ကျန်းမာစွာနေထိုင်နိုင်မယ့် ရုံးဝန်ထမ်းတစ်ယောက်ရဲ့ အချိန်ဇယား

ကျွန်တော်တို့သိတဲ့အတိုင်းပဲ ထိုင်ခုံမှာပဲ တစ်ချိန်လုံးထိုင် ပြီး အလုပ်လုပ်နေတာက ကျန်းမာတဲ့နေထိုင်မှုပုံစံ မဟုတ် ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အများစုဟာ ဒီလိုပဲ အ လုပ်လုပ်နေရပါတယ်။

တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်နေတာ၊ သင့် မျက်လုံးက ကွန်ပျူတာမျက်နှာပြင်ကိုပဲကြည့်ပြီး တောက်လျောက်အလုပ်လုပ်နေရတာ၊ ဒါမှမဟုတ် စာရိုက်နေရတာတွေနဲ့ပဲ သင်အလုပ်ရှုပ်နေရတာမျိုးတွေ ရှိနေနိုင်ပါတယ်။ ရုံးအလုပ်လုပ်ရတယ်ဆိုတာ သင်ထင်တာထက်တောင် များစွာအန္တရယ်ကြီးပါတယ်။ သင်အဲဒီလို ထင်မိချင်မှထင်မိမှာပါ။ ဒါပေမဲ့ လှုပ်ရှားမှုမရှိဘဲနဲ့ သင်တောက်လျောက်အလုပ်လုပ်နေရမယ်ဆိုရင်တော့ ရေရှည်မှာ သင်ဟာ တခြားကျန်းမာရေးပြဿနာတွေ ရင် ဆိုင်ရလာနိုင်ပါတယ်။ ဒီဆိုးကျိုးတွေကို ဖယ်ရှားဖို့ အချိန်ဇယားလေးတစ်ခု ပြုလုပ်ကြည့်ဖို့ Department of Exercise and Sports Science at the University of South Carolina Aiken နဲ့ Brian Parr စကားပြောဖြစ် ခဲ့ပါတယ်။ ဒီအချိန်ဇယားတွေအကြောင်းကို မသွား ခင်မှာ ရုံးလုပ်ငန်းတွေ လုပ်ကိုင်ခြင်းက သင့်ခန္ဓာကိုယ် ကို ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေတယ်ဆိုတာကို ကြည့်လိုက်ရအောင်။

ဘာကြောင့် အချိန်ဇယားလေးထားသင့်လဲ

အချိန်ဇယားပြုလုပ်ပြီး မတ်တတ်ရပ်လေ့ကျင့်ခန်းလုပ် တာက နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပါ တယ်။ ဒီလိုမှမလုပ်ရင် ကိုယ်ထူကိုယ်ထ ဘယ်သူမှ ပြုလုပ်မယ့်သူ မရှိပါဘူး။ ဒီတော့ ရှင်းပါတယ်။ ကျွန် တော်တို့တွေကို လှုံ့ဆော်ပေးမယ့်အရာ လိုအပ်နေတာ ပေါ့။ သင့်ရဲ့အချိန်တွေကို အစီစဉ်တကျသာ ပြုလုပ် ထားမယ်ဆိုရင် သင်ပြုလုပ်ဖို့ကျန်တဲ့ အခြားအရာတွေ ကိုတောင် သင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒီကိစ္စမှာ လက် ကောက်ဝတ်လေ့ကျင့်ခန်းပြုလုပ်တာက လုပ်ခါစမှာ တော့ သိပ်ထူးခြားမှာ မဟုတ်ပါဘူး။ မတ်တတ်ရပ်တာ၊ လမ်းလျောက်ပြီးလှုပ်ရှားမှုပြုလုပ်တာ၊ ကွန်ပျူတာ အရှေ့ကနေ ခဏတစ်ဖြုတ်ထွက်သွားတာမျိုးတွေ ပြုလုပ် သင့်ပါတယ်။ သင်ဒီအရာတွေကို အချိန်လေးတစ်ခု သတ်မှတ်ပြီး ကြာကြာပြုလုပ်တဲ့အခါမှာ သင့်ကျန်းမာ ရေးအတွက် အကျိုးကျေးဇူးတွေ ခံစားလာရမှာ ဖြစ်ပါ တယ်။

ကျွန်တော်တို့ တိုက်ခိုက်ဖို့လိုအပ်တဲ့ ကျန်းမာရေးပြဿနာ

တစ်ရက်ကို ၁၅ နာရီလောက် ထိုင်ပြီးတော့ပဲ အချိန်တွေ ကုန်ဆုံးမယ်ဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မ ဖြစ်စဉ်ပြောင်းလဲမှုတွေ များစွာဖြစ်ပေါ်နိုင်ပါတယ်။ ပို ဆိုးတာက ကွန်ပျူတာအရှေ့မှာပါ အလုပ်လုပ်နေရ တယ်ဆိုရင် ကျွန်တော်တို့ရဲ့မျက်လုံးနဲ့ လက်ကောက် ဝတ်တွေကို ထိခိုက်မှုတွေ ဖြစ်စေမှာဖြစ်ပါတယ်။ အခုဖော် ပြမှာကတော့ ရုံးအလုပ်လုပ်တဲ့အခါ သင့်ခန္ဓာကိုယ်ကို ဖြစ်စေတဲ့ အကျိုးသက်ရောက်မှုတွေပါ။

သင့်အလုပ်ထိုင်ခုံက သင့်ရဲ့ကျန်းမာရေးကိုထိခိုက်စေနိင်ပါတယ်။

တစ်နေကုန်ထိုင်ပြီးတော့ပဲ အလုပ်လုပ်နေရတာက အ စပိုင်းမှာတော့ သင့်ကို သက်သောင့်သက်သာ မဖြစ်စေ နိုင်ပါဘူး။ ကြာလာတဲ့အခါမှာတော့ နှလုံးရောဂါနဲ့ ကင် ဆာရောဂါတွေဖြစ်ဖို့ ဆိုးကျိုးတွေပိုများပါတယ်။ ခဏ တာပဲဖြစ်ဖြစ် အထိုင်များလာတဲ့အခါမှာ သင့်ခန္ဓာကိုယ် ကအဆီတွေစုပြီး ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။

အခြေခံအားဖြင့်ပြောရမယ်ဆိုရင် သင်ထိုင်နေ တာများလာပြီဆိုရင် သင့်ခန္ဓာကိုယ်က လှုပ်ရှားမှုသိပ်မရှိ တော့ဘူး။ ဒီတော့ သင်နေ့တိုင်းလိုလို လှုပ်ရှားမှုနည်း တာနဲ့တစ်ပြိုင်နက် နာတာရှည်ကျန်းမာရေးပြဿနာတွေ သင်ကြုံတွေ့လာရနိုင်ပါတယ်။

ကွန်ပျူတာမျက်နှာပြင်က သင့်မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။

အချိန်အကြာကြီး တစ်ခုခုကိုပဲစူးစိုက်ပြီး ကြည့်နေမယ် ဆိုရင်တော့ သင့်မျက်လုံးတွေ တင်းလာမှာ ဖြစ်ပါတယ်။ ကားမောင်းရင်ပဲဖြစ်ဖြစ်၊ စာအုပ်ဖတ်နေရင်၊ ဒါမှမဟုတ် ကွန်ပျူတာ မျက်နှာပြင်ကို အကြာကြီး ကြည့်နေရတယ် ဆိုရင် မျက်လုံးတွေ တင်းလာနိုင်ပါတယ်။ ရေရှည်မှာ တော့ ဘာမှမဖြစ်နိုင်ပေမဲ့ အဲဒီတစ်ရက်တာအတွက် တော့ အဆင်ပြေပြေ အလုပ်လုပ်ဖို့မလွယ်ကူနိုင်တော့ ပါဘူး။ မျက်လုံးတင်းနေတာမျိုးက ကွန်ပျူတာ တစ်နေ ကုန်သုံးနေတဲ့လူတိုင်းမှာ တွေ့ရတတ်ပါတယ်။ မျက်လုံး တွေခြောက်တာ၊အမြင်တွေ ဝေဝါးတာ၊ ခေါင်းကိုက် တာနဲ့ ဒီလိုခဏတာ ကျန်းမာရေးပြဿနာတွေတော့ ရှိနိုင်ပါတယ်။ ဒီလိုအသေးအမွှားကျန်းမာရေးပြဿနာ တွေက သင့်ရဲ့ တစ်နေ့တာလုပ်ငန်းကို ထိခိုက်နိုင်ပါ တယ်။ အလုပ်အပေါ်မှာ စိတ်ဝင်စားမှုအားကို လျော့ကျ စေသလို လုပ်ငန်းလည်း မတွင်ကျယ်နိုင်တော့ပါဘူး။

စာရိုက်တာက သင့်လက်ကောက်ဝတ်ကို ထိခိုက်စေနိုင်ပါတယ်။

ထပ်ခါထပ်ခါ စာရိုက်တာတွေ ပြုလုပ်တာက ရုံးလုပ် ငန်းလုပ်နေရတဲ့သူတွေဆီမှာ ပြဿနာဖြစ်လာနိုင်ပါ တယ်။ ဒီအရာတွေက ကြာလာတဲ့အခါမှာ Carpal Tunnel Syndrome (CTS) ဖြစ်ဖို့ ပိုပြီးအားပေးပါတယ်။ CTSဆိုတာ လက်ချောင်းတွေနဲ့ လက်ကောက်ဝတ်မှာ နာကျင် တာ၊ ထုံကျင်တာနဲ့ ကိုက်ခဲမှုတွေ ဖြစ်စေပါတယ်။ တချို့ကိစ္စတွေမှာတော့ CTS တွေက ကုသမှု ခံယူခြင်းမရှိဘဲနဲ့ ပြန်ကောင်းသွားနိုင်ပေမယ့် အမြဲတမ်း တော့ မဟုတ်ပါဘူး။

ဒီပြဿနာတွေကို ဖြေရှင်းဖို့ ဘယ်လိုအချိန်ဇယားပြုလုပ်ရမလဲ။
သူ့ရဲ့အကျိုးကျေးဇူးက ကြီးပါတယ်။ သင် နာရီဝက် လောက် အလုပ်လုပ်ပြီးပြီဆိုရင် ခဏလောက်နားလိုက် ပါ။ ဒါက သင့်မျက်လုံးတွေ တင်းနေတာမျိုး၊ အလုပ် ကြောင့် ရတဲ့ဒဏ်တွေနဲ့ တစ်ချိန်လုံးထိုင်ပြီး အလုပ် လုပ်နေရတဲ့ဆိုးကျိုးတွေ မဖြစ်တော့အောင် ကာကွယ် ပေးမှာပါ။ သင်လုပ်တဲ့အလုပ်ရဲ့ ရလဒ်တွေကလည်း ကောင်းမွန်လာတာကို တွေ့ရမှာဖြစ်ပါတယ်။

ရုံးမှာထိုင်ပြီးအလုပ်လုပ်တဲ့ သင့်အတွက် အဆင်ပြေမယ့် အချိန်ဇယားပုံစံလေးတွေကို ဒီမှာ ပေး လိုက်ပါတယ်။ သင့်ရဲ့ တစ်နေ့တာအလုပ်နဲ့ ချိန်ဆပြီး သင်ကြိုက်နှစ်သက်သလို ပြင်ဆင်ပြီး အသုံးပြုနိုင်မှာပါ။ရုတ်တရက်ကြည့်လိုက်ရင်တော့ အများကြီးပဲလို့ သင် ထင်ကောင်းထင်မှာပါ။ ဒါပေမဲ့ သင်ချွေးတစ်စက်မှမထွက်ဘဲ သင့်ရဲ့ တစ်နာရီဆိုတဲ့ အလုပ်ချိန် မှာ လေ့ကျင့်ခန်းနဲ့ လှုပ်ရှားမှုတွေကို သင်လုပ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ရုံးထိုင်အလုပ်ရဲ့ ဆိုးကျိုး တွေကို ဖယ်ရှားပြီး ကျန်းမာစွာနဲ့ အလုပ်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

Ref : Lifehacker.com