ကျစ်လျစ်တဲ့ခန္ဓာကိုယ်ရှိခြင်းက ဒေါ်လာသန်းပေါင်းများစွာ ကြွယ်ဝသူတို့ရဲ့ လျှို့ဝှက်ချက်တစ်ခု

သန်းပေါင်းများစွာ ကြွယ်ဝချမ်းသာဖို့ လေ့လာချင်ပါသလား။ ကျစ်လျစ်ကျန်းမာအောင်နေထိုင်ပြီး အောင်မြင်အောင်လုပ်ဆောင်တဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့ပါတယ်။ အောင်မြင်တဲ့အမျိုးသားတွေဟာ အလုပ်တွေများစွာကြားထဲမှာ လေ့ကျင့်ခန်းပြုလုပ်တဲ့အကြောင်းတွေကို ဖော်ပြထားပါတယ်။

၁။ Strauss Zelnick

Strauss Zelnick ဟာ မနက် ၆ နာရီလောက်ဆို နေ့တစ်နေ့အတွက် ဘာတွေလုပ်ရမယ်ဆိုတာတွေအတွက် အဆင်သင့်ဖြစ်နေပါပြီ။ သူ့မှာလုပ်စရာတွေ များပြားစွာရှိနေမှာပါ။ လုပ်ငန်းအစည်းအဝေးထိုင်ရတာမျိုးတွေ၊ Jet စီးပြီး ခရီးသွားရတာမျိုးတွေ၊ မီဒီယာလုပ်ငန်းနဲ့ပတ်သက်ပြီး တီထွင်ကြံဆဆုံးဖြတ်ချက်အသစ်တွေချရတာမျိုးတွေ၊ ဒါမှမဟုတ် သူ့ရဲ့မိသားစုငယ်လေးနဲ့ တွေ့ဆုံရတာမျိုးတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ Zelnick ဟာ လေ့ကျင့်ခန်းလုပ်ဖို့တော့ လုံးဝကိုမပျက်မကွက်ဘဲ ပြုလုပ်ပါတယ်။ တချို့ရက်တွေမှာ အပြေးလေ့ကျင့်ပါတယ်။ တချို့ရက်တွေမှာ အလေးမတာမျိုးတွေ ပြုလုပ်ပါတယ်။ နေ့ရက်အလိုက် အခြေအနေအပေါ်မူတည်ပါတယ်လို့ Zelnick က ပြောပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ လှုပ်ရှားနေဖို့ပါပဲလို့ဆိုပါတယ်။

လှုပ်ရှားနေရခြင်းကတော့ Zelnick အတွက် ဘယ်တော့မှပြဿနာဖြစ်လာမှာ မဟုတ်ဘူးလို့ပြောပါတယ်။ Zelnick က 20th Century Fox ရဲ့ President ဖြစ်ခဲ့ပြီး ယခုလက်ရှိ BMG Entertainment ရဲ့ President ဖြစ်ပါတယ်။ Zelnick က ‘ကျွန်တော်ငယ်ရွယ်တဲ့ အချိန်ကတည်းက ရုပ်ရှင်စတူဒီယို ပြုလုပ်ချင်ခဲ့တာပါ။ အရွယ်ရောက်တဲ့သူ တစ်ယောက်အနေနဲ့ ဒီလိုစကားမျိုးပြောတာဟာလက်ခံလို့ရပေမယ့် ကျွန်တော်လိုငါးနှစ်သားလေးကပြောတော့ နည်းနည်း ကြောင်တောင်တောင်နိုင်လှပါတယ်။ ကျွန်တော့်အဖေက Boston မှာ ရှေ့နေတစ်ယောက်ပါ။ Hollywood မှာကျွန်တော်သိတဲ့လူမရှိပါဘူး။ အဆက်အသွယ်ဆိုတာလည်း မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် ဘာကိုလိုချင်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းသိပါတယ်။ ဒါကတော့ အလုပ်လုပ်ခြင်းပဲဖြစ်ပြီးတော့ ဖြစ်မြောက်အောင်လုပ်ဖို့ပါပဲ။ ရုပ်ရှင်လုပ်ငန်းက ကြိုဆိုပါတယ်လို့’ ဆိုပါတယ်။

၂။ Mark Wahlberg ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူ

ကျွန်တော် စောစောအိပ်ရာဝင်ပါတယ်။ မနက် ၄ နာရီဆိုရင်ထပြီ။ ပြီးတော့ အစားစားတယ်၊ လိုအပ်တဲ့ ဆေးဝါးတွေသောက်သုံးတယ်။ ဇာတ်ညွှန်းတွေဖတ်တယ်။ ပြီးရင် အလုပ်ကိုသွားပါတယ်။

၃။ Ryan Seacrest ရုပ်မြင်သံကြားနဲ့ ရေဒီယို တင်ဆက်သူ၊ ထုတ်လုပ်သူ

လေ့ကျင့်ခန်းပြုလုပ်ခြင်းကို အစည်းအဝေးရှိသလိုအချိန်ဇယားထဲထည့်ထားပြီး အစီအစဉ်မပျက်အောင်လည်း ကျွန်တော်ဂရုစိုက်ပါတယ်။ လေ့ကျင့်ခန်းတွေဘာတွေလုပ်ရမယ်ဆိုတာကိုပါ တစ်ပါတည်းထည့်သွင်းစဉ်းစားပြီးမှ အလုပ်ကိုလုပ်ပါတယ်။

၄။ Jeff Glor သတင်းကြေညာသူ၊ CBS တနင်္ဂနွေနေ့ ညနေခင်းသတင်းကြေညာသူ

အထူးသတင်းတွေ ကြေညာဖို့အချိန်တွေဆိုရင်တော့လည်း မသွားဖြစ်၊ လေ့ကျင့်ခန်းဘက်လည်း မလှည့်ဖြစ်ပေမဲ့ ဟိုတယ်မှာတော့ လေ့ကျင့်ခန်းလုပ်တဲ့အချိန် တော်တော်များပါတယ်။

၅။ Robert Downey ရုပ်ရှင်သရုပ်ဆောင်

စည်းကမ်းဆိုတာဟာ သင်လုပ်မယ်ဆိုတဲ့အရာကို ဖြစ်အောင်လုပ်ပြီး မလုပ်ဘူးဆိုတဲ့အရာကိုမဖြစ်အောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ချိန်းထားပြီးမှ သတ်မှတ်ထားတဲ့နေရာကို သင်မရောက်လာဘူးဆိုရင်တော့ တစ်ဖက်လူကို စိတ်ပျက်စေမှာအသေအချာပါပဲ။ ကျွန်တော်ကတော့ အဲဒီလိုအခြေအနေမျိုးဖြစ်လာခဲ့ရင် သိပ်ကိုရှက်စရာကောင်းတယ်လို့ တွေးမိမှာအမှန်ပါပဲ။

၆။ Jim Larranaga နည်းပြ၊ University of Miami Basketball

ကျွန်တော့်ရဲ့ အချိန်ဇယားအတိုင်းပဲ ကျွန်တော်အလုပ်လုပ်ပါတယ်။ လက်ရှိအချိန်နဲ့ ကျွန်တော့်ရဲ့ ပြိုင်ဘက်အပေါ်မှာပဲ ကျွန်တော်အာရုံစိုက်ပါတယ်။ တစ်ပတ်မှာ ငါးရက်လောက် မနက် ၇ နာရီဆိုရင် အလုပ်မသွားခင်အထိ ကျွန်တော်လေ့ကျင့်ခန်းလုပ်ပါတယ်။ ပြီးတော့မှ တစ်ပတ်မှာနှစ်ရက်သုံးရက်လောက် နေ့လယ် ၂ နာရီ လောက်ဆို လေ့ကျင့်ခန်းထပ်လုပ်ပါတယ်။

၇။ Cory Booker Mayor ၊ Newark ၊Fox NFL Sunday; co-host ၊ Live! With Kelly and Michael

လေ့ကျင့်ခန်း မလုပ်ဖြစ်တော့ဘူးဆိုရင် ကျွန်တော့်ရဲ့အလုပ်မှာရော၊ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာပါ လုပ်နိုင်စွမ်းတွေကျဆင်းလာတယ်လို့ခံစားရပါတယ်။ ဒါကြောင့် ကျွန်တော်လေ့ကျင့်ခန်းကို မှန်မှန်ပြုလုပ်ပါတယ်။

Hollywood မှာ ခုနစ်နှစ်လောက်နေထိုင်ပြီး သူ့ရဲ့အစဦးရည်မှန်းချက်တွေ ဖြစ်မြောက်လာပြီးတော့ Zelnick ဟာ လုပ်ငန်းတွေကို ပိုမိုကျယ်ပြန့်စွာ လုပ်ကိုင်လာပါတယ်။ သူ့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် Grand Theft Auto IV and Bioshock ဆိုတဲ့ ဗီဒီယိုဂိမ်းကို ကမ္ဘာတစ်ဝန်းထုတ်ဝေခဲ့ပါတယ်။ ယခုအချိန်မှာတော့ ZelnickMedia ဆိုပြီး ဒစ်ဂျစ်တယ်မီဒီယာလုပ်ငန်းကို လုပ်ကိုင်နေပါတယ်။ မိုဘိုင်းလ်ဆော့ဖ်ဝဲလ်တွေနဲ့ တီဗီလုပ်ငန်းတွေရဲ့ စိတ်ဝင်စားခြင်းကို အထူးခံယူရရှိထားတဲ့လုပ်ငန်း ဖြစ်နေ ပါတယ်။ သူ့ရဲ့ကိုယ်ပိုင်အချိန်တွေကို သတ်သတ်မှတ်မှတ် ထား ရှိပြီးတော့ အဲဒီအချိန်တွေကိုတော့ ဘယ်သူမှမသိနိုင်ပါဘူး။ သူ့အမျိုးသမီးက လွဲရင်ပေ့ါ။

Zelnick ဟာ စက်ဘီးစီးခြင်း၊ နှင်းလျောစီးခြင်းနဲ့ အပျော်တမ်း လက်ဝှေ့ထိုးခြင်းများကို နှစ်သက်ပါတယ်။ ဒါတွေကိုလည်း လေ့ကျင့်သင်ကြားမှုတွေ တစ်ရက်ကိုနှစ်ကြိမ်လောက်ပြုလုပ်ပါတယ်။ စက်ဘီး စီးခြင်းကိုတော့ နံနက်ပိုင်းမှာပဲ တစ်ဦးတည်းပြုလုပ် လေ့ရှိပါတယ်။ ကျန်တာတွေကိုတော့ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြုလုပ်သလို သူ့ရဲ့သားတွေနဲ့ လက်ဝှေ့ထိုးလေ့ကျင့်ခြင်းတွေ ပြုလုပ်ပါတယ်။ အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ Zelnick ဟာ သူ့ရဲ့ အသက်အရွယ်အတွက် တောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်။ ထပ်လောင်းပြောရမယ်ဆိုရင် သူ့ရဲ့လုပ်ငန်းတွေက အောင်မြင်မှုရှိသလို သူ့ကို ကြည့်ရတာလည်း ပျော်ရွှင်လို့နေပါတယ်။ သူဟာ ဘယ်အလုပ်ကိုမဆိုတက်ကြွစွာလုပ်ဖို့ အဆင်သင့်ရှိနေပါတယ်။

Zelnick က ”ကျွန်တော်သိတာအကုန်ပြောရမယ်ဆိုရင်တော့ စီးပွားရေးလုပ်တဲ့အခါမှာ အောင်မြင်အောင်လုပ်ပေးနိုင်တဲ့ အကြောင်းအရာကတော့ ကိုယ်ဘာလိုချင်လဲဆိုတာကို သိဖို့ပါပဲ။ ဒါဆိုရင်တော့ သေချာပါတယ်။ စွမ်းဆောင်နိုင်စွမ်းတွေကလည်း ဝင်ရောက် လာမှာ ဖြစ်ပါတယ်။ သင်လိုချင်တဲ့ အရာဟာ သိပ်ကို ကြီးမားနေလို့ ရပ်တန့်တာမျိုး မလုပ်လိုက်ပါနဲ့။ သင့်ရဲ့ စိတ်ဝင်စားမှုကို မြဲမြဲဆုပ်ကိုင်ထားပါ။ ပြီးတော့မှ သင်ဘာကိုလိုချင်သလဲဆိုတာကို ရှာဖွေတွေ့ရှိပြီဆိုရင် သင့်အတွက်လွယ်ကူသွားပါပြီ။ သင့်ရဲ့ပန်းတိုင်ဟာ ဘာလဲဆိုတာကို သင်ရှာတွေ့သွားပြီဆိုရင် ဒါကိုရရှိဖို့လည်း သိပ်ကို လွယ်ကူသွားပါပြီလို့ ပြောပါ တယ်။ ဆရာဝန်တစ်ဦးဖြစ်တဲ့ Jim ကတော့ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ကွယ်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ Keith Richards ကတော့ ဒေါင်ဒေါင်မြည်နေ တုန်းပဲဖြစ်သလို ကျန်းမာရေးမြှင့်တင်ခြင်းနဲ့ စီးပွား ရေးလုပ်ငန်းမှာ အောင်မြင်မှုတွေရဲ့ ဆက်စပ်မှုတွေကို ရှာဖွေနေတုန်းဖြစ်ပါတယ်။ ယခင်ကဖျော့ဖျော့တော့တော့အသားအရေနဲ့ဖျော့တော့တော့ Bill Gates ဟာဆိုရင်လည်း အခုဆိုရင် ကျန်းကျန်းမာမာနဲ့အ ကောင်းဆုံးပုံစံမှာရှိနေပါတယ်။Ted Turner ဟာဆို ရင်လည်း ပုံမှန်လေ့ကျင့်ခန်းတွေ ပြုလုပ်နေပြီး သူ့ရဲ့ စားသောက်မှုပုံစံကို ဂရုတစိုက်ကြည့်ရှုလေ့လာနေပါတယ်။ Ted က ပြောပါသေးတယ်။ ”သင်ဟာ လေ့ကျင့်ခန်းလုပ်ရမယ်နော်။ သိတယ်မလား။ သင့်ကျန်းမာရေးကို ဂရုစိုက်ရမယ်” လို့ ပြောပါတယ်။

Ph.D. တစ်ဦးဖြစ်တဲ့ အခြေစိုက် အားကစားစိတ်ပိုင်းဆိုင်ရာပညာရှင် Duncan Simpson က ”ဘ၀တစ်လျောက်လုံး လေ့ကျင့်ခန်းပြုလုပ်ခြင်းက မမျော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေကို များစွာခံစားရစေပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းလို့ ပြောတဲ့အခါမှာ စီးပွားရေးပြုလုပ်တာနဲ့တူတယ်လို့ ပြောရပါမယ်။ ကိုယ်တစ်ဦးတစ်ယောက်အတွက် အကျိုးကျေးဇူးတွေ များစွာခံစားရဖို့ တွန်းအားဖြစ်သလို ပန်းတိုင်ကို ရောက်ရှိနိုင်စေပါတယ်” လို့ ဆိုပါတယ်။