ကွန်ပျူတာပညာရေးလမ်းကြောင်းနဲ့ နိုင်ငံတကာ အလုပ်အကိုင်ဟောပြောပွဲကျင်းပ

mcpa1 mcpa2
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) ကကြီးမှူးကျင်းပတဲ့ ကွန်ပျူတာပညာရေးလမ်းကြောင်းများနဲ့ နိုင်ငံတကာအလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ
ဟောပြောပွဲကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၈ ရက်က ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park ၊ Conference Hall မှာ ကျင်းပခဲ့ပါတယ်။ ပွဲပြုလုပ်ရခြင်းနဲ့ ပတ်သက်ပြီး MCPA ရဲ့ ဥက္ကဌ ဦးရဲရင့်ဝင်းမှ “ရည်ရွယ်ချက်ကတော့ နှစ်ခုပါပဲ၊ လူငယ်တွေကို IT အသက်မွေးဝမ်းကြောင်းနယ်ပယ်ကြီးဟာ ထွန်းကားနေပြီး ယုံကြည်စိတ်ချလောက်တဲ့ နယ်ပယ်ဖြစ်ပါတယ်ဆိုတာကို ပြောချင်တာရယ်၊ အသက်မွေးဝမ်းကြောင်း အလုပ်အဖြစ်ရွေးလို့ ရနိုင်ပါတယ်လို့ ပြောချင်တာပါ။ နောက်တစ်ချက်ကတော့ ဒါကို အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ်ရွေးမယ်ဆိုရင် ဘာတွေလုပ်ရတာလဲဆိုတာ ဘာတွေသင်ယူလေ့လာဆည်းပူးရမလဲဆိုတာ လူငယ်တွေကို ပြောပြချင်ပါတယ်’’ ဟု ပြောကြားခဲ့ပါတယ်။ ဟောပြောပွဲကို ကျောင်းသားမိဘတွေ၊ လူငယ်တွေနဲ့ အခြားစိတ်ဝင်စားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

mcpa3