ကိုယ်ရေးအချက်အလက် လုံခြုံမှုကိုခြိမ်းခြောက်နေတဲ့ App များ

အောက်ဖော်ပြပါ App တွေကို သင့်ဖုန်းထဲမှာအသုံးပြုနေပါက တခြားသူမှသင့်ဖုန်းကို ခြေရာခံထောက်လှမ်းနိုင်ပါတယ်။ တချို့သင်အသုံးပြုနေတဲ့ App တွေဟာ သင့်ရဲ့ကိုယ်ရေးအချက်အလက်အပေါ်အန္တရာယ်ရှိစေနိုင်ပါတယ်။ ကျွန်တော်တို့အားလုံး ကျွန်တော်တို့အချင်းချင်းဆက်သွယ်နိုင်မှုကို ပိုမိုလွယ်ကူစေနိုင်တာမို့ Cellphones တွေ အသုံးပြုရတာကို နှစ်သက်ကြတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ App တွေဟာ သင့်ကိုအန္တရာယ်တွင်းထဲပို့သလို ဖြစ်စေတတ်ပါတယ်။

အရာအားလုံးဟာ Online ပေါ်မှာတည်ရှိနေသလို ကိုယ့်ရဲ့အချက်အလက် Privacy တွေကိုလည်း မေ့လျော့ထားတတ်ပြီး တခြားသူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အရေးကြီးတဲ့ဘဏ်အကောင့်စတဲ့အချက်အလက်တွေကို Hack ပြီးခိုးယူသွားခံရနိုင်ပါတယ်။ ဒါကြောင့် App တွေကိုအသုံးပြုတော့မယ်ဆိုရင် ဘယ် App တွေဟာ မိမိရဲ့လုံခြုံရေးအချက်အလက် လုံခြုံမှုရှိနိုင်မလဲဆိုတာသိရှိဖို့လိုပါတယ်။ သင့်ဖုန်းကိုလုံခြုံအောင်လုပ်ပြီးပြီဆိုရင်တော့ သင်အသုံးပြုသင့်တဲ့ Online App ခုနစ်ခုအကြောင်းကို လေ့လာကြည့်လိုက်ရအောင်။

သင့်အနေနဲ့ ဘယ် App ကိုမဆို Download မဆွဲခင်မှာ ကိုယ့်ရဲ့လုံခြုံရေးကို ကိုယ်တိုင်ပြုလုပ်လို့ရပါတယ်လို့ ယခင် IBM Security ရဲ့ VP ဖြစ်ပြီး၊ ယခုမှာ CynergisTek ရဲ့ CEO နဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Celab Barlow ကပြောခဲ့ပါတယ်။ Mobile App များကို တရားဝင် Store တွေကပဲယူကြဖို့လည်း Google Play နဲ့Apple Store တို့ကို ကိုးကားပြီး ရှင်းပြထားပါတယ်။ သင့်အနေနဲ့တရားဝင် App ကို Download ဆွဲတော့မယ်ဆိုရင် ပုံမှန်အခြေခံအနေနဲ့ App ရဲ့ ခွင့်ပြုချက်တွေ တောင်းခံမှုတွေကို စစ်ဆေးပါ။ App အတွက် မလိုအပ်တဲ့ခွင့်ပြုချက် တောင်းခံမှုတွေကိုပိတ်ထားပါ။

အရင်ဆုံး အနည်းငယ် စစ်ဆေးကြည့်တာလည်းကောင်းတဲ့ Idea တစ်ခုပါပဲ။ App တစ်ခုကို Download မဆွဲခင်မှာ အဲဒီ App ကို Review ထင်မြင်ချက်ပေးထားတာတွေကို စစ်ဆေးခြင်းကို Barlow အနေနဲ့ ထောက်ခံပေးထားပါတယ်။ App တွေကိုပဲ စိုးရိမ်ရမှာ မဟုတ်ပါဘူး။ သင့်အနေနဲ့ Online Company တစ်ခုခုမှာ အကောင့်ဖွင့်ထားတယ်ဆိုရင်လည်း သင့်ကိုယ်ရေးအချက်အလက်အတွက် အန္တရာယ်ရှိနိုင်ပါတယ်။

၁။ CamScanner

Ana Bera ဟာ Safe at Last နဲ့အတူ Cybersecurity ရဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ CamScanner ဟာ သင့်ဖုန်းကို Scan ဖတ်ဖို့တုပထားတဲ့ App တစ်ခုဖြစ်ပြီး အသုံးပြုသူများအနေနဲ့ စိုးရိမ်သင့်တဲ့ App တစ်ခုဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ Cybersecurity ရဲ့ကျွမ်းကျင်သူများက App ဟာ Trojan Downloader ကဲ့သို့ File များကို သိမ်းဆည်းခဲ့ကြောင်း တွေ့ရှိခဲ့သည်ဟု သူရှင်းပြခဲ့ပါတယ်။ ဒီလို App တွေဟာ သင့်ဖုန်းကို ဆိုးရွားစွာပျက်စီးစေနိုင်ပြီး ချက်ချင်း Uninstall လုပ်သင့်ပါတယ်။

၂။ Weather App

သင့်ရဲ့ Weather App ကို စစ်ဆေးကြည့်ပါလို့ TechLoris ရဲ့ CEO ဖြစ်တဲ့ Shayne Sherman ကပြောခဲ့ပါတယ်။ Trojans နဲ့ တခြားအန္တရာယ်ရှိနိုင်တဲ့ Software တွေနဲ့ ချိတ်ဆက်ထားတဲ့ Weather App တွေ အများကြီးရှိပါတယ်။ မိုးလေဝသတိကျမှုရှိရန် သင့်ရဲ့အချက်အလက်တွေကို ယူသွားမယ်ဆိုတာ မေးခွန်းထုတ်စရာပါပဲလို့ ပြောခဲ့ပါတယ်။ မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေကို ကြည့်ပါ။ မိုးလေဝသကောင်းတယ်ဆိုရင် အဲဒီ App ကို ဖျက်ပစ်လိုက်ပါလို့ အကြံပြုထားပါတယ်။

၃။ Facebook

ကျွန်တော်တို့အားလုံး Social Network App များကိုကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမဲ့ Caveni Digital Solutions ရဲ့ Cofounder နဲ့ Creative Director ဖြစ်ပြီး Cybersecurity ရဲ့ ကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ Raffi Jafari ကသင့်ရဲ့အချက်အလက်တွေကိုကာကွယ်ဖို့ App တစ်ခုကိုဖျက်ဖို့ ရှာနေတယ်ဆိုရင် အဲဒါဟာ Facebook ပဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ Facebook ရဲ့ Data ရယူမှုဟာ Google စတဲ့ အခြားကုမ္ပဏီများထက်ကျူးကျော်မှုရှိပါတယ်။ သင့်အနေနဲ့ Facebook App ကို အသုံးမပြုတော့ဘူးဆိုရင် သင့်ရဲ့အချက်အလက်တွေကို ရယူမှုအပေါ်မှာ Facebook ဟာ နာမည်ဆိုးနဲ့လူသိများပါတယ်လို့ Jafari ကပြောခဲ့ပါတယ်။ Facebook ရဲ့ App များကို သင့်ဖုန်းကနေဖယ်ထုတ်လိုက်တာဟာ သင့်ရဲ့အချက်အလက်များကိုကာကွယ်ဖို့ ကောင်းမွန်တဲ့ပထမဆုံးခြေလှမ်းဖြစ်မှာ ဖြစ်ပါတယ်။

၄။ WhatsApp

ဒီနှစ်အစောပိုင်းမှာ သုံးစွဲသူတွေသတိမပြုမိတဲ့ အားနည်းချက်ကို ထုတ်ဖော်ခဲ့တယ်လို့ Product for mobile security ရဲ့ Wandera ရဲ့ Mobile security ထုတ်ကုန်ရဲ့ ခေါင်းဆောင် VP ဖြစ်တဲ့ Michael Covington ကပြောခဲ့ပါတယ်။ ဒီ WhatsApp ရဲ့အားနည်းချက်ဟာ IOS နဲ့ Android နှစ်မျိုးလုံးအတွက် အသုံးပြုသူတွေရဲ့ ဖုန်းနံပါတ်ဆီကိုတိုက်ခိုက်သူတွေရဲ့ မက်ဆေ့ချ်ပို့ခြင်းကို ခွင့်ပြုထားခဲ့ပါတယ်။ တစ်ကြိမ်အောင်မြင်ခဲ့ပြီဆိုရင်တိုက်ခိုက်သူတွေဟာ WhatsApp ရဲ့ တခြားအရာများဖြစ်တဲ့ Microphone ၊ Camera ၊ Contact နဲ့ တခြားအရာများကိုလည်း ရရှိသွားတာပဲဖြစ်ပါတယ်။ ဒီဟာကတော့ တိုက်ခိုက်သူတွေရဲ့လုပ်ရတဲ့ကြောက်စရာ ထောက်လှမ်းနိုင်စွမ်းတွေပဲဖြစ်ပါတယ်။ ဒီဟာတွေက ကျွန်တော်တို့ မိုဘိုင်းထုတ်ကုန်တွေအပေါ်အများကြီးအကျိုးသက်ရောက်မှုရှိနေတာကလည်း ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ခေတ်နောက်ကျနေတဲ့ ဗားရှင်းတွေကိုဆက်ပြီး စောင့်ကြည့်နေရပါတယ်လို့ Covington က ပြောခဲ့ပါတယ်။ ကံကောင်းစွာပဲ ဒီတစ်ခုကဖယ်ရှားဖို့လည်း လွယ်ကူပါတယ်။ တစ်ချိန်တည်းမှာပဲ နောက်ဆုံးအသစ်ထွက်ထားတဲ့ဗားရှင်းကို အလွယ်တကူရယူနိုင်တာပဲ ဖြစ်ပါတယ်။ နောက်ဆုံးဗားရှင်းဟာ Android အတွက်ဆို 2.19.339 ဖြစ်ပြီး IOS အတွက်ဆိုရင် 2.19.112 ပဲ ဖြစ်ပါတယ်။ ပြီးတော့ သင့်ဖုန်းကိုဟက်ကာတွေ အလွယ်တကူ ပစ်မှတ်ထားနိုင်တဲ့အရာတွေကို လက်လွတ်မသွားပါစေနဲ့။

၅။ Instagram

WhatsApp နဲ့ Instagram နှစ်ခုစလုံးကို Facebook ကပိုင်ဆိုင်ပြီး သူတို့အားလုံးက အန္တရာယ်ရှိတဲ့ အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။ ဆိုက်ဘာလုံခြုံရေးနဲ့ ဒေတာထောက်လှမ်းရေးတက္ကသိုလ် Dayton Center ရဲ့ ဒါရိုက်တာ Dave Sailsbury က Instagram ဟာခွင့်ပြုချက်များစွာ တောင်းခံပေမယ့် အဲဒီခွင့်ပြုချက်ထဲမှာ သင့်ရဲ့ Contact ၊ Storage ၊ ဖုန်း Location ၊ Call Log ၊ System ချိန်ညှိချက်တွေနဲ့ Network ချိတ်ဆက်ခြင်းတို့ ပါဝင်တာပဲဖြစ်ပါတယ်။ ပိုပြီးစိုးရိမ်စရာကောင်းတဲ့ အလိုအလျောက် Update ပြုလုပ်ခြင်းစတဲ့ စွမ်းဆောင်ရည်များ ထည့်သွင်းနိုင်ပါတယ်။ လူတွေဟာ Facebook နဲ့တခြားနေရာတွေမှာ သတိထားဖို့လိုပါတယ်။ သင်ဟာ ထုတ်ကုန်မဟုတ်တဲ့ ထုတ်ကုန်ပဲလေလို့ Salisbury က ပြောခဲ့ပါတယ်။ သင်နဲ့ပက်သက်တဲ့ သင်ဘာလုပ်တယ်၊ သင်ဘယ်သွားတယ်၊ သင်ဘယ်သူနဲ့ ဆက်သွယ်တယ်စတဲ့ သတင်းအချက်အလက်တွေဟာ အဖိုးတန်တာပဲ ဖြစ်ပါတယ်။ သင်ဟာတချို့သော Free Service တွေကို လက်လွှတ်လိုက်မယ်ဆိုရင် အဲဒါဟာမှန်ကန်တဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်။ လူတွေက ရွေးချယ်တဲ့နည်းလမ်းနဲ့ အသိပေးပြီး သူတို့ပေးသလောက်ရအောင် သေချာအောင် လုပ်ကြတာပဲဖြစ်ပါတယ်။

၆။ Facebook Messenger

Messenger ဟာ Facebook App ကနေခွဲထွက်လိုက်ကတည်းက ဒါဟာအရေးကြီးတဲ့ ရင်ဆိုင်ရမယ့််အကြောင်း အရာတစ်ခုဖြစ်တယ်လို့ ProPrivacy ရဲ့ Digital Privacy ကျွမ်းကျင်သူ Attila Tomaschek ကပြောခဲ့ပါတယ်။ ၤFacebook Messenger ကို ဖျက်လိုက်တာဟာ ကုမ္ပဏီရဲ့ User Privacy ကို ကာကွယ်ဖို့အပေါ် ခြိမ်းခြောက်မှုလျော့ ရဲတဲ့ ချဉ်းကပ်နည်းဖြစ်ပြီး ဦးနှောက်မရှိတဲ့သူတစ်ယောက်လိုပါပဲလို့ Tomascheck က ပြောခဲ့ပါတယ်။ Facebook Messenger ပေါ်မှာပို့တဲ့ လက်ခံရရှိတဲ့ စာတွေဟာ ကုဒ်အ နေနဲ့ ပြောင်းလဲထားတာမဟုတ်ပါဘူး။ ဆိုလိုတာကတော့ သင့်ရဲ့စာတွေအကုန်လုံးကို Facebook ရဲ့ ဝန်ထမ်းတွေဟာသင့်လျော်တဲ့ ခွင့်ပြုချက်တွေနဲ့ ဖတ်လို့ရပါတယ်။ စာ တွေကို ကုဒ်အနေနဲ့ပြောင်းတဲ့ Secret Conversation ကို ကုမ္ပဏီအနေနဲ့ စတင်လိုက်ကတည်းက ပုံသေထားလို့ရတဲ့ ပုံစံမျိုးမဟုတ်တော့သလို Call ခေါ်လို့ရတဲ့ ပုံစံလည်း မဟုတ်တော့ပါဘူး။ App ကနေ သင်ပို့လိုက်တဲ့ Link တွေ၊ ပုံတွေကို Scan ဖတ်လို့ရနိုင်ပြီး၊ သံသယရှိပါက ကုမ္ပဏီကနေခန့်ထားတဲ့ Moderator ကနေ ဝင်ကြည့်လို့ရနိုင်ပါတယ်။ သင့်ရဲ့ကိုယ်ရေးအချက်အလက်တွေ၊ စာတွေ၊ ပုံတွေကို ကာကွယ်ချင်တယ်ဆိုရင်တော့ App ကို ဖျက်လိုက်ပါလို့ Tomascheck က ထပ်ပြောထားပါတယ်။ အခြားစာပို့ဖို့ App တစ်ခု ရှာနေတယ်ဆိုရင်တော့ Signal ဆိုတဲ့ App ကိုအသုံးပြုဖို့ Tomascheck က ထောက်ခံပေးထားပါတယ်။ Signal App ဟာ စာတွေကိုကုဒ်အဖြစ်ပြောင်းထားတာမို့ လုံခြုံစိတ်ချရတဲ့ App တစ်ခုဖြစ်ကြောင်း ပြောခဲ့ပါတယ်။

၇။ Flashlight Apps

အခမဲ့ Flashlight App တွေဟာ Cybersecurity အတွက် အလွန်အန္တရာယ်များတဲ့ App ဖြစ်ကြောင်း Consumer Privacy နဲ့ Security ကုမ္ပဏီတစ်ခုဖြစ်တဲ့ ExpressVPN ရဲ့ ဒုဥက္ကဋ္ဌ Harold Li က ပြောခဲ့ပါတယ်။ ဒီလို App မျိုးတွေဟာ အခမဲ့ရရှိနိုင်ပြီး အသုံးပြုတဲ့အခါ အသံဖမ်းနိုင်၊ Contact Information စတဲ့ ခွင့်ပြုချက်တွေကို တောင်းခံနိုင်ပါတယ်။ အသုံးပြုသူအနေနဲ့ App ကို Install လုပ်လိုက်ပြီဆိုတာနဲ့ App Developer ကနေ အသုံးပြုသူရဲ့အချက်အလက်တွေကို စောင့်ကြည့်နိုင်ပြီး ကြော်ငြာလုပ်ငန်းများကို အချက်အလက်တွေရောင်းချနိုင်ပါတယ်။ ဒီလို App မျိုးကိုဖျက်ပစ်ဖို့ Li က ထောက်ခံပေးထားပြီး၊ သင့်ဖုန်းမှာ အသုံးပြုနေတဲ့ Social Media App တွေ၊ Email အကောင့်တွေရဲ့Password တွေကို Update ပြုလုပ်ဖို့လည်းတိုက်တွန်းထားပါတယ်။ Hack ဖို့ခက်တဲ့ Password တွေကိုထားဖို့နဲ့ သင့်အနေနဲ့ ကုမ္ပဏီတွေဆီကိုစာရေးပြီး သင့်အချက်အလက်တွေကို ဖျက်ပစ်ဖို့ တောင်းဆိုနိုင်ပါတယ်။ အခု ၂၀၁၉ ခုနှစ်မှာဆိုရင် ဖုန်းတွေမှာ Flashlight တွေပါလာပြီဖြစ်ပြီး အခြားအခမဲ့ Flashlight တွေကို အသုံးပြုစရာမလိုတော့ကြောင်း ပြောခဲ့ပါတယ်။

၈။ Angry Bird

NSA ရဲ့အကြောင်းပြချက်ကို ထုတ်လွှင့်ပြီး အေဂျင်စီရဲ့စောင့်ကြည့်နည်းဗျူဟာများကို ဖော်ထုတ်တဲ့အခါ Angry Bird App ဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေး အချက်အလက်များကို ကောက်ယူနေကြောင်း Thomaschech က ပြောခဲ့ပါတယ်။ ဒီ App ဟာ အသုံးပြုသူများရဲ့ ဖုန်းနံပါတ်များ၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ၊ နေအိမ်၊ လက်ရှိတည်နေရာနဲ့ အိမ်ထောင်ရေးအခြေအနေတို့ကို အလွယ်တကူ ခိုးယူနေတာပဲ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ဒီဂိမ်းကိုဖုန်းထဲမှာ Install လုပ်ထားခဲ့တယ်ဆိုရင် သင့်အနေနဲ့ အကောင်းဆုံးလုပ်နိုင်တာကတော့ ဒီဂိမ်းကို ဖုန်းထဲကနေ ဖျက်ပစ်ခြင်းဖြစ်တယ်လို့ Tomascheck ကပြောခဲ့ပါတယ်။ ဒါပေမဲ့သူက Angry Birds App Developer များက သတင်းအချက်အလက်ပေါက်ကြားမှုအတွက် ခွင့်ပြုထားတဲ့ အားနည်းချက်ကို အရင်ကတည်းက ဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်လို့ထပ်ပြောခဲ့ပါတယ်။ တကယ်လို့ သင်ဟာ မဖျက်ပစ်ချင်ဘူးဆိုရင် အနည်းဆုံး App ကို နောက်ဆုံး Version ကို Update ပြုလုပ်သင့်ပါတယ်။

၉။ Zombie Mode

သင့်အနေနဲ့ Zombie ကူးစက်ခံထားရတယ်ဆိုရင်တော့ Zombie Mode App ကို ကျော်သွားလိုက်ပါလို့ Covington က ပြောခဲ့ပါတယ်။ သင် App ဟာ သင့်ရဲ့ အချက်အလက် အများအပြားကို ရယူနိုင်ပြီး Google အကောင့်၊ Gmail ရဲ့ Username နဲ့ Password စတာတွေကိုပါ ရယူနိုင်ပါတယ်။ ကြော်ငြာတွေကို အများအပြားထည့်ထားပြီး သူတို့အကျိုးစီးပွားအတွက် လုပ်ထားတာဖြစ်ပြီး အသုံးပြုသူကို တောက်လျောက် ဖိအားပေးနိုင်ပါတယ်။ ဒါဟာ သေးငယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒီလို Game App မျိုးတစ်ခုစီမှာ အသုံးပြုသူ ငါးသောင်းကျော်စီ ရှိပါတယ်။ ဒါကြောင့် ဒီလို Game မျိုးကို အသုံးပြုမယ်ဆိုရင် သေချာလေ့လာပြီး ပုံမှန်မဆော့ဖြစ်တဲ့ Game App မျိုးဆိုရင် ဖျက်ပစ်လိုက်သင့်ပါတယ်လို့ Covington ကထပ်လောင်း ပြောဆိုထားပါတယ်။ ဒီလို Game မျိုးတွေဟာ ဖျက်ပစ်လိုက်ရင်တောင်မှ သင့်ဖုန်းရဲ့နေရာကို ရယူနိုင်သလို Google အကောင့်ရဲ့ Password တွေကိုတောင် ပြောင်းပစ်နိုင်ပါတယ်။

၁၀။ DoorDash

Washington Post Investigation ကနေထုတ်ပြန်ချက်အရ DoorDash ဟာ အချက်အလက်ရယူမှုမှာ သတိပေးအဆင့်ရောက်ရှိခဲ့ပြီး အချက်အလက်တွေကို သူတို့ကဲ့သို့ အခြား Entites များနဲ့မျှဝေခဲ့တယ်လို့ ဖော်ထုတ်ခဲ့ပါတယ်။ သင့်အနေနဲ့ App ကို ဖွင့်လိုက်ပြီဆိုတာနဲ့ သင့်ရဲ့အချက်အလက်တွေကို အခြား Tracker ကိုးဦးဆီ ပို့ပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီ App ဟာ သင့်ရဲ့နာမည်၊ Email လိပ်စာ၊ ဆက်သွယ်ရန်လိပ်စာနဲ့ သင့်ဖုန်းရဲ့ Model ကိုပါ ရယူနိုင်ပါတယ်။ Facebook နဲ့ Google ရဲ့ ကြော်ငြာ Tracker များဟာ ဒီ App ကို အသုံးပြုကြပြီး သင် App ဖွင့်လိုက်တာနဲ့ ချက်ချင်းသိတာပဲ ဖြစ်ပါတယ်။ ဒီ App မျိုးကို ချက်ချင်းထုတ်ပယ်ဖို့ Tomascheck ကအကြံပြုထားပါတယ်။ တချို့ App တွေဟာ Uninstall Tracker တွေပါရှိပြီး App Developer အနေနဲ့ App ကို Unistall လုပ်တာနဲ့ သိနိုင်တာပဲ ဖြစ်ပါတယ်။ သင့်ဖုန်းကနေ အချက်အလက်တွေ မရနိုင်တော့ရင် တောင်မှ ကြော်ငြာတွေဟာ သင့်ဖုန်းမှာတက်နေမှာဖြစ်ပြီး နောက်တစ်ကြိမ် Download လုပ်အောင် ကြိုးစားနေမှာပဲဖြစ်ပါတယ်။

၁၁။ Children’s Apps

ငါတို့ဟာ ကလေးတွေကိုလည်း ချစ်ကြတယ်။ ဖုန်းတွေကိုလည်း ချစ်ကြတယ်။ ပြီးတော့ သူတို့ကို ဂိမ်းကစားတာ ခွင့်ပြုပေးတာဟာ မယုံနိုင်စရာကောင်းလောက်အောင် အာရုံစိုက်မှုရစေပါတယ်။ Barlow က ကလေးငယ်တွေရဲ့ Game App တွေနဲ့ပတ်သက်ပြီး Review မရှိတဲ့အခါ သတိထားသင့်တယ်လို့ ပြောခဲ့ပါတယ်။ ဒါအပြင် ကလေးများရဲ့ App များနဲ့ ဗီဒီယို၊ အသံ၊ အကြောင်း အရာများကို သိမ်းဆည်းထားပြီး ဘယ်အရာမဆို သတိ ထားသင့်ပါတယ်။ သင့်ကလေးရဲ့ App တွေ အသုံးပြုခြင်းကို ပညာရေး အထောက်အကူပြုစေရန် စစ်ဆေးသင့်ပါတယ်။

Every app, every time

App အကုန်လုံးကတော့ အန္တရာယ်အနည်း၊ အများရှိကြတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အသုံးပြုသူအနေနဲ့ ခွင့်ပြုချက်တောင်းခဲ့တဲ့ Permission တွေ၊ တည်နေရာတောင်း ခံမှုတွေ၊ ပုံတွေရယူနိုင်တဲ့ Permission တွေကို ဂရုပြုကြည့်ပြီး အသုံးပြုသင့်ပါတယ်။ သင့်ရဲ့အချက်အလက် တွေကို ရယူနိုင်တဲ့ App တွေကို အသုံးပြုရင်တော့ အဆင် ပြေမှာ မဟုတ်ပါဘူး။ တကယ်လို့ App မှာ Permission ကို ခွင့်မပြုဘဲ အသုံးပြုလို့မရတဲ့ App ဆိုရင်တော့ Uninstall လုပ်လိုက်တာအကောင်းဆုံးပဲ ဖြစ်ပါတယ်။