ချစ်သူများနေ့မှာ ကုမ္ပဏီဝန်ထမ်းများလိုက်နာသင့်တဲ့ စည်းမျဉ်း ၁၀ ခု

ကမ္ဘာတစ်ဝန်း လူသန်းပေါင်းများစွာအတူတကွ ပြုလုပ်လေ့ရှိတဲ့ နေ့တွေထဲကတစ်ခုဖြစ်တဲ့ ချစ်သူများနေ့မှာကုမ္ပဏီဝန်ထမ်းတွေအနေနဲလည်း နှင်းဆီပန်းစည်းတွေ၊ ချောကလက်တွေ၊ လက်ဆောင်ကဒ်တွေ၊ လက်ဆောင်တွေနဲ့အတူ မိမိချစ်သူကိုပေးကမ်းပိုးပန်းကာ အတူဆင်နွဲကြပါလိမ့်မယ်။ ဒါပေမဲ့လုပ်ငန်းခွင်အတွင်းမှာတော့ ဒီလိုချစ်ရေးချစ်ရာကိစ္စတွေကို ရှောင်ရှားရမှာပါ။

၁။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်၊ တစ်စုတည်းကိုပဲကွက်ပြီး လက်ဆောင်မပေးပါနဲ့။
ကိုယ့်မှာ လုပ်ဖော်ကိုင်ဖက်တွေအများကြီးရှိတဲ့အထဲကမှ တစ်ယောက်တည်း၊ နှစ်ယောက်တည်းကိုပဲ ချစ်သူများနေ့မှာ လက်ဆောင်ပေးတာက လက်ခံရယူသူအဖို့ ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။

၂။ လုပ်ဖော်ကိုင်ဖက်တွေကို ဈေးကြီးတဲ့မသင့်လျော်တဲ့လက်ဆောင် မပေးမိပါစေနဲ့။
ဒီလိုပေးလိုက်မိရင် ကိုယ့်ကိုအထင်လွဲသွားပါလိမ့်မယ်။ (ကိုယ်က သူ့ကို ကြိတ်ကြိုက်နေတယ်ဆိုတာမျိုးသဘော ပေါက်သွားနိုင်ပါတယ်။)

၃။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ကလူကျီစယ်တာမျိုးမလုပ်ပါနဲ့။
တကယ်တမ်း ကိုယ့်လုပ်ဖော်ကိုင်ဖက်ကို စိတ်ဝင်စားမိနေရင်တောင်မှ အလုပ်ထဲမှာ ကိုယ့်ခံစားမှုကို မထုတ်ဖော်ပြပါနဲ့။

၄။ လုပ်ငန်းခွင်အတွင်း အထိအတွေ့မလုပ်ပါနဲ့။
လုံး၀ မလုပ်မိပါစေနဲ့။

၅။ ချစ်သူများနေ့ကို မဟုတ်တာလုပ်လည်း အဆင်ပြေတဲ့နေ့ဆိုပြီး သဘောမထားပါနဲ့။
လုပ်ငန်းခွင်ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုနေ့ကမှ မဟုတ်မဟတ်အပြုအမူတွေအတွက် အဆင်မပြေပါဘူး။

၆။ ကိုယ့်ခံစားချက်ကို ထိန်းချုပ်ပါ။
ကိုယ့်တစ်နေ့တာလုပ်ငန်းခွင်ကို အထိခိုက်မခံပါနဲ့။ ချစ်သူများနေ့မှာ စိတ်ခံစားမှုတွေမြင့်တက်နေတတ်တာ ထုံးစံပါ။ ဒါပေမဲ့ကိုယ့်ကိုယ်ကိုယ်နဲ့ သူများတွေကို ကူညီတဲ့အနေနဲ့ လုပ်ငန်းခွင်ပြင်ပမှာပဲ အဲဒီခံစားချက်တွေကို ထားခဲ့ပါ။

၇။ ကွတ်ကီးလို အားလုံးအတူဝေမျစားနိုင်တာမျိုး တစ်ရုံးလုံးအတွက် ယူလာနိုင်ပါတယ်။
လက်ဆောင်ပဲဖြစ်ဖြစ်၊ စားစရာတစ်ခုခုပဲဖြစ်ဖြစ် ယူလာဖို့ အစီအစဉ်ရှိရင် တစ်ရုံးလုံးအတွက် လုံလုံလောက်လောက်တော့ ယူလာခဲ့ပါ။

၈။ ချစ်သူများနေ့မှာ ကိုယ့်ကိုယ်ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ် ဒီအလုပ်ကို ဘာကြောင့် ကြိုက်တယ်ဆိုတာမျိုး ပြောပြပေးပါ။
LinkedIn က Connection Director တစ်ဖြစ်လဲ Career အကြံပေးတစ်ယောက်ဖြစ်သူ Nicole Williams ကတော့ ချစ်သူများနေ့ ရုံးအတွင်း Love Board လို Board တစ်ခုလုပ်ပြီး ကိုယ့်အလုပ်ကိုဘာကြောင့် ကြိုက်တဲ့ဆိုတာမျိုး လုပ်ဖော်ကိုင်ဖက်အချင်းချင်း Sharing လုပ်လို့ရကြောင်း အကြံပြုပါတယ်။ ဒါက Team Building Activity တစ်ခုပါပဲ။

၉။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို Valentine’s Day Wish လုပ်ပါ။
ဒါက ဘယ်လိုစည်းကျော်မှုမျိုး၊ ကျင့်ဝတ်ဖောက်မှုမျိုးမှ မရှိဘဲ ချစ်သူများနေ့ကို အသိအမှတ်ပြုပေးတဲ့နည်း လမ်းတစ်ခုဖြစ်ပါတယ်။ သူတို့အတွက်လည်း စိတ် အနှောက်အယှက်မဖြစ်စေပါဘူး။

၁၀။ ကိုယ့်အချစ်ရေးအချစ်ရာကို လုပ်ငန်းခွင်ပြင်ပမှာပဲ ထားပါ။
ကိုယ့်ချစ်သူက ကိုယ့်ကို ဘယ်လိုလက်ဆောင်မျိုးပေးပြီး သူနဲ့ ဘယ်လိုကြည်နူးခဲ့ကြတယ်၊ ဘယ်လိုလုပ်ဖို့ အစီ အစဉ်ရှိထားတယ်စတဲ့ အသေးစိတ်တွေကို အလုပ်ချိန် အတွင်းမှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပြောဆိုတာမျိုး လည်း မလုပ်ပါနဲ့။ အချစ်ကိစ္စအသေးစိတ်အကြောင်း အရာတွေကို လုပ်ငန်းခွင်ပြင်ပမှာပဲ ထားပါ။ ပြောဆို ဆွေးနွေးကြပါ။ ဒီလိုထားဖို့အတွက်ပဲ After-Work Drinks ဆိုတဲ့ အလေ့အထတွေရှိနေတာဖြစ်ပါတယ်။

စိုးညွန့်ဇော်
Ref: www.forbes.com