ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝင်ငွေအလွန်ထိခိုက်နေတဲ့ အသေးစား ကိုယ်ပိုင်လုပ်ငန်း/ ဆိုင်လေးတွေကို ဘယ်လို ဝိုင်းဝန်းကူညီကြမလဲ …

တကယ်လို့ ကိုယ်ကသာ အသေးစားလုပ်ငန်းကိုယ်ပိုင်လုပ်နေတဲ့ လုပ်ငန်းရှင်/ဆိုင်ရှင်တစ်ယောက်ဆိုရင် ဆိုင်ခန်း/ အလုပ်ခန်း ငှားခ၊ အလုပ်သမားခ နဲ့ လစဉ်ပြန်ဆပ်ရမယ့် ချေးငွေ၊ မိသားစုနေထိုင်စားသောက်စရိတ် … စတာတွေအများကြီးနဲ့ အခုလို ကိုရိုနာကြောင့် stay home, partial lockdown , self-isolation , home quarantine စသဖြင့် နိုင်ငံတိုင်း၊ မြို့တိုင်း၊ ရပ်ကွက်တိုင်းမှာ လုပ်နေချိန်မှာ ဘယ်လိုများ ရပ်တည်နိုင်ကြပါမလဲ။ ဒီအချိန်မှာ စားသုံးသူတွေအနေနဲ့ ကိုယ်တိုင်ပါဝင်ကာ ဒီလုပ်ငန်းလေးတွေကို တပ်အား ကူညီနိုင်ပါတယ်။ ဘယ်လိုကူညီရမလဲဆိုတာကိုတော့ အောက်မှာ အဆင့် ၄ ဆင့်နဲ့ ဖော်ပြပေးလိုက်ပါတယ်။

ဘယ်လိုကူညီနိုင်မလဲ
၁။ ကိုယ်အမြဲတမ်းသုံးနေကျ ကိုယ့်မြို့နယ်၊ ရပ်ကွက်အနီးအနားက လုပ်ငန်း၊ ဆိုင်လေးတွေထဲက ကြိုက်နှစ်သက်တဲ့ လုပ်ငန်း ၅ မျိုးလောက်ကို ဆွဲထုတ်လုပ်ပါ။ ဥပမာ စားနေကျ စားသောက်ဆိုင်၊ ဆံပင်/ညှပ်လျှော်လုပ်နေကြဆိုင်၊ ဝယ်နေကျ စတိုးဆိုင်၊ ကုန်စုံဆိုင် စသဖြင့် ၅ ခု ၊ ၆ ခုလောက် ရွေးပါ။

၂။ ထိပ်ဆုံး ၂ဆိုင်ရွေးထုတ်ပါ။ အခုလတ်တလော ကိုယ့်အတွက်၊ မိသားစုအတွက် အလိုအပ်ဆုံးဖြစ်မယ့် ဆိုင်နှစ်ဆိုင်ကို ပြန်ရွေးထုတ်ပါ။ ဘယ်သူမှတော့ အခုအချိန် အပိုပစ္စည်းတွေ ဝယ်မှာမဟုတ်ပါဘူး။ ကိုယ်လည်း ဝယ်စရာမလိုပါဘူး။

၃။ ကိုယ်ရွေးထုတ်လုပ်တဲ့ဆိုင်နှစ်ဆိုင်က အခုအချိန်မှာ လုပ်ငန်းလုပ်နေသေးလား။ အွန်လိုင်း၊ ဖုန်းတွေနဲ့ ဆက်ပြီးမှာလို့ရလား စစ်ဆေးပါ၊ ကိုယ်တိုင်လည်း လိုအပ်တာကို အရင်ဝယ်ကြည့်ပါ။ ပြီးရင် ကိုယ့်မိတ်ဆွေ၊ အိမ်နီးနားချင်း၊ သူငယ်ချင်း စသဖြင့် နီးစပ်ရာ လူ ငါးယောက် ဆီကိုဒီလုပ်ငန်းတွေနဲ့ပတ်သက်လို့ လှမ်းပြီးထောက်ခံပေးပါ ။
အဲဒီလုပ်ငန်း၊ ဆိုင်ကနေ ဘာတွေတော့ ဒီနေ့လှမ်းမှာလို့ရတယ်ဆိုတာမျိုးကို လှမ်းပို့ပေးတာမျိုးဖြစ်ပါတယ်။ ဒီနေရာမှာ အဲဒီ ကိုယ်ရွေးထားတဲ့လုပ်ငန်းနှစ်မျိုးကို ကူညီကြော်ငြာပေးနိုင်မယ့် နည်းလမ်း ၃ မျိုးရှိပါတယ်။

ဥပမာ
က ။ အဲဒီဆိုင်/လုပ်ငန်းက Gift Card လိုမျိုး သူတို့ရဲ့ဝန်ဆောင်မှု အတွက် ကြိုတင်ငွေသွင်းထားဖို့ လုပ်ပေးတယ်၊ ကိုယ့်အတွက်လည်း နောင်မှာ အသုံးဝင်မယ့် ဝန်ဆောင်မှုဖြစ်တယ်ဆိုရင် လှမ်းဝယ်တာမျိုး

ခ ။ ဖုန်းဆက်ပြီး ကိုယ်လိုချင်တဲ့ပစ္စည်းတွေကို လှမ်းမှာတာမျိုး။ အခုအချိန်မှာ လုပ်ငန်းတွေ တော်တော်များများက အိမ်အရောက်ပို့ဝန်ဆောင်မှုမျိုး၊ take away ယူနိုင်ဖို့ ပြင်ဆင်ထားမှုမျိုးကို လုပ်ပေးနေကြပါတယ်။ တချို့ဆို ပို့ဆောင်ခတောင် မယူတာမျိုးရှိပါတယ် ။ (ဒီနေရာမှာ တစ်ခု သတိထားရမှာကတော့ ကိုရိုနာဗိုင်းရပ်စ် က ကတ်ထူစက္ကူပေါ်မှာ ၂၄ နာရီလောက်အထိ နေတာဆိုတော့ အထုတ်တွေအပိုးတွေကို အရင် ပိုးသတ်ပါ၊ ဒါမှမဟုတ် နေရောင်ကောင်းကောင်းရတဲ့နေရာမှာ တစ်ရက်လောက်ထားပြီးမှ အိမ်ထဲထည့် ကိုင်တွယ်သုံးပါ။)

င ။ စားသောက်ဆိုင်ဆိုရင်လည်း မှာစားပါ။ တိုက်ရိုက်ဖြစ်စေ၊ online food delivery တွေကတစ်ဆင့်ဖြစ်စေ အဆင်ပြေတာကိုရွေးမှာနိုင်ပါတယ်။

မိတ်ဆွေသူငယ်ချင်းတွေကိုလည်း အကောင်းဆုံးနည်းက ကိုယ်တိုင် ဆိုင်/လုပ်ငန်းကို လိုအပ်တာကိုဖုန်းဆက်မှာခြင်းပဲဆိုတာကို ပြန်လည်မျှဝေပေးပါ။

၄။ ဆိုင်တွေကို review / recommendation ရေးပေးပါ။ သူတို့မှာ online page/ website တွေရှိရင် အခုအချိန်မှာ အညွှန်းလေးတွေ ရေးပေးပါ။ မရှိခဲ့ရင်လည်း ဖုန်းဆက်ပြီး သူတို့ဆီက ဝယ်ရတာ အဆင်ပြေကြောင်းနဲ့ နောက်ထပ်လိုအပ်ရင်မှာမည့်အကြောင်း၊ လုပ်ငန်းအဆင်ပြေဖို့ မျှော်လင့်ကြောင်း၊ တခြားအသိမိတ်ဆွေတွေကိုလည်း ညွှန်းပေးထားကြောင်း စသဖြင့် ဖုန်းဆက်အားပေးပါ။

အထက်မှာ ဖော်ပြခဲ့သလို ကိုယ်နိုင်သလောက် တစ်ပတ်ကို ၂ဆိုင်၊ ၃ ဆိုင်နှုန်းလောက်နဲ့ အားပေးကူညီပေးမယ်ဆိုရင် ကိုယ်လည်းအဆင်ပြေ၊ လုပ်ငန်းသေးလေးတွေလည်း အဆင်ပြေပါလိမ့်မယ်။ အသိမိတ်ဆွေလည်း ပိုမိုတိုးပွားလာနိုင်ပါတယ်။
ဒီနေရာမှာ ပြောချင်တာတစ်ခုကတော့ လူတိုင်းက ဒီလိုကူညီပေးရမယ်ဆိုတာမျိုးမဟုတ်ဘဲ တတ်နိုင်တဲ့သူတွေ မိသားစုတွေအေ နနဲ့ တခြားသူတွေကို ပြန်လည်ကူညီနိုင်တဲ့နည်းလမ်းလေးတွေကို အကြံပြုတာဖြစ်ပါတယ်။ ပြီးတော့ ကိုယ့်အနီးနားပတ်ဝန်းကျင်က ဆိုင်နဲ့ လုပ်ငန်းတွေကဖုန်း၊ အွန်လိုင်း အမှာတွေကို လက်ခံ ဝန်ဆောင်မှုပေးနိုင်ဦးမှလည်း ဖြစ်မှာပါ …

Ref : How to help local businesses crushed by coronavirus: 4 things you can do right now BY ARIANNE COHEN