ ရိုက်ကူးထုတ်လုပ်ရန် မိမိထံတွင် ငွေကြေးလုံလောက်မှုမရှိကြောင်းသိရသည့်အချိန်တွင် ကီရှိကာမီယာမာသည် လိင်ဖျော်ဖြေမှုဇာတ်လမ်းနှင့်ဓာတ်ပုံထုတ်လုပ်ရေးလုပ် ငန်းကို ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းတွင် စတင်ခဲ့သည်။ ဂျပန်နိုင်ငံ၏ပထမဆုံးအင်တာနက်မှတစ်ဆင့် ဖြန့်ဖြူးရေး ဝန်ဆောင်မှုလုပ်ငန်းကို စတင်ခဲ့သည့် ၁၉၉၈ ခုနှစ် တွင် DMM သည် ဂျပန်နိုင်ငံအကြီးမားဆုံး လိင်ဖျော်ဖြေမှုရုပ်ရှင်များထုတ်လုပ်သည့် ကုမ္ပဏီဖြစ်နေပေပြီ။ (Netflix ကုမ္ပဏီ၏ စာတိုက်မှတစ်ဆင့် DVD များ ငှားရမ်းခြင်းလုပ်ငန်းစတင်သည့်အချိန်နှင့် တစ်နှစ်တည်းဖြစ်သည်။)

တခြားလုပ်ငန်းနယ်ပယ်များသို့ ခြေလှမ်းစ…ဆယ်စုနှစ်တစ်ခုအတွင်း အင်တာနက်သုံးစွဲသူဦးရေ တစ်သန်းကျော်သည် ကီရှိကာမီယာမာ၏ ဇာတ်လမ်းများကို အခကြေးငွေပေး၍ ဝင်ရောက်ကြည့်ရှုခဲ့ကြသည်။ ယင်း ၏ Website ကို လူအများအာရုံစိုက်နေကြသည့်အချိန်တွင် ကီရှိကာမီယာမာသည် ယင်း၏အမျိုးသားအများစု ပါဝင်သော ပရိသတ်တို့ဝယ်လိုမည့် အခြားအရာများစတင်ရှာဖွေခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ဆက်လက်ရပ်တည်ရန် ရုန်းကန်နေရသည့် Online မှတစ်ဆင့် စတော့ရှယ်ယာရောင်းဝယ်သည့် ကုမ္ပဏီတစ်ခုကိုဝယ်ယူခဲ့ပြီး ပြန်လည်ပြုပြင် ဖွဲ့စည်းပြီးသည့်အချိန်တွင် ယင်းကုမ္ပဏီမှာဂျပန်နိုင်ငံ၏ နိုင်ငံခြားငွေကြေးလဲလှယ်မှုနှင့် လက်ကားဈေးကွက် ရင်းနှီးမြှုပ်နှံသူများအတွက် လူကြိုက်များရေပန်းအစားဆုံး ဈေးကွက်ဆုံရပ်တစ်ခုဖြစ်ခဲ့ပြီး လုပ်ငန်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်းတစ်ရာအထိ မြင့် တက်သွားခဲ့သည်ဟု FOREX Magnates ဆိုသည့် စီးပွားရေးဈေးကွက်လုပ်ငန်းကုမ္ပဏီတစ်ခု၏ အဆိုအရ သိရသည်။ ယင်းဖြစ်ရပ်က DMM ကုမ္ပဏီအား လူအချို့၏အခြေခံအကျဆုံးစိတ်ဝင်စားမှုများဖြစ်သည့် ငွေကြေးနှင့် လိင်ကိစ္စတို့ကို ဖြည့်ဆည်းပေးသည့် အမေရိကန်နိုင်ငံရှိ Las Vegas နးပါးကြီးကျယ်စေခဲ့သည်။

ထိုအချိန်မှစတင်၍ ကီရှိကာမီယာမာသည် မိသားစုများအတွက် သင့်တော်မည့်စီးပွားရေးလုပ်ငန်းများဘက်သို့ စွန့်စားချဲ့ထွင်ခဲ့သည်။ အောင်မြင်ပေါက်မြောက်သွားသည့် နာမည်ကြီး Video Game တစ်ခုဖြစ်သည့် Fleet Collection အပါအဝင် ယင်း၏တီထွင်ကြံစည်မှုအချို့သည် စီးပွားရေးလုပ်ငန်းအသစ်များ၊ ထုတ်ကုန်အသစ်များကို လူတိုင်းသိအောင် ဆွဲဆောင်ပေးနိုင်မည့် “Kame-Direct” ဟုခေါ် သည့် Online Platform တစ်ခုမှတစ်ဆင့် ထွက်ပေါ်လာခဲ့သည်။
ရဝမ်ဒါနိုင်ငံ၏ အကြီးမားဆုံး Electronic စနစ်ဖြင့် ငွေပေးချေမှုလုပ်ငန်းကုမ္ပဏီကြီး၏ အစုရှယ်ယာနှင့် အတူ Rawanda Software Developer ကုမ္ပဏီအား ဝယ်ယူရန်ဆုံးဖြတ်ချက်များသည် ကီရှိကာမီယာမာ၏ မကြာ မီကအာဖရိကနိုင်ငံများသို့ ထွက်ခဲ့သည့် အလည်အပတ်ခရီးစဉ်မှရရှိခဲ့သည့် စေ့ဆော်မှုကြောင့်ဖြစ်သည်။

CEO Business and Management Magazine, www.ceo-myanmar.com, စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ၊ သတင်းဆောင်းပါးကောင်းများ, Leader Myanmar, Business and Management, Effective Leader Yangon ၊ Business Magazine in Myanmar, Business Magazine Yangon, Management Book in Myanmar, Management Book in Yangon၊ စီမံခန့်ခွဲမှု, DMM.com, Pornhub Founder
DMM ဌာနချုပ် ရုံးခန်းအတွင်းပုံ

အကျိုးအမြတ်များနှင့်ပတ်သက်လျင်…ကီရှိကာမီယာမာအနေနှင့် ယင်း၏အမြတ်အစွန်းကိုထုတ်ဖော်ပြောဆိုလိမ့်မည်မဟုတ်ပေ။ သို့သော် ဂျပန်ရုပ်စုံဇာတ်ကောင်လေးများကို အခြေခံထားသည့် အပျော်တမ်းအပန်းဖြေစခန်းကဲ့သို့သော ကြီးမားသည့် လုပ်ငန်း ကြီးများထူထောင်ရန်မှလွဲ၍ DMM ကုမ္ပဏီအား လူထုထံ အစုရှယ်ယာထုတ်ရောင်းရန်မလိုအပ်ဘဲ လုပ်ငန်းအသစ်များအားလုံးကို ရင်းနှီးလုပ်ကိုင်ရန် လုံလောက်သည့် ငွေကြေးအင်အား အပြည့်အဝရှိကြောင်းပြောဆိုခဲ့သည်။

နှစ်စဉ် DMM ၏ ပြည်တွင်းအခွန်ပမာဏသည် ၃၀ ရာခိုင်နှုန်းခန့် တိုးနေသည်နှင့်အမျ ယင်း၏လိင်ဖျော်ဖြေမှုဖြန့်ဖြူးရေးလုပ်ငန်းမှာ ကြီးထွားလာသည့် လုပ်ငန်းစုကြီးတစ်ခုလုံးနှင့် နှိုင်းယှဉ်လျင် တဖြည်းဖြည်းသေးငယ် လာခဲ့သည်။
ကီရှီကာမီယာမာ၏ စီးပွားရေးလုပ်ငန်းအားလုံးကို အထောက်အကူပြုနေသည့် DMM.com portal ဆိုသည့် Website ကို မှတ်ပုံတင်၊ အသုံးပြုသူဦးရေ ၂၇ သန်း ရှိသည်။ Website ၏ X-rated ကဏ္ဍများသို့ ဆက်သွယ်သည့် Link မှာ နောက်ခံကားချပ်၏ ထောင့်တစ်နေရာတွင် ပုန်းလျိုးကွယ်လျိုးရှိနေခဲ့သည်။

မကြာသေးမီက ယင်း၏အမှုထမ်းများအနက် လူဦးရေနှစ်ထောင်နှင့်အတူ မိုးမျော်အဆောက်အအုံသစ် တစ်ခု၏ အထပ်ငါးထပ်အပြည့်ရှိ ဌာနချုပ်အသစ်သို့ ပြောင်းရွှေ့နေရာချထားခဲ့သည်။ ဧည့်ဆောင်ခန်းမကြီးကို မုတ်သုံသစ်တော၏ တောတွင်းပုံစံ နောက်ခံနံရံပန်းချီကားတွင် သက်ရှိအရွယ်ခြင်္သေ့များ၊ ငှက်များဖြတ်သန်း ပြေးလွှားပျံသန်းနေကြဟန် ပြစက်များဖြင့် ထိုးထားခဲ့သည်။

အတိုက်အခံများရှိနေဆဲ…

လုပ်ငန်းစုအနေနှင့် FX Trading သို့ ပြောင်းရွှေ့ဝင်ရောက်လာသည့်တိုင် ဝေဖန်သူများရှိနေဆဲဖြစ်သည်။ ဝေဖန်ခံနေရဆဲဖြစ်သည်။ ဖျော်ဖြေရေးလုပ်ငန်းလုပ်သားများ ခိုင်းစေမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့်နှစ်က ဇာတ်ကားထုတ်လုပ်သူတစ်ဦးအား အနည်းဆုံးအမျိုးသမီးတစ်ဦး သို့မဟုတ် ထိုထက်ပို၍ ကင်မရာရှေ့တွင် လိင်ဆက်ဆံမှုသရုပ်ဆောင် ရန် ဖြားယောင်းသွေးဆောင်ချုပ်ဆိုထားသည့်စာချုပ်အား အသုံးပြု၍ အတင်းအကျပ်ခိုင်းစေခဲ့မှုဖြင့် ဖမ်းဆီးခဲ့ပြီး နောက်တွင် ယင်းလုပ်ငန်းသည် ပိုမိုတင်းကျပ်စွာစိစစ်ခြင်းခံခဲ့ရသည်။ ဤကိစ္စနှင့်ပတ်သက်၍ DMM ပါဝင်ပတ် သက်ခြင်းမရှိသော်လည်း လိင်ဖျော်ဖြေမှုနှင့်ပတ်သက် လျင် ဂျပန်နိုင်ငံ၏ အကြီးဆုံး Shopping Mall တစ်ခုအဖြစ် ရပ်တည်နေသည့်အားလျော်စွာ ဝေဖန်သူများက ကာမီယာမာမှာလည်း တာဝန်မကင်းကြောင်း ပြောဆိုခဲ့သည်။

ကာမီယာမာကီ DMM အနေနှင့် အတင်းအကျပ်စေခိုင်းခြင်းများပါဝင်သည့် ဇာတ်ကားမျိုးရိုက်ကူးခြင်းကိုသိလျက်နှင့် မည်သည့်အခါမှ ငွေရင်းစိုက်ထုတ်ပေးမှာမဟုတ်ကြောင်း၊ ထို့ပြင်ကန့်ကွက်မှုများဖြစ်ပေါ်သည့် ထုတ်လုပ်မှုများကို ယင်းတို့၏ Website မှ ထုတ်ပစ်လေ့ရှိကြောင်းဆိုသည်။ ယင်းက DMM အနေနှင့် လိင်ဖျော်ဖြေရေးဇာတ်လမ်းများထုတ်လုပ်နေသည့် နှစ်ပေါင်းသုံးဆယ်အတွင်း ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် မတော်တရော်ဖော်ပြမှုအဖြစ်၊ အပြစ်ပေးခံရခြင်းမှ လွတ်ကင်းခဲ့သည့် တစ်ကြိမ်သာပုလိပ်ဌာနနှင့် ပြဿနာဖြစ်ခဲ့ဖူးသေးကြောင်း ပြောပြသည်။

DMM ဌာနချုပ် ရုံးခန်းအတွင်းပုံ

ကီရှီကာမီယာမာ၏ လုပ်ငန်းအစ ၊ ငယ်ဘဝ…

Kaga ဆိုသည့် ဂျပန်နိုင်ငံရှိ ပင်လယ်ကမ်းခြေမြို့လေးတွင် ကြီးပြင်းလာခဲ့သော ကာမီယာမာ၏မိဘများသည် ကာဘာရေးခေါ်သည့် ဖျော်ဖြေရေးနှင့်တွဲဖက်ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်ကလပ်ဖွင့်လှစ်ထားကြသူများ ဖြစ်သည်။ ”ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ကြီးပြင်းလာရခြင်းက၊ ကျွန်တော့်အားမည်သူ့ကိုမျ ကြိုတင်သတ်မှတ်၊ ဆုံးဖြတ်ခြင်းမပြုရန် သင်ကြားပေးခဲ့သည်” ဟု ကာမီယာမာက ပြောပြခဲ့သည်။

ကာမီယာမာသည် ၁၉၈၀ ပြည့်နှစ်တဝိုက်လောက်က စာရင်းအင်း ပညာသင်တန်းကျောင်းမှ ထွက်ခဲ့ရပြီးနောက် အခကြေးငွေကောင်းသည့် အလုပ်မှန်သမျ ဝင်ရောက်လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့သည်။ မိန်းမလျာများ လာရောက်လေ့ရှိသည့် Chippendale’s Club ဆိုသည့်ဆိုင်တွင် မဖော်တဖော်ကပြ အသုံးခံသူအဖြစ် အချိန်တိုလုပ်ခဲ့ဖူးသည်။ တစ်ခါက ဆေးရုံတစ်ခုတွင် လူသေရုပ်အလောင်များ ရေချိုးသန့်စင်သည့်အလုပ်ရရှိရန်လည်း ကြိုးစားခဲ့ဖူးသည်။

အသက်နှစ်ဆယ်ကျော်နောက်ပိုင်းအရွယ်တွင် ကာမီယာမာသည် ရုပ်ရှင်ဇာတ်လမ်းခွေငှားရမ်းသည့် ဆိုင်များစွာ ပိုင်ဆိုင်နေပြီဖြစ်သည်။ သို့သော် ဂျပန်ဘာသာဖြင့် ပြန်ထုတ်သော လူကြိုက်များအောင်မြင်ကျော်ကြား သည့် Video ဇာတ်လမ်းများ ယင်းနေထိုင်ရာမြို့ရောက်ရှိ လာသောအခါ၊ ယင်းအနေနှင့် တာရှည်ခံတော့မည် မဟုတ်ကြောင်းသိလာခဲ့သည်။
ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက်၊ ရုပ်ရှင်ဇာတ်လမ်းများ ငှားရမ်းမည့်အစား ရုပ်ရှင်ဇာတ်လမ်းများ ကိုယ်တိုင်ထုတ်လုပ်ရန် စိတ်ကူးရလာခဲ့သည်။ သူသည် လူမရှိသည့် Supermarket တစ်ခုတွင် ယင်း၏ လိင်ဖြေဖျော်ရေးဇာတ်ကားများ ထုတ်လုပ်ရန်ပြင်ဆင်ခဲ့သည်။ Video Recorder မြောက်မြားစွာအသုံးပြုပြီးမူရင်း Video အခွေများမှ နေ့ရောညပါ ကူးယူပွားများခဲ့သည်။

ငြင်းပယ်၍မရနိုင်လောက်သည့် အကျိုးအမြတ်များဖြင့် သွေးဆောင်လျက် Video စတိုးဆိုင်ပိုင်ရှင်များစွာကို ယင်း၏အခွေများတင်ရောင်ပေးစေရန် ဆွဲဆောင်နိုင်ခဲ့သည်။ ကြီးမားသည့် လုပ်ဆောင်ချက်နောက်တစ်ခုမှာ ကာမီယာမာကိုယ်တိုင်တည်ဆောက်ထားသည့် စားပွဲတင်ကွန်ပျူတာနှင့် ခပ်ဆင်ဆင်တူသော ငွေသိမ်းစက်ဖြစ်သည်။ ယင်းစက်များကို ဖောက်သည်များအား အခမဲ့ေ၀ ငှပေးခဲ့သည်။ အပြန်အလှန်အားဖြင့် ယင်းတို့ထံမှ အခွေရောင်းရသည့် မှတ်တမ်းများပြန်လည်ရယူရန်ဖြစ်သည်။ ဤနည်းက ဂျပန်လိင်ဖျော်ဖြေရေးအခွေ ဝယ်ယူအားပေးသူများ၏ အကြိုက်ကို ခြေရာကောက်ရာတွင် ယင်းအား အခြားသူများထက်အားသာစေခဲ့သည်။

အကြီးမားဆုံးဆန်းသစ်ပြောင်းလဲမှုမှာ Online တွင် ရောင်းချခြင်းဖြစ်သည်။ DVD စက်များသည် အသစ်အဆန်းဖြစ်လျက်ပင် ရှိသေးပြီး အင်တာနက်ဆက်သွယ်မှုမှာ ဂျပန်အိမ်ထောင်စုငါးခုတွင် တစ်ခုမျပင် မရှိသေးသောအချိန်ဖြစ်သည့် ၁၉၉၈ ခုနှစ်အချိန်ပိုင်းတွင် ယင်းရွေချယ်မှုမှာ နားလည်ရလွယ်ကူသည့် ရွေးချယ်မှုတစ်ခုတော့မဟုတ်ခဲ့ပေ။ အင်တာနက်ကကျန်ရှိသည့် လိင်ဖျော်ဖြေရေးလောကတစ်ခုလုံးအား ကမောက်ကမဖြစ်စေခဲ့သည့်တိုင် ဝက်ဘ်ဆိုက်လောကတွင် စောစီးစွာခြေကုပ်ယူထားခြင်းက ကာမီယာမာအား ကျယ်ပြန့်စွာထိန်းချုပ်ခွင့်ရရှိစေခဲ့ သည်။ ယခုအခါ ဂျပန်နိုင်ငံအတွင်း နှစ်စဉ်ရောင်းချနေရသည့် လိင်ဖျော်ဖြေရေး Video များ၏ ခန့်မှန်းခြေစုစု ပေါင်းရောင်းရငွေ အမေရိကန်ဒေါ်လာသန်းတစ်ထောင်၏ ထက်ဝက်ကို DMM ကုမ္ပဏီမှ ရောင်းချနေခြင်းဖြစ်သည်။

CEO Business and Management Magazine, www.ceo-myanmar.com, စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ၊ သတင်းဆောင်းပါးကောင်းများ, Leader Myanmar, Business and Management, Effective Leader Yangon ၊ Business Magazine in Myanmar, Business Magazine Yangon, Management Book in Myanmar, Management Book in Yangon၊ စီမံခန့်ခွဲမှု, DMM.com, Pornhub Founder
DMM ဌာနချုပ် ရုံးခန်းအတွင်းပုံ

”အမေရိကန်နိုင်ငံမှ လက်ဟောင်းကုမ္ပဏီများ မလုပ်နိုင်ခဲ့သည့် အလုပ်ကို ယင်းကလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ DVD နေ့ရက်များကို ကျော်လွန်စေပြီး Online သို့ ကူးပြောင်းကြီးစိုးခြင်းဖြစ်သည်” ဟု လိင်အသားပေးရုပ်ရှင် ထုတ်လုပ်သည့် XBIZ ကုမ္ပဏီတည်ထောင်သူ Alec Helmy က ပြောခဲ့သည်။

ထိုတာရှည်ခံနိုင်ရည်ရှိမှုကြောင့်ပင် တိုကျိုမြို့ Keio University မှ ကျောင်းသားများက ကာမီယာမာအား အကြောင်းအရာအားလုံးအနက် ”လူမှုရေးအသိရှိသည့် စီးပွားရေးစွန့်စားမှု” နှင့်ပတ်သက်သည့် ခေါင်းစဉ်ကို ဆွေးနွေးရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ကျောင်းသားများမှ သူ့ထံမှ အကြံဉာဏ်သစ်များမေးမြန်းခဲ့သည်။ ကျောင်းသားတစ်ဦးက လူ့အဖွဲ့အစည်းကိုပါ ပံ့ပိုးပေးသည့် ဖြစ်နိုင်ခြေရှိသော စီးပွားရေးလုပ်ငန်းတစ်ခုမည်ကဲ့သို့ တည်ထောင်မည်နည်းဆိုသည့်အချက်ကို မေးမြန်းခဲ့ သည်။

ကာမီယာမာက ”ကမ္ဘာ့အငတ်ပြဿနာကို ဖြေရှင်းမည့်အစား လူအနည်းငယ်နှင့်သူတို့၏အိမ်ထောင်စုကို ကျွေးမွေးနိုင်စေမည့် ကုမ္ပဏီတစ်ခုတည်ထောင်ခြင်းဖြင့် စတင်ပါ” ဟူ၍ ပြန်လည်ဖြေကြားခဲ့သည်။