ကမ္ဘာကျော် Celebrity တွေထုတ်တဲ့ ယမကာ ၁၂ မျိုး

ယမကာဈေးကွက်ထဲမှာ ကမ္ဘာကျော်အနုပညာရှင်နဲ့ အားကစားသမားတွေထုတ်လုပ်ရောင်းချတဲ့ ယမကာပုလင်းတွေ အတော်များတော့ ဘယ်ဟာတွေကတကယ်ကောင်းတဲ့ အရည်အသွေးမြင့် ယမကာတွေဆိုတာမသိတော့ ရွေးချယ်ဖို့ခက်ခဲနိုင်ပါတယ်။ ယမကာအတော်များများက သင့်အတွက်အချိန်ကုန်ရကျိုးမနပ်စေသလို တချို့ကကျော်ကြားသူတွေက ကြော်ငြာပေးခြင်းမရှိရင် ဈေးကွက်မှာတာရှည်မခံနိုင်တဲ့ တော်သင့်ရုံအရည်အသွေးရှိတဲ့ ယမကာတွေဖြစ်ကြပါတယ်။တချို့ကတော့ နာမည်ကျော်ယမကာတွေနဲ့ ရင်ပေါင်တန်းနိုင်လောက်အောင်ကောင်းကြပါတယ်။

အဲဒီနောက်ဆုံးအမျိုးအစားယမကာ ၁၂ မျိုးကို ရွေးချယ်ထားတာကို ဖော်ပြပေးလိုက်ပါတယ်။ ဈေးနှုန်း ဒေါ်လာတစ်ရာထက်မပိုတဲ့ အဲဒီယမကာအားလုံးကို အွန်လိုင်းကနေ မှာယူလို့ရပါတယ်။

၁။ George Clooney ရဲ့ Casamigos Blanco Tequila

ရုပ်ရှင်မင်းသား ဂျော့ကလူးနီးဟာ Blanco နဲ့ Reposado ဆိုတဲ့ တီကီးလား (မက္ကဆီကန်အရက်) နှစ်မျိုးထုတ်လုပ် ထားရာ နှစ်မျိုးစလုံးသောက်ရတာ နူးညံ့ညက်ညောပါ တယ်။ Blanco ဟာ တခြားတီကီးလားတွေထက် ပိုပြီး သောက်ရတာ အဆင်ပြေတယ်။ Reposado ရဲ့ မီးသင်း သကြားအရသာလေးက ဒီအရက်ကိုပိုပြီးအရသာရှိသွားစေတယ်။

၂။ Rita Ora ရဲ့ Prospero Tequila Blanco

အမျိုးသမီးအဆိုတော် ရီတာအော်ရာဟာ မက္ကဆီကိုနိုင်ငံက ကမ္ဘာ့အကောင်းဆုံး အရက်ချက်သူတစ်ဦးဖြစ်တဲ့ စတယ်လာအင်ဂွင်းနိုးနဲ့လက်တွဲပြီး ဒီတကီးလားကို ဖန်တီးတာဖြစ်ပါတယ်။ ဒီအရက်ကို စိတ်ကြိုက်ရွေးချယ်ထားတဲ့ Agave ပင်ကိုလှော်ပြီး အကောင်းဆုံးရောစပ်မှုတွေ ထည့်ပေးထားပါတယ်။ ကမ္ဘာတစ်ဝန်းရှိ မိန်းမတွေသောက်ဖို့ မိန်းမတွေက ချက်ပေးထားတာဖြစ်လို့ ပုလင်းပုံသဏ္ဌာန်ကအစ ပုလင်းဘူးဆို့အထိ မိန်းမဆန်နေပြီး ဈေးကွက်မှာ တစ်မူထူးခြားနေပါတယ်။ ငှက်ပျောဖတ်ကလေးတွေနဲ့ ကပ်စေးနှဲအရသာမဆိုစလောက် ပါဝင်ပါတယ်။

၃။ Matthew McConaughey ရဲ့ Wild Turkey Long Branch Whiskey

ရုပ်ရှင်မင်းသား မက်ကောနဟေးဟာ ၂၀၁၆ ခုနှစ်ကစာပြီး , Wild Turkey ဝီစကီကြော်ငြာတွေပါဝင်ခဲ့ပြီးနောက်ပိုင်းတော့ သူကိုယ်တိုင် ဝီစကီထုတ်လုပ်တယ်။ ဒီဝီစကီကို အမေရိကန်အဖြူရောင်ဝက်သစ်ချသားစစ်ထုတ်နည်းနဲ့ တက္ကဆပ်ပြည်နယ်က မက်စကွိုက်မီးသွေးခဲရနံ့တွေထည့် ပေးထားကြပါတယ်။ မီးသင်းသကြားနဲ့ ကော်ဖီရနံ့တွေဟာ ချိုမြိန်တဲ့ပျားရည်နဲ့လိမ္မော်ရနံ့တွေနဲ့ လိုက်ဖက်လှပါတယ်။

၄။ NBA Players ရဲ့ Cincoro Blanco Tequila

နာမည်ကျော် အမေရိကန်အမျိုးသား ဘတ်စကက်ဘောသမားငါးဦးဖြစ်တဲ့ Michael Jordan ၊ Jamie Buss ၊ Wes Edens ၊ Emilia Fazzalari နဲ့ Wyc Grousbeck တို့ ပူးပေါင်း ထုတ်လုပ်တဲ့ တကွီးလားဖြစ်တယ်။ သောက်လိုက်ရင်လည်ပင်းပူစေတဲ့ အယ်ကိုဟောလ်မျိုးမပါဘဲ အရသာအထူးကောင်းတဲ့ Premium တကီးလားအမျိုးအစားဖြစ်ပါတယ်။ ဒီအရက်ဟာအကောင်းဆုံး တကီးလားစာရင်းထဲ မဝင်ပေမယ့် မေ့ပစ်လို့မရပါဘူး။ အခန်းတွင်း အပူချိန်မှာသောက်တဲ့အခါ ပန်းငရုတ်သီးစိမ်းနဲ့ ရှောက်ခါးသီးကြီးတို့ရဲ့ ရနံ့တွေကိုရရှိနိုင်ပါတယ်။

၅။ Kate Hudson ရဲ့King St. Vodka

ရုပ်ရှင်မင်းသမီး ကိတ်ဟတ်ဆန်ဟာ သူမလက်ထဲရှိတဲ့ ဗော့ဒ်ကာတွေကို အကြိုက်မတွေ့သလို အဲဒါတွေတစ်ခုမှ မိန်းမတွေ ဖန်တီးတာမဟုတ်မှန်းသိရတဲ့အခါ ကိုယ်တိုင်ဖန်တီးလိုက်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာဘာဘရာမြို့မှာချက်တဲ့ ဒီဗော့ဒ်ကာကို အယ်ကာလိုင်းရေဖြင့်ဖော်စပ်ပြီး စစ်မှန်မှုရှိဖို့ ခုနစ်ကြိမ်ပေါင်းခံပါတယ်။ ကစီဓာတ်လုံးဝမပါဘဲ GMO မျိုးဗီဇပြုပြင်ထားတဲ့ ဇီဝရုပ်လည်းလုံးဝမဟုတ်ဘူး။ ဒီဗော့ဒ်ကာရဲ့နာမည်က နယူးယောက်မြို့၊ မန်ဟက်တန်မြို့နယ်ကကိတ်ရဲ့ နေအိမ်ကို အစွဲပြုထားတာပါ။

၆။ Bob Dylan ရဲ့Heaven’s Door Straight Rye Whiskey

ရော့ခ်ဂီတပညာရှင်ကြီး ဒီလင်န်ရဲ့ရိုင်းစပါးဝီစကီဟာ ထူးချွန်ဆုရတဲ့သူ့ရဲ့ Heaven’s Door Spirits အရက်တွေအနက် အကောင်းဆုံးတစ်ခုဖြစ်ပါတယ်။ တစ်မူကွဲပြားတဲ့ ဝီစကီနဲ့ ရိုင်းစပါးအရသာတွေပါရှိတယ်။ ဒီဝီစကီကို ဝက်သစ်ချစည်ကြီးတွေထဲမှာထားရှိပြီး တောင်တန်းထူ ထပ်တဲ့ ပြင်သစ်ကျေးလက်ဒေသမှာ လေသလပ်ခံထားပါတယ်။ အရက်စသောက်ခါစလူတွေအတွက် အဆင်ပြေစေတဲ့ ဒီဝီစကီဟာလိမ္မော်ခွံ၊ ငရုတ်ကောင်းနဲ့ တရုတ်နံနံပင်ရနံ့လည်းပါရှိပါသေးတယ်။

၇။ Ryan Reynolds ရဲ့ Aviation Gin

ဒီဂျင်ကို အမေရိကန်နိုင်ငံအတွင်း အရက်ထုတ်လုပ်မှု ပိတ်ပင်ထားတဲ့ခေတ်က အပိတ်ခံရတဲ့ နာမည်ကြီးဂျင်တံဆိပ်နာမည်ကို အစွဲပြုပြီးတည်ထောင်တဲ့ အရက်ကုမ္ပဏီက ၂၀၀၆ ခုနှစ်မှာမိက်ဆက်ခဲ့တာပါ။၂၀၁၈ ခုနှစ်မှာ မင်းသားရိုင်ယန်းရေးနောလ်က အဲဒီကုမ္ပဏီမှာ ငွေအမြောက်အမြားရင်းနှီးမြှုပ်နှံပြီး သူ့သရုပ်ဆောင်တဲ့ တီဗီကြော်ငြာတွေနဲ့ ဈေးကွက်ထိုးဖောက်အရောင်းမြှင့်တင်ခဲ့ပါတယ်။ သင်ဟာ ဂျင်သောက်လေ့မရှိသလို လန်ဒန်ဒရိုင်းဂျင်မကြိုက်သူဖြစ်ရင် ဒီဂျင်ကသင့်အတွက် အဆင်ပြေပါလိမ့်မယ်။

၈။ Marilyn Manson ရဲ့ Mansinthe

ရော့ခ်ဂီတအဆိုတော် မယ်ရီလင်မင်ဆန်ဟာ Absinthe ခေါ် အစိမ်းရောင်အရက်ခါးတစ်မျိုးကို မှီငြမ်းပြီး ဖန်တီး တဲ့အရက်ကို သူ့နာမည်ပါအောင် Mansinthe လို့ မှည့် ထားပါတယ်။ စမုန်စပါးအရသာကဲတဲ့ အရက်ထဲမှာဆေးဖက်ဝင်အပင် Artemisia ပင်ရဲ့ ပန်းပွင့်တွေနဲ့ အရွက်တွေ ရောစပ်ထားပါတယ်။ Absinthe မှာ ပါဝင်တာ အားလုံးပါရှိပြီး အဲဒါကို ကြိုက်တဲ့လူတွေထဲမှာ အတော်လေးချီး မွမ်းခံရပါတယ်။

၉။ Drake ရဲ့ Virginia Black American Whiskey

R&B အဆိုတော် Drake ဟာ အဆင့်အတန်းရှိပြီး သိမ်မွေ့ကာ ခေတ်ဆန်သူဖြစ်သလို သူထုတ်လုပ်တဲ့ ဒီဝီစကီက လည်း သူ့လိုပဲဖြစ်ပါတယ်။ သုံးနှစ်နဲ့ လေးနှစ်သက်တမ်းရှိ ဝီစကီနှစ်မျိုးကို ရောစပ်ထားပြီး ရိုင်းစပါးပါဝင်မှုများပြား ပါတယ်။ ၈၀ Prat ရှိတဲ့ ဒီအမေရိကန်ဝီစကီအပျော့စားကို ပြည်သူလူထုအများစုအတွက် ထုတ်လုပ်ထားတာပါ။ ဒါကြောင့် ဝါရင့်ဝီစကီသောက်သူတွေနဲ့ ယေဘုယျ အရက် သောက်သူတွေလည်း နှစ်သက်ဖို့သေချာပါတယ်။

၁၀။ Dan Aykroyd နဲ့ John Alexander တို့ရဲ့ Crystal Head Vodka

ဒီဗော့ဒ်ကာကို ဖန်တီးခဲ့သူက ရုပ်ရှင်မင်းသားကြီး ဒင်အက်ခရွိုက်နဲ့ ပန်းချီဆရာဂျွန်အဲလက်ဇန္ဒားတို့ဖြစ်ပြီး ထူးချွန်ဆုပေါင်းများစွာရရှိထားပါတယ်။ ကနေဒါနိုင်ငံ၊ နယူး ဖောင်လန်ပြည်နယ်မှာ စက်ရုံတည်ရှိပါတယ်။ ရှောက်သံပရာအရသာကဲပြီး ငရုတ်ကောင်းအရသာက မဆိုစလောက်လေးပါရှိပါတယ်။ ဗင်နီလာ(သစ်ခွ) အရသာအနည်းငယ်ကြောင့် ချိုပြီး ခံတွင်းကိုနွေးထွေးစေပါတယ်။ နယူးဖောင်လန်ကျွန်းမှ သန့်ရှင်းလတ်ဆတ်တဲ့ရေဖြင့် အ ရည်အသွေးမြင့် မက်မုံ၊ ပြောင်းတို့ဖြင့် ပေါင်းခံကာ ဗော့ဒ် ကာအဖြစ် ဖျော်စပ်ပါတယ်။ ပြီးတော့ ခုနစ်ကြိမ်စစ်ထုတ်ရာမှာ သုံးကြိမ်ကို ကာတီးယေးစိန်အလွှာတွေနဲ့ စစ်ထုတ်ပါတယ်။ အဖြည့်ပစ္စည်းမပါဝင်တဲ့ ဇိမ်ခံသောက်စရာ ဗော့ဒ်ကာဖြစ်ပါတယ်။

၁၁။ Sean Combs (P.Diddy) ရဲ့ Ciroc Snap Frost Grape Vodka

Hip-hop ဂီတပညာရှင် P.Diddy ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေးဂိုးမြို့မှာ အခြေစိုက်တဲ့ Circo ဗော့ဒ်ကာ ကုမ္ပဏီပိုင်ရှင်ဖြစ်ပါတယ်။ ဗော့ဒ်ကာအ များစုကို အာလူး သို့မဟုတ် ဂျုံဖြင့်ထုတ်လုပ်ပြီး Ciroc ဟာ စပျစ်သီးဖြင့်ပြုလုပ်တဲ့ ကမ္ဘာ့ပထမဆုံးနဲ့ တစ်ခု တည်းသော ဗော့ဒ်ကာဖြစ်ပါတယ်။ စပျစ်သီးတွေကို မရောစပ်ခင်ငါးကြိမ်ပေါင်းခံပါတယ်။ ဒီဗော့ဒ်ကာ အတွက်သုံးတဲ့ စပျစ်သီးတွေဟာဆောင်းဦးရာသီနဲ့ ဆောင်းရာသီမှာ စပျစ်ပင်ပေါ်အေးခဲသွားတာကြောင့် Frost လို့ပါ နာမည်ပေးခြင်းဖြစ်တယ်။ ရေခဲပုံဆောင်ခဲတွေနဲ့ အချိုရည်ကိုထုတ်ယူဖို့ စပျစ်သီးကို အအေးခံပြီးဖိအားပေးရပါတယ်။ ဒါကြောင့် Grappa နဲ့ အရသာနီး စပ်တဲ့ ညက်ညောသပ်ရပ်ချိုမြိန်တဲ့အရသာထွက်ပါတယ်။ Ciroc ဟာ နာမည်ကျော်အနုပညာရှင်တစ်ဦးရဲ့ မူပိုင်ယမကာစာရင်းဝင်ဖြစ်ပြီး ယခုအထိ ဈေးကွက်မှာအကောင်းဆုံးယမကာတံဆိပ်တစ်ခု ဖြစ်နေတုန်းပါပဲ။

၁၂။ Justin Timberlake ရဲ့ Sauza 901 Silver Tequila

အဆိုတော်ဂျပ်စတင်တင်းဘားလိပ်ဟာ သူ့ရဲ့တေးချစ်ပရိသတ်တွေနဲ့ထိတွေ့ပြီး သူ့ရဲ့ဉာဏ်ကွန့်မြူးမှုကို သူ များတွေကို မျဝေပေးချေလို့ မက္ကဆီကိုမှ အကျော်ကြား ဆုံး တီကီးလားချက်လုပ်သူ Casa Sauza နဲ့ ပူးပေါင်းပြီး Sauza 901 ကို ထုတ်လုပ်ခဲ့ရာ ပူစပ်စပ်ခြောက်ကပ်ကပ် အရသာထွက်လာပါတယ်။ တီကီးလားအများစုကို နှစ် ကြိမ်ပေါင်းခံလေ့ရှိပေမယ့် ဂျပ်စတင်ရဲ့တီကီးလား ကိုတော့ သုံးကြိမ်ပေါင်းခံချက်ပါတယ်။ ငရုတ်ကောင်း အနက်နဲ့ Ggave အရသာအပြည့်ပါရှိကာ ရှောက်ခါးနဲ့ သံပရာအရသာနည်းနည်းစီ ပါဝင်ပါတယ်။ သို့တစေ သကြားအရသာ မဆိုစလောက်ထည့်ပေးထားလို့ မထင်မှတ်ထားတဲ့ ထူးခြားကွဲပြားတဲ့အရသာကို ခံစားကြရပါတယ်။

ဟိဏ်းကိုကို